Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ကိုရီးယား K-Pop ဖျော်ဖြေပွဲများ ပြုလုပ်နိုင်မည့် ကွင်းကို ၂၀၂၄ ခုနှစ်မှာ ဖွင့်လှစ်မည်

$
0
0

တောင်ကိုရီးယား အစိုးရ တာဝန်ရှိသူတွေဟာ “Seoul Arena” လို့ခေါ်တဲ့ ကိုရီးယားက ပထမဆုံး K-Pop ကွင်းကို ဆောက်လုပ်ဖို့ ပြင်ဆင်နေပြီလို့ ကြေညာခဲ့ပါတယ်။

အဲဒီ ဖျော်ဖြေပွဲပဲ သီးသန့်လုပ်မယ့် အားကစားကွင်းကို ဆိုးလ်မြို့ မြောက်ပိုင်းမှာရှိတဲ့ ချန်ဒုံမှာ ဆောက်လုပ်မှာ ဖြစ်ပါတယ်။ Seoul Arena ကွင်းမှာဆိုရင် လူဦးရေ အများဆုံး ၁၈၀၀၀ ဆန့်မှာ ဖြစ်ပြီး ဒါဟာ ဆိုးလ်မှာတော့ လူဦးရေအများဆုံးဆန့်တဲ့ ကွင်းဖြစ်လာမှာပါ။

ဖျော်ဖြေပွဲခန်းမမှာ လုပ်မယ်ဆိုရင်တော့ လက်ရှိမှာ ထိုင်ခုံ ၂၀၀၀ လောက်ပဲ ဆန့်မှာဖြစ်ပါတယ်။ အဲဒီကွင်းအပြင် ကမ္ဘာလှည့်ခရီးသည်တွေကို ပိုမိုဆွဲဆောင်ဖို့ K-Pop Hall of Fame နဲ့ K-Pop Special Exhibition Hall နဲ့ ပြဇာတ်ရုံကိုလည်း တပါတည်း တည်ဆောက်မှာဖြစ်ပါတယ်။

အစိုးရအရာရှိတွေကတော့ အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းကို လာမယ့်နှစ် စက်တင်ဘာလမှ စတင်နိုင်ဖို့ စီစဉ်ထားပြီး ၂၀၂၃ ခုနှစ်မှာ အပြီးသတ်မယ်လို့ ဆိုပါတယ်။ ၂၀၂၄ ခုနှစ်မှာတော့ တရားဝင်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။

ဆိုးလ်မြို့မှ တာဝန်ရှိသူတဦးက “၂၀၂၃ ခုနှစ် အဆုံးမှာ ပြီးစီးနိုင်ဖို့အတွက် ချန်ဒုံဘူတာရုံအနီးက အကျယ် စတုရန်းမီတာ ၅ သောင်းကျော်ရှိတဲ့ နေရာမှာ ဖျော်ဖြေပွဲ သီးသန့်လုပ်မယ့် Complex အဆောက်အဦကို ဆောက်လုပ်ရေး စတင်ဖို့ စီစဉ်ထားပါတယ်” လို့ ပြောဆိုထားပါတယ်။

အခြားကွင်းတွေလိုပဲ Seoul Arena ကွင်းမှာ အလယ်မှာ စင်မြင့်တခု ရှိမှာပါ။ ပရိသတ်တွေဟာ တင်ဆက်ပုံအသစ်နဲ့ ဘက်ပေါင်းစုံကနေ ဖျော်ဖြေမှုတွေကိုခံစားနိုင်ကြမှာ ဖြစ်ပါတယ်။ တနှစ်ကို ဖျော်ဖြေပွဲ ၉၀ ကျော်ကိုလည်း လက်ခံကျင်းဖို့ စီစဉ်ထားပါတယ်။

K Pop အနုပညာရှင်တွေအတွက်သာမက ဆိုးလ်မှာ လာရောက်ဖျော်ဖြေမယ့် နိုင်ငံတကာ အနုပညာရှင်တွေလည်း အသုံးပြုနိုင်မယ့် ကွင်းဖြစ်တယ်လို့ ဆိုပါတယ်။ K Pop ဟာ ကမ္ဘာတဝန်းမှာ နာမည်ကျော်နေပေမယ့် ဖျော်ဖြေပွဲတွေပြုလုပ်မယ့် အခြေခံ အဆောက်အဦပိုင်းမှ ာအားနည်းချက်တွေ ရှိနေပြီး အခု Seoul Arena ကွင်းဟာ အဲဒီ အားနည်းချက်ကို ဖြည့်ဆည်းပေးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

Ref : koreaboo

The post ကိုရီးယား K-Pop ဖျော်ဖြေပွဲများ ပြုလုပ်နိုင်မည့် ကွင်းကို ၂၀၂၄ ခုနှစ်မှာ ဖွင့်လှစ်မည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)