Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

Bird Box စိန်ခေါ်မှု လုပ်ဆောင်ခဲ့တဲ့ ဆယ်ကျော်သက်များ ယာဉ်တိုက်မှု ဖြစ်ပွား

$
0
0

Netflix မှာ ပြသခဲ့တဲ့ “Bird Box” ရုပ်ရှင်ကိုကြည့်ပြီး အဲဒီရုပ်ရှင်ထဲမှ ဇာတ်ကောင်များအတိုင်း ပြုလုပ်ခဲ့သူ တချို့ကတော့ ဒုက္ခလှလှ တွေ့သွားပြီ ဖြစ်ပါတယ်။ အကြောင်းကတော့ အမေရိကန်နိုင်ငံ၊ Utahပြည်နယ်က ဆယ်ကျော်သက် လူငယ်တစုဟာ သူတို့ရဲ့ ပစ်ကပ်ထရပ်ကားကို မျက်နှာ အဝတ်စည်းပြီးမောင်းနှင်ခဲ့လို့ မတော်တဆဖြစ်ခဲ့ရလို့ ဖြစ်ပါတယ်။

မင်းသမီး Sandra Bullock သရုပ်ဆောင်ထားတဲ့ “Bird Box” ရုပ်ရှင်ထဲမှာ မိခင်ဖြစ်သူဟာ သူ့ရဲ့ကလေးနှစ်ဦးနဲ့အတူ အန္တရာယ် ထူပြောတဲ့ မြစ်တစင်းထဲမှာ စုန်ဆင်းလာခဲ့ပြီး မြင်တာနဲ့ လူတွေကို သတ်ဖြတ်နေတဲ့ မကောင်းဆိုးရွား ရန်ကနေ ထွက်ပြေးလာကြတဲ့ ဇာတ်ဝင်ခန်း ပါဝင်ပါတယ်။

Layton ရဲဌာနရဲ့အဆိုအရ အသက် ၁၇ နှစ်အရွယ် ဆယ်ကျော်သက်တဦးဟာ သူ့ရဲ့ ဦးထုပ်ကို မျက်လုံးဖုံးအောင်အထိ ဆောင်းခဲ့တယ်လို့ ဆိုပါတယ်။ ယာဉ်မောင်းနေစဉ် အဲဒီလိုလုပ်ခဲ့တဲ့အတွက် တဖက်ခြမ်းကို လမ်းချော်သွားခဲ့ပြီး ကားတစီးကို တိုက်မိခဲ့တယ်လို့ ဆိုပါတယ်။ နာမည်ဖော်ပြမထားတဲ့ အဲဒီ အသက် ၁၆ နှစ်အရွယ် ဆယ်ကျော်သက်နဲ့ ကားပေါ်မှာ ပါဝင်ခဲ့သူတွေကတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာ မရခဲ့ပါဘူး။

အဲဒီ ဆယ်ကျော်သက်ဟာ “Bird Box Challenge” ကို လုပ်ဆောင်နေတာဖြစ်ပြီး ဘေးမှာပါတဲ့ သူ့ရဲ့ အပေါင်းအပါတွေက အဲဒီလိုမျိုး မျက်နှာအဝတ်စည်းပြီး ကားမောင်းနေပုံကို မှတ်တမ်းတင်နေခဲ့တာလို့ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

အဆိုပါ ဆယ်ကျော်သက်တွေကို ဖမ်းဆီးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်ကတော့ လမ်းမှာ အဲဒီလိုမျိုး လိုက်လုပ်တာဟာ အရမ်းအန္တရာယ်များတဲ့ အကြောင်းနဲ့ လူတိုင်းအဲဒီလို လုပ်ကြမှာကို စိုးရိမ်တဲ့အကြောင်း ပြောဆိုထားပါတယ်။ ဒါပေမဲ့ အခုလိုမျိုး မတော်တဆမှုဖြစ်ရတာဟာ မျက်နှာကို အဝတ်စည်းထားလို့ ဆိုတဲ့ မှတ်ချက်ကိုတော့ ဖော်ပြမထားပါဘူး။

ကားမောင်းခဲ့တဲ့ အဆိုပါ ဆယ်ကျော်သက်ဟာ အဆင်ခြင်မဲ့ ယာဉ်မောင်းမှုနဲ့ တရားစွဲခံရမှာဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာပဲ အဲဒီစိန်ခေါ်မှုကို လုပ်ဆောင်ခြင်း မပြုကြဖို့ ပရိသတ်တွေကို Netflix က တိုက်တွန်းထားပါတယ်။

ဆက်စပ် သတင်းလင့်ခ် – “Bird Box” စိန်ခေါ်မှု မလုပ်ကြဖို့ Netflix သတိပေး

Ref: asiaone

The post Bird Box စိန်ခေါ်မှု လုပ်ဆောင်ခဲ့တဲ့ ဆယ်ကျော်သက်များ ယာဉ်တိုက်မှု ဖြစ်ပွား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ