Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အသက် ၇၄ နှစ်ပြည့်သွားခဲ့တဲ့ အဆိုတော်ကြီး Rod Stewart

$
0
0

၁၉၄၅ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့မှာမွေးဖွားခဲ့တဲ့ ကမ္ဘာကျော်အဆိုတော် Rod Stewart တယောက်ကတော့ အသက် ၇၄ နှစ်ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ Rod Stewart ရဲ့ သီချင်းတွေနဲ့ မစိမ်းကြပါဘူး။ သူ့သီချင်းအများအပြားကို မြန်မာမှုပြုခဲ့ကြတဲ့အပြင် ဆရာစောဘွဲ့မှူးရဲ့ “ရွှေပေါက်တူး”လို သီချင်းမျိုးတွေကြောင့်လည်း Rod Stewart ရဲ့ ကိုယ်ရေးအကျဉ်းကို သိခွင့်ရခဲ့ပြန်ပါတယ်။

တကယ်တော့လည်း Rod Stewart ဟာ အသက် ၁၅ နှစ်မှာ aကျာင်းထွက်ခဲ့ပါတယ်။ ကျောင်းထွက်ပြီးတဲ့နောက် သူပထမဆုံး စဉ်းစားခဲ့တာက ဘောလုံးသမားတယောက် ဖြစ်ဖို့ပါ။ ကျောင်းထွက်ပြီး မကြာခင်မှာတော့ သူဟာ သတင်းစာလိုက်ပို့တဲ့ ကောင်လေးတယောက် ဖြစ်ခဲ့ပါတယ်။

အလုပ်တွေမျိုးစုံ လျှောက်လုပ်ရင်း နောက်ပိုင်းမှာတော့ သုဘရာဇာ တယောက် ဖြစ်ခဲ့ရ၊ နောက်ပိုင်းမှာတော့ လန်ဒန်မီးရထား ဘူတာရုံမှာ Harmonica တလက်နဲ့ ဖျော်ဖြေနေခဲ့ပါတယ်။ ၁၉၆၀ ခုနှစ်တွေမှာတော့ U.K က ဂီတဝိုင်း အများအပြားနဲ့ ချိတ်ဆက်ပြီး ဖျော်ဖြေရေးတွေ လုပ်ခဲ့ပါတယ်။ ၁၉၇၁ ခုနှစ်မှာတော့ ဂီတနဲ့ တကိုယ်တော် အသက်မွေးဝမ်းကြောင်းပြုဖို့ စတင်ခဲ့ပါတယ်။ သူရဲ့ပထမဆုံးသီချင်းကတော့ “Maggie May” ဖြစ်ပါတယ်။

ရော့ခ်ဂီတ သမိုင်းမှာတော့ Rio de Janeiro မှာ ၁၉၉၄ ခုနှစ်က ပရိသတ် ၃ ဒဿမ ၅ သန်းကို ဖျော်ဖြေခဲ့တဲ့ သူ့ ဂီတဖျော်ဖြေပွဲက အအောင်မြင်ဆုံး စာရင်းဝင်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာတော့ Billboard Magazine က အအောင်မြင်ဆုံး အဆိုတော်တွေထဲမှာ “ရာသက်ပန် အကောင်းဆုံး အဆိုရှင်ဆု”ကိုပေးအပ်ခဲ့ပြီး Rod Stewart က ၁၇ ယောက်မြောက် ဖြစ်လာခဲ့ပါတယ်။

Q Magazine ကလည်း သူတို့ရဲ့ အကျော်ကြားဆုံး ဂီတပညာရှင်တွေရဲ့စာရင်းမှာ Rod Stewartကို ၃၃ ယောက်မြောက်အဖြစ် ရာသက်ပန် သတ်မှတ်ကြောင်း ကြေညာခဲ့ပါတယ်။ အသက် ၇၄ နှစ်ပြည့်သွားခဲ့ပြီဖြစ်တဲ့ Rot Stewart ဟာ ခုချိန်မှာဆိုရင်တော့ တကမ္ဘာလုံးအနှံ့ ချပ်ရေပေါင်း သန်း ၁၀၀ ကျော်ရောင်းချထားပြီး ထွက်ရှိခဲ့တဲ့ခွေပေါင်း ၃၀ ရှိသွားခဲ့ပါပြီ။ နောက်ဆုံးထွက်ခဲ့တဲ့ Album ကတော့ “ Blood Red Roses” ပါ။

Rod Steward ဟာ၂၀၁၉ ခုနှစ်အတွက် ဖျော်ဖြေပွဲတွေကိုလည်း Berlinနဲ့ Hamburg မြို့တွေမှာ ကျင်းပဖို့ စီစဉ်ထားပါသေးတယ်။

Ref : sixtyandme & amp; rodstewart

The post အသက် ၇၄ နှစ်ပြည့်သွားခဲ့တဲ့ အဆိုတော်ကြီး Rod Stewart appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ