Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“အကယ်ဒမီ ဂယက်က ဒီနှစ်မှာ ပိုရှိနိုင်တယ်”

$
0
0

၂ဝ၁၈ ခုနှစ်အတွက် အကောင်းဆုံး မြန်မာ့ရုပ်ရှင် ထူးချွန်ဆု (အကယ်ဒမီ) ချီးမြှင့်ပွဲ အခမ်းအနားကို မတ် ၂၃ ရက်နေ့၊ ရန်ကုန်မြို့၊ ရွှေထွဋ်တင်ဝင်းမှာ ပြုလုပ်သွားမှာ ဖြစ်ပြီး ရုပ်ရှင်ထူးချွန်ဆု ၁၁ ဆုကနေ ၁၃ ဆုကြား ပေးအပ်သွားမယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောပါတယ်။

”ကျင်းပမယ့် ရက်ကတော့ မတ်လ ၂၃ ရက်ပါ။ ကျနော်တို့ ရွှေထွဋ်တင်ဝင်းမှာ ကျင်းပဖို့ အကြမ်းဖျဉ်း ယာယီ လျာထားပါတယ်။ သို့သော် ဒီထက် ပိုမိုပြီးတင့်တယ်တဲ့၊ ဒီထက်ပိုမိုပြီး အဆင်ပြေစွာ ခမ်းနားစွာကျင်းပနိုင်မယ့် နေရာတခုကိုလည်း ကြိုးစားနေဆဲ ဖြစ်ပါတယ်။ ရရှိပြီး သေချာပြီဆိုမှ အသိပေးမှာဖြစ် ပါတယ်။ ၁၁ ဆုကို အဓိကထား ချီးမြှင့်မှာ ဖြစ်ပါတယ်”လို့ ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောပါတယ်။

ဒါ့အပြင် မနှစ်က စတင် ချီးမြှင့်ခဲ့တဲ့ ရုပ်ရှင် တသက်တာဆုကို ဒီနှစ်မှာလည်း သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ ပုဂ္ဂိုလ်ရှိရင် ချီးမြှင့်သွားမယ်လို့ သိရပါတယ်။ ထို့အတူ အထူးဆုအနေနဲ့ မူလသတ်မှတ်ထားတဲ့ ဆု ၁၁ ဆု ထဲမှာ မပါဝင်တဲ့ မိတ်ကပ်၊ အဝတ်အစား၊ ကလေးသရုပ်ဆောင် စသဖြင့် အဲဒီ ပညာရပ်တွေထဲက ထူးထူးချွန်ချွန် ရှိလာခဲ့ရင်လည်း အထူးဆု ၁ ဆု ချီးမြှင့်ပေးသွားဦးမယ်လို့ ဦးဇင်ဝိုင်းက ဆိုပါတယ်။

“ထူးချွန်ဆု ရရှိသူ တဦးချင်းကို အကယ်ဒမီ ရွှေစင်ရုပ်တုနဲ့ ငွေသားဆု ချီးမြှင့်မှာ ဖြစ်ပါတယ်။ ရွှေစင်ရုပ်တုရဲ့ထိပ်မှာပါတဲ့ ကြယ်ပွင့်ကို ယခင်နှစ်တွေမှာ ရွှေသားစစ်စစ် ၂ ကျပ်သားနဲ့ ပြုလုပ်ခဲ့တာ ဖြစ်ပေမယ့် ဒီနှစ်မှာတော့ ရွှေသား ၅ ကျပ်သားနဲ့ ပြုလုပ် ချီးမြှင့်မှာ ဖြစ်ပါတယ်”လို့ ဦးဇင်ဝိုင်းက ပြောပါတယ်။။


ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ရေး ကော်မတီကို ရုပ်ရှင်အနုပညာရှင်၊ အတတ်ပညာရှင် ၄၀ ဦး ပါဝင်ဖွဲ့စည်းထားပြီး အဆိုပါ အဖွဲ့က ၂၀၁၈ ခုနှစ်အတွင်း ရုံတင်ပြသခဲ့တဲ့ ဇာတ်ကားများကို အကဲဖြတ် ကြည့်ရှုလျက် ရှိပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား စုစုပေါင်း ၈၃ ကား ရှိတယ်လို့ သိရပါတယ်။

အဆိုပါ ဇာတ်ကားများကို အကဲဖြတ်အဖွဲ့ဝင်များက တပတ်မှာ ၅ ရက် ကြည့်ရှု အကဲဖြတ်ခဲ့ရာ ဇန်နဝါရီလပိုင်းကစလို့ တပတ်မှာ ၆ ရက်အထိ ဇာတ်ကားများ ကြည့်ရှုနေတယ်လို့ သိရပါတယ်။

“၂၀၁၈ ခုနှစ်အတွက် ၈၃ ကားကို အကဲဖြတ်လူကြီး အယောက် ၄၀နဲ့ ကြည့်ရှုနေပါပြီ။ အခုဆို ကား ၄၀ လောက်ကြည့်ရှုပြီး ဖြစ်ပါတယ်။ ၈၃ သုံးကားလုံး ပြီးရင် ဒုတိယတခေါက် ကြည့်ရှုပါလိမ့်မယ်။ ပြီးရင် တတိယတခေါက် ထပ်မံ ကြည့်ရှုပါလိမ့်မယ်။ အမှန်တရားနဲ့ ပိုမို အနည်းစပ်ဆုံး တရားအမျှတဆုံး ဖြစ်အောင် ကြိုးစားထားကြပါတယ်”

“အကယ်ဒမီမှာ ဂယက်ကတော့ ရှိမှာပါပဲ။ ဒီနှစ် ပိုရှိနိုင်တယ်။ ဘာလို့လဲဆိုတော့ ကောင်းတဲ့ကားတွေရှိနေတဲ့အတွက် ပိုတောင် ရှိပါလိမ့်မယ်။ ဇင်ဝိုင်းနဲ့ မောင်ဌေးမှာ ဇင်ဝိုင်းရသွားရင် မောင်ဌေး ပရိသတ်တွေက မကျေနပ်ဖြစ်မှာပဲ။ အဲ့လိုပဲ မောင်ဌေး ရသွားရင်လည်း ဇင်ဝိုင်း ပရိသတ်တွေက မကျေနပ်ဖြစ်မှာပဲ။ ဒီအတွက် တုန်လှုပ်လို့တော့ မရပါဘူး”လို့ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောပါတယ်။

ဆက်လက်ပြီး “ကျနော်တို့ လုပ်နိုင်တာက ကျနော်တို့ ရွေးချယ်လိုက်မှုသည် ဘယ်လောက် အမှန်တရားနဲ့ နီးစပ်မလဲ။ ဘယ်လောက် တရားမျှတမှုရှိမလဲ။ ဒီအတွက်လည်း ကျနော်တို့ ကြိုတင်ပြင်ဆင်ပါတယ်”လို့ ဦးဇင်ဝိုင်းက ဆိုပါတယ်။

မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကယ်ဒမီကို ၁၉၅၂ ခုနှစ်မှ စတင်ချီးမြှင့်ခဲ့ရာ ယခုအကြိမ်ဟာ ၆၃ ကြိမ်မြောက်ဖြစ်ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ၂ဝ၁၄ ခုနှစ်မှ စတင် တာဝန်ယူ ကျင်းပခဲ့ရာ ယခုနှစ်ဟာ (၅) ကြိမ်မြောက် ကျင်းပခြင်း ဖြစ်ပါတယ်။

The post “အကယ်ဒမီ ဂယက်က ဒီနှစ်မှာ ပိုရှိနိုင်တယ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)