Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

Spice Girls အဖွဲ့ ဖျော်ဖြေပွဲတွေကို ကြည့်ဖို့ ကလေးတွေကိုခေါ်သွားမယ့် Victoria Beckham

$
0
0

ဖက်ရှင်ဒီဇိုင်နာ Victoria Beckham ကတော့ သူမပါဝင်ဘဲ အခုနှစ်နှောင်းပိုင်းမှာ ကျင်းပမယ့် Spice Girls အဖွဲ့ရဲ့ နယ်လှည့်ဖျော်ဖြေပွဲတွေကို ကြည့်ဖို့ ကလေးတွေကို ခေါ်သွားမယ်လို့ သိရပါတယ်။

အသက် ၄၄ နှစ်အရွယ် ဖက်ရှင်ဒီဇိုင်နာဟာ အခုနှစ်အတွင်းပြုလုပ်မယ့် နယ်လှည့်ဖျော်ဖြေပွဲတွေမှာ အဖွဲ့ဝင်တွေနဲ့ အတူ ပြန်လည်ပေါင်းဆုံရမယ့်အခွင့်အရေးကို ပယ်ချခဲ့တာဖြစ်ပေမယ့် ဖျော်ဖြေပွဲတွေကို ကြည့်ဖို့ကိုတော့ သူက လက်လွှတ်မှာ မဟုတ်ပါဘူး။ Brooklyn, Romeo, Cruz, Harper တို့ကို ဖျော်ဖြေပွဲကြည့်ဖို့ ခေါ်သွားမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ထုတ်လွှင့်ခဲ့တဲ့ ‘Good Morning America’ အစီအစဉ်မှာ Victoria ပါဝင်ခဲ့ပါတယ်။

သူက “ကျမက Spice Girl နဲ့အတူ အမြဲတမ်းရှိနေပါတယ်။ ကျမသူတို့အတွက် ဂုဏ်ယူပါတယ်။ အကောင်းဆုံး ဖျော်ဖြေပွဲတခုဖြစ်လာမှာပါ။ ကျမကလေးတွေကို ခေါ်ပြီး သွားကြည့်ပါတော့မယ်။ ကျမရဲ့ စီးပွားရေးလုပ်ငန်းနဲ့ ဖျော်ဖြေပွဲမှာ မပါဝင်ခဲ့နိုင်ပါဘူး။ ပိုကံကောင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ အဲဒီမှာ ကျမလည်း သူတို့နဲ့အတူ ရှိနေမှာပါ” လို့ ပြောဆိုခဲ့ပါတယ်။

အခြားအဖွဲ့ဝင်တွေဖြစ်ကြတဲ့ Mel B, Mel C, Geri Horner နဲ့ Emma Bunton တို့နဲ့အတူ ဖျော်ဖြေပွဲမှာ ပါဝင်လာဖို့ မရှိတဲ့အကြောင်း ပြောဆိုခဲ့ပြီးနောက်ပိုင်း အခုလိုမျိုးအဖွဲ့နဲ့ ပတ်သက်ပြီး ပထမဆုံး ထုတ်ပြော ခြင်းဖြစ်ပါတယ်။ သူဟာ ဖက်ရှင်လုပ်ငန်းမှာပဲ အာရုံစိုကမှာဖြစ်ပြီး သီချင်းဆိုတဲ့ လုပ်ငန်းဘက်ကို ပြန်သွားဖို့ဆိုတော တော်တော်လေး အလှမ်းဝေး နေခဲ့ပြီလို့လည်းဆိုပါတယ်။

အဖွဲ့နဲ့အတူ ပြန်လည်ပေါင်းစည်းရေးမှာ မပါဝင်တော့ဖို့ ဆိုတာ ခက်ခဲတဲ့ ဆုံးဖြတ်ချက်လားဆိုတဲ့မေးခွန်းကိုတော့ သူက “မဟုတ်ပါဘူး။ ကျမအခုလုပ်နေတာ စိတ်ဝင်စားမှုနဲ့ အချိန်ပြည့်အလုပ်တခုပါ။ ကျမလည်း အဲဒါကို မြင်တွေ့ချင် နေပါတယ်။ ပြီးတော့ ကျမလည်း အဲဒီမှာရှိနေပြီး သူတို့လည်း စင်ပေါ်မှာ ရှိနေမှာပါ” လို့ဆိုခဲ့ပါတယ်။

Ref:contactmusic

The post Spice Girls အဖွဲ့ ဖျော်ဖြေပွဲတွေကို ကြည့်ဖို့ ကလေးတွေကိုခေါ်သွားမယ့် Victoria Beckham appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)