Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အလွန်အမင်း အလုပ်လုပ်တဲ့သူတွေအတွက် သီချင်းတပုဒ် ဖန်တီးထားတဲ့ နီနီခင်ဇော်

$
0
0

အနုပညာသက်တမ်း ၁၀ နှစ်ကျော် ရှိလာပြီဖြစ်တဲ့ အဆိုတော် နီနီခင်ဇော်ကတော့ ပရိသတ်အတွက် အမြဲတမ်း မရိုးနိုင်တဲ့ သီချင်းအသစ်တွေကို ဖန်တီးသီဆိုလေ့ ရှိပြီး ထပ်မံ ထွက်ရှိလာမယ့် သူမရဲ့ ၄ခွေမြောက် တကိုယ်တော်အခွေမှာတော့ Workaholic များအတွက် ကိုယ်တိုင် ဖန်တီးထားတဲ့သီချင်းတပုဒ် ပါဝင်ထားတယ်လို့ ပြောပါတယ်။

“ထူးခြားစွာအနေနဲ့ အခုမြို့ပြတွေမှာရော နယ်တွေမှာရော လူတွေအကုန်လုံးက အလုပ်လုပ်တယ်။ မနက်မိုးလင်းတာနဲ့ အလုပ်သွား၊ ပြန်လာတာနဲ့ ထမင်းစားပြီးတော့ အိပ်သွားရော အဲဒီလိုမျိုး Workaholic တွေ အတွက် နီနီကိုယ်တိုင် ရေးထားတဲ့ ပျော်စရာကောင်းတဲ့ သီချင်းလေးတပုဒ် ပါတယ်။ ကိုယ်တိုင်လည်း အဲဒီလိုပဲ။ သောကြာနေ့ကျရင် တညလုံး ကမယ်ပေါ့။ ပေါ့ပေါ့ပါးပါးနဲ့ လွတ်ထွက်နေတဲ့ Party Theme တပုဒ်ပါတယ်”လို့ နီနီခင်ဇော်က ပြောပါတယ်။

သူမရဲ့ ၄ခွေမြောက် တကိုယ်တော်အခွေကိုတော့ ၅လပိုင်းမှာ ပရိသတ်လက်ထဲ ထည့်ဖို့အတွက် စီစဉ်ထားပြီး ၃လပိုင်းမှာတော့ တတိယမြောက် တကိုယ်တော်အခွေဖြစ်တဲ့ “U” အခွေရဲ့ DVD ထွက်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

အဆိုတော် နီနီခင်ဇော် (ဓာတ်ပုံ – Ni Ni Khin Zaw’s Facebook)

“၃ လပိုင်းကျရင် U Album DVD ထွက်ပါမယ်။ ၅ လပိုင်းကျရင် ၄ ခွေမြောက် တကိုယ်တော်အခွေ ထွက်ပါမယ်။ ကိုယ်တိုင်ရေး သီချင်းကတော့ ၃ ပုဒ် ၄ ပုဒ်လောက် ပါမယ်။ မျှော်လင့်တိုင်းသာ ပေါက်မယ်ဆိုရင် တခွေလုံးကို ပေါက်ပါစေလို့ မျှော်လင့်မှာပေါ့။ ဒါပေမဲ့ မျှော်လင့်တိုင်းက မဖြစ်ပါဘူး။ မျှော်လင့်ချက်တွေ ဘာတွေ တအားကြီး မထားပါဘူး။ သီချင်းလေးတွေ လုပ်တယ်။ ပရိသတ်ကြိုက်သွားတယ်။ ပျော်စရာ ကောင်းသွားတာပေါ့”လို့ နီနီခင်ဇော်က ပြောပါတယ်။

နီနီခင်ဇော်ကတော့ သီချင်းအသစ်များကို ဖန်တီးနေရုံသာမက ကိုယ်တိုင် သရုပ်ဆောင်ထားတဲ့ Music Video များကိုလည်း ဖန်တီးလေ့ ရှိပြီး နီနီခင်ဇော်ဆိုပြီး ယနေ့ထိ ရပ်တည်လာနိုင်တဲ့ အကြောင်းအရာများကိုလည်း အခုလို ပြောပြခဲ့ပါတယ်။

“ကံကတော့ နံပါတ် ၁ ကြိုးစားမှုလည်း ပါသလို ပရိသတ်အားပေးမှုရယ် ပရိသတ် အားပေးတယ်ဆိုတာကလည်း ကိုယ်ကလည်း ပရိသတ်ကို ပေးတယ်။ ပရိသတ်ကလည်း ကိုယ့်ကို ချစ်ခြင်းမေတ္တာပြန်ပေးတယ်။ ပရိသတ်နဲ့ အပေးအယူမျှလို့လို့ ထင်ပါတယ်”လို့ နီနီခင်ဇော်ကပြောပါတယ်။

မကြာခင်ရက်ပိုင်းက ကျင်းပပြုလုပ်ခဲ့တဲ့ City FM Radio ရဲ့ ၁၇ နှစ်ပြည့်ပွဲမှာလည်း ၂၀၁၈ ခုနှစ်အတွက် ရေပန်းအစားဆုံး အမျိုးသမီး တေးသံရှင်ဆုကို ရရှိခဲ့ပါတယ်။ နီနီခင်ဇော်ကတော့ Melody World သီချင်းဆိုပြိုင်ပွဲကတဆင့် ပရိသတ်ချစ်တဲ့ အဆိုတော် တယောက် ဖြစ်လာခဲ့ပြီး “မာရီယို” ၊ “Super Red” ၊ “U” ဆိုတဲ့ တကိုယ်တော်အခွေများ ထွက်ရှိထားပါတယ်။

The post အလွန်အမင်း အလုပ်လုပ်တဲ့သူတွေအတွက် သီချင်းတပုဒ် ဖန်တီးထားတဲ့ နီနီခင်ဇော် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)