Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“ကော်ပီဆိုရင် ဘယ်ကော်ပီမှ အားမပေးပါဘူး”လို့ ဇဏ်ခီပြော

$
0
0

မြန်မာရုပ်ရှင်ဇာတ်ကားများက နိုင်ငံခြားကားများကို ကော်ပီ ယူပြီး ပြန်လည်ရိုက်ကူးတာနဲ့ ပတ်သက်ပြီး လတ်တလောမှာ ဝေဖန်မှုများ ဖြစ်ပေါ်လျက်ရှိတဲ့အပေါ် သရုပ်ဆောင် ဇဏ်ခီကတော့ ကော်ပီဆိုရင် ဘယ်ကော်ပီမှ အားမပေးဘူးလို့ ပြောပါတယ်။

“ကော်ပီဆိုရင် ဘယ်ကော်ပီမှ အားမပေးပါဘူး။ ရုပ်ရှင်ပိုင်းရော ဂီတပိုင်းရော ပုံဆွဲတာရော ရှိသမျှ နောက်ဆုံးကျောင်းမှာ စာစီစာကုံး ရေးတာကအစ တခြားသူဆီက ကူးယူတာတို့ ဆရာမပြောတဲ့ အတိုင်းရေးချတာတို့ လုံးဝ အားမပေးဘူး။ Copy ကတော့ ဟောလိဝုဒ်မှာဆိုရင် ကိုရီးယားကားပြန်ရိုက်တာတို့ တရုတ်ကား ပြန်ရိုက်တာတို့ ရှိတယ်”

“ဒါပေမဲ့ သူတို့က ဒီကားကြိုက်လိုက်တာဆိုပြီး ပြန်ယူရိုက်လိုက်တာ မဟုတ်ဘူး။ Film Maker၊ Production ကို ချဉ်းကပ်တယ်။ ကျသင့်ငွေကို ပေးပြီးတော့မှ ပြန်ရိုက်တာ။ အဲဒီလိုမျိုး ဆိုရင်တော့ ကျနော့်အနေနဲ့ ဘာမှမပြောဘူးပေါ့။ ဒါပေမဲ့ ဒီကားကြိုက်တယ်။ ဒီပုံစံလေး ယူရိုက်မယ် ဆိုတာတော့ မကောင်းဘူး။ သီချင်းလိုပဲပေါ့။ ဒီသီချင်း ကြိုက်တယ်။ ဗမာစာသားသွပ်ပြီး ဆိုကြမယ်ဆိုပြီး ဆိုတာမကောင်းဘူးပေါ့။ ကျနော့်အနေနဲ့ကတော့ အားမပေးပါဘူး”လို့ ဇဏ်ခီက ပြောပါတယ်။

အခုချိန်မှာ မြန်မာကားမကြည့်တဲ့ ပရိသတ်များအနေနဲ့လည်း ပြန်လည်စိတ်ဝင်စားလာကြတဲ့အတွက် အဲဒီအခွင့်အရေး ကို လက်လွတ်မခံသင့်ဘဲ ပိုကောင်းအောင် ရိုက်သင့်တယ်လို့လည်း ဆိုပါတယ်။

“ကျနော်ကတော့ Forward Moving ပဲ ကြိုက်တယ်။ ရှေ့ဆက်သွားမယ်။ ယုံကြည်နေတာကတော့ ပိုကောင်းလာလိမ့်မယ်။ ကျနော်တို့ ဥပါယ်တံမျဉ် မထွက်ခင်က ကျနော် ပြောသလိုပေါ့။ မြန်မာကား မကြည့်တဲ့လူဦးရေက တော်တော့်ကို များတယ်”

“သူတို့သာရုံထဲ ပြန်ရောက်လာရင် အရင်က အေဝမ်းတို့ခေတ်က အတိုင်းပဲ ပြန်ပြီး ဦးမော့လာလိမ့်မယ်။ အခုဆိုရင်လည်း မကြည့်တဲ့သူတွေ ရုံထဲပြန်ရောက်လာပြီဆိုတော့ အဲဒီအခွင့်အရေးကို လက်လွတ်မခံသင့်ဘူး။ သူတို့ကို ပိုပြီးတော့ ဆွဲဆောင်နိုင်ရမယ်”လို့ ဇဏ်ခီက ပြောပါတယ်။

လတ်တလောမှာလည်း တတိယမြောက် ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ “ထာဝရနှောင်ကြိုး”ကို အကောင်းဆုံးဖြစ်အောင် ကြိုးစားလျက်ရှိပြီး ၅ ပုံ ပုံတပုံလောက်တော့ ပြီးသွားပြီလို့ သိရပါတယ်။

“လောလောဆယ်ကတော့ သေချာအာရုံနစ်ပြီး လုပ်နေကြတာတော့ တတိယမြောက်ကား ထာဝရနှောင်ကြိုးပါ။ အကောင်းဆုံးဖြစ်အောင် ကျနော်တို့ကြိုးစားနေတယ်။ ပြီးခဲ့တဲ့ ၂ကားထက်လည်းပိုကောင်းအောင် နိုင်ငံတကာစံချိန်လည်း ပိုမှီအောင်ကြိုးစားနေကြပါတယ်။ ၅ ပုံပုံ တပုံလောက်တော့ ပြီးသွားပြီ။ ဧပြီလလောက်ထိတော့ ရိုက်ကူးသွားမယ်”လို့ ဇဏ်ခီက ပြောပါတယ်။

The post “ကော်ပီဆိုရင် ဘယ်ကော်ပီမှ အားမပေးပါဘူး”လို့ ဇဏ်ခီပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)