Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဗီဒီယိုဇာတ်ကားတွေ ပျက်သုဉ်းနေပြီလို့ ပြောတဲ့အတွက် စိတ်မကောင်းဖြစ်နေတဲ့ ဂွမ်းပုံ

$
0
0

ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ကျရာဇာတ်ရုပ်တွေကို ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ ဝါရင့်သရုပ်ဆောင် တက္ကသိုလ် ဂွမ်းပုံက ဗီဒီယိုဇာတ်ကားတွေ ပျက်သုဉ်းနေပြီလို့ ပြောတဲ့ အချိန်မှာ တချို့ ဇာတ်ပို့ သရုပ်ဆောင်တွေ နားနေရတယ်လို့ ကြားတဲ့အတွက် စိတ်မကောင်းဘူးလို့ ဆိုပါတယ်။

“တီဂွမ်းကိုယ်တိုင် ဗီဒီယိုတွေများစွာ ရိုက်ခဲ့ရတယ်။ ဗီဒီယိုဟာ မဂွမ်းတို့ အတွက် အသက်သွေးကြောလို့လည်း ပြောလို့ရတယ်။ အဲ့တော့ ဗီဒီယို နည်းသွားပြီ။ ပျက်သုဉ်းနေပြီလို့ ပြောတဲ့အချိန်မှာ တချို့တွေ နားနေရတယ်ပြောတဲ့ အချိန်မှာ စိတ်မကောင်းဘူး။ ကိုယ်သည် ကိုယ်ချင်းစာ နားလည်မှု ဖြစ်တယ်။ ကိုယ်တိုင် ဖြစ်ခဲ့မယ်ဆိုရင်လည်း တုန်လှုပ်ချောက်ချားမှာပဲ”

“မိသားစုကို ဒါလေးနဲ့ ရမှ ကျွေးနေရသူတွေအတွက် အရမ်းအခက်အခဲ ဖြစ်ပါတယ်။ ဗီဒီယိုတွေ ရိုက်ဖို့ အတွက် အားလုံးလုပ်ဆောင်ရင်တော့ မဂွမ်းလည်း မဆိုင်းမတွ ပါဝင်မှာပါ”လို့ တက္ကသိုလ် ဂွမ်းပုံက ပြောပါတယ်။

အနုပညာလောကမှာ လုပ်ကိုင်နေတာ နှစ် ၃၀ ကျော် သက်တမ်းကြာနေပြီဖြစ်တဲ့ တက္ကသိုလ်ဂွမ်းပုံကတော့ အနုပညာသမားဆိုတာ ဝေဖန်တာခံနိုင်ရမှာဖြစ်ပြီး အနုပညာဆိုတာ အနုစိတ်သော ပညာဖြစ်တဲ့အတွက် အောင်မြင်ကျော်ကြားချင်ရင် တကယ်ကြိုးစားမှ ရမှာလို့ သူက ဆိုပါတယ်။

“အနုပညာသမားဆိုတာ ဝေဖန်တာ ခံနိုင်ရမယ်လေ။ ကြိုးစားရမယ့် တာဝန်က ကိုယ့်တာဝန်။ မဂွမ်းတို့က တော့အနုပညာ လောကထဲမှာ အနှစ် ၃၂ နှစ်လောက် ရှိပြီ။ ကိုယ်လုပ်တဲ့ အလုပ်ပေါ်မှာ သစ္စာရှိရမယ်။ ကိုယ်တတ်နိုင်သလောက် ကြိုးစားရမယ်။ အနုပညာလောကမှာ အောင်မြင်မှုကို လိုချင်ရင် ကံ၊ ဉာဏ်၊ ဝိရီယနဲ့ ပါရမီ ဓာတ်ခံ၊ စန်းပေါ့။ ဒါတွေ မရှိဘဲနဲ့ ရုပ်ချောလို့လည်း မရပါဘူး။ ပိုက်ဆံရှိလို့လည်း မရပါဘူး”လို့ ဂွမ်းပုံက ပြောပါတယ်။

“အနုပညာဆိုတာ အနုစိတ်သော ပညာဖြစ်တဲ့အတွက် ကြည့်ရင် လွယ်တယ်။ တကယ်လုပ်ကြည့်ရင် ခက်ခဲတဲ့ ပညာတရပ်ပါ။ ဒါကြောင့် အောင်မြင် ကျော်ကြားချင်ရင် တကယ်ကြိုးစားမှ ရမှာပါ”လို့ သူက ဆိုပါတယ်။

ဆက်လက်ပြီး တက္ကသိုလ်ဂွမ်းပုံက လတ်တလောမှာ ဇာတ်ကားတွေ ရိုက်နေပြီး မကြာခင် ကျင်းပတော့မယ့် ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီပေးပွဲအပေါ် အမြင်ကိုလည်း အခုလိုပဲ ဆိုပါတယ်။

“မဂွမ်း လတ်တလော ဇာတ်ကားတွေ ရိုက်နေတယ်။ အကယ်ဒမီ ၈၃ ကားထဲမှာ မဂွမ်းတို့ ကားတွေ မပါဘူး။ တကယ်တော်တဲ့သူတွေ၊ တတ်တဲ့သူတွေ ရမှာပါ။ အကယ်ဒမီ စည်းမျဉ်းနဲ့ ကိုက်ညီသူတွေ ရကြမှာပါ။ အကုန်လုံးကလည်း တော်တော့ အကုန်လုံး ရစေချင်တယ်။ မဂွမ်း ကိုယ်တိုင်ကလည်း ဇာတ်ပို့ အနေနဲ့ အကယ်ဒမီ ရခဲ့တာဆိုတော့ တကယ်တော်ပြီး ရဖို့အတွက် ကံနဲ့ လွဲနေတာလေးတွေ ရှိတယ်။ ဇာတ်ပို့စစ်တွေ ရရင်တော့ ပိုပျော်ရမှာပေါ့”လို့ ဂွမ်းပုံက ပြောပါတယ်။

ဝါရင့် ဇာတ်ပို့သရုပ်ဆောင် တက္ကသိုလ် ဂွမ်းပုံကတော့ မြန်မာ့ရုပ်ရှင်ဇာတ်ကား အဖြူ အမည်း ခေတ်ကတည်းက အနုပညာအလုပ်တွေကို လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ တက္ကသိုလ် ဂွမ်းပုံက ၂၀၁၅ ခုနှစ်အတွက် “အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု” ကို “ဤအရာကို အချစ်ဟု ခေါ်သလား” ရုပ်ရှင်နဲ့ ရရှိခဲ့ပါတယ်။

The post ဗီဒီယိုဇာတ်ကားတွေ ပျက်သုဉ်းနေပြီလို့ ပြောတဲ့အတွက် စိတ်မကောင်းဖြစ်နေတဲ့ ဂွမ်းပုံ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ