Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

Running Man အစီအစဉ်မှာ လီဂွမ်ဆူတို့စုံတွဲကို ချစ်စနိုး နာမည်ပြောင်ပေးလိုက်တဲ့ ယူဂျယ်ဆော့

$
0
0

ဒီတပတ် ထုတ်လွှင့်ပြသတော့မယ့် Running Man အစီအစဉ်ကတော့ စိတ်လှုပ်ရှား ရင်ခုန်စရာဖြစ်လာမယ်လို့ ပရိသတ်တွေ မျှော်လင့်နေကြပါတယ်။ အကြောင်းရင်းကလည်း သစ်ကုလားအုပ်လို့ ချစ်စနိုးခေါ်ကြတဲ့ လီဂွမ်ဆူရဲ့ အချစ်ရေးသတင်းတွေအကြောင်းကို ကြားသိရမယ့် အထူးစပါရှယ် တွေ့ဆုံပွဲလေးလည်း ပါဝင်လို့ပါ။

ဇန်နဝါရီလ ၁၃ ရက်နေ့ ထုတ်လွှင့်ပြသတော့မယ့် Running Man အပိုင်းသစ်မှာ မင်းသမီး လီဆူဘင်နဲ့ ချစ်သူတွေ ဖြစ်နေကြတဲ့ လီဂွမ်ဆူသတင်းကို တွဲဖက်အဖွဲ့ဝင်တွေ အမျိုးမျိုး ထင်ကြေးပေးကြတော့မှာပါ။ အစီအစဉ် အဖွင့်မှာတင် ပရိသတ်တွေ အံ့သြသွားအောင် လီဂွမ်ဆူရဲ့ သတင်းနဲ့ စတင်မယ့် တွေ့ဆုံပွဲလေး စီစဉ်ထားပါတယ်။

ဒီတွေ့ဆုံပွဲမှာ လီဂွမ်ဆူဟာ တခြား အဖွဲ့ဝင်တွေ မေးမယ့် မေးခွန်းတွေကို ဖြေဆိုပေးရတော့မှာပါ။ ဒါကြောင့်လည်း သူက “Dating သတင်းထွက်ပြီး အကြောက်ဆုံးအချိန်ကတော့ ဒီတပတ် သောကြာနေ့ပါပဲ။ တခါမေးရင် တယောက်ကို တခုစီပဲမေးကြပါ”လို့ ဆိုပါတယ်။

တွေ့ဆုံပွဲမှာ ယူဂျယ်ဆော့ကတော့ လီဂွမ်ဆူတို့ စုံတွဲအတွက် ချစ်စနိုးနာမည်ပြောင်လေး ပေးခဲ့ပါသေးတယ်။ ၂ ယောက်လုံးရဲ့ မျိုးရိုးနာမည်တွေက Lee ဖြစ်တာကြောင့် “Ri-Ri Couple” ကိုရီးယားလို ထာဝရအချစ်များစွာ အဓိပ္ပာယ်နဲ့ ပေးခဲ့တာလို့ ရှင်းပြနေချိန်မှာ လီဂွမ်ဆူကတော့ ရှက်ပြုံးပြုံးပြီး ခေါင်းတောင် မဖော်နိုင်ပါဘူး။

ဆက်ပြီး ယူဂျယ်ဆော့က လီဂွမ်ဆူရဲ့ အရင်းနှီးဆုံးသူငယ်ချင်း ဆောင်ဂျွန်ကီနဲ့ ဆောင်ဟေဂို (song song couple) စုံတွဲနဲ့အပြိုင် Ri Ri Couple ပေါ်ထွက်လာပြီလို့ မှတ်ချက်ပြုလိုက်တဲ့ စကားကို အကုန်လုံးက သဘောကျ ရယ်မောခဲ့ကြပါတယ်။

လီဂွမ်ဆူနဲ့ လီဆူဘင်းတို့ရဲ့ Dating သတင်းကို ၂၀၁၈ ခုနှစ်နောက်ဆုံးရက် ဒီဇင်ဘာ ၃၁ ရက်က တရားဝင်ထုတ် ပြန်ခဲ့တာပါ။ Running Man အစီအစဉ်ကတဆင့် ခင်မင်သွားရာက ၂၀၁၈ ခုနှစ်ထဲမှာ ချစ်သူတွေဖြစ်သွားခဲ့ကြပြီး ချစ်သူသက်တမ်း ၅ လရှိပြီလို့ ဆိုပါတယ်။

ကြိုတင်ရိုက်ကူးထားတဲ့ လီဂွမ်ဆူသတင်းတွေနဲ့ ရယ်မောပျော်ရွှင်ရမယ့် Running Man အပိုင်းသစ်ကို SBS ရုပ်သံလိုင်းကနေ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ထုတ်လွှင့်ပြသပေးသွားမှာ ဖြစ်ပါတယ်။

Ref: Soompi

The post Running Man အစီအစဉ်မှာ လီဂွမ်ဆူတို့စုံတွဲကို ချစ်စနိုး နာမည်ပြောင်ပေးလိုက်တဲ့ ယူဂျယ်ဆော့ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


TTA Oreo Gapp Installer


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ပင်လုံကျောက်တိုင်မှသည် ငြိမ်းချမ်းရေးကျောက်တိုင်ဆီသို့ (ကျော်သူ)


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link