Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အသက်တနှစ် ကြီးလာတော့ ပိုပြီးတည်ငြိမ်လာတဲ့ အိချောပို

$
0
0

“စူစူ”လို့ ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင် အိချောပိုကတော့ ဇန်နဝါရီ ၃ ရက်နေ့မှာ အသက် ၂၈ နှစ်ပြည့်ခဲ့ပြီး အသက်တနှစ်ကြီးလာတာနဲ့အမျှ ပိုပြီးတည်ငြိမ်လာတယ်လို့ ပြောပါတယ်။

“အသက်ကြီးလာတာနဲ့အမျှ လိမ္မာရမှာပေါ့လေ။ ဒါပေမဲ့ အိချောက အရင်ကတည်းက လိမ္မာပါတယ်။ ပိုပြီးတော့လည်း လူ့သဘာဝအကြောင်းတွေကို နားလည်လာတာပေါ့လေ။ အဲဒါကြောင့် ပိုပြီးတော့ တည်ငြိမ်လာတယ်လို့ ထင်တာပဲ”လို့ အိချောပိုက ပြောပါတယ်။

သူမရဲ့ အသက် ၂၈နှစ်ပြည့်မွေးနေ့မှာတော့ မနက်ပိုင်းမှာ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနမှာ နေ့လည်စာ ကျွေးမွေးမှုနဲ့အတူ အဝတ်အစားများ လှူဒါန်းမှုများ ပြုလုပ်ခဲ့ပြီး ညနေပိုင်းမှာတော့ အနုပညာမောင်နှမများနဲ့အတူ မွေးနေ့ပွဲပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် မွေးနေ့အလှူအဖြစ် တခြားသော လှူဒါန်းမှုများကိုလည်း ပြောပြခဲ့ပါတယ်။

“မွေးနေ့အတွက်တော့ အိချော ကိုယ်တိုင်တော့ မသွားဖြစ်ပါဘူး။ တောင်တွင်းကြီး ဗိဿနိုးမြို့ဟောင်းက ပန်တျာဘုရင်မ တည်ထားတဲ့ ရွှေရောင်တော်ဘုရားမှာ ပြန်လည်ပြုပြင်မွမ်းမံဖို့အတွက် အလှူငွေထည့်ထားတာ ရှိတယ်။ ပြီးတော့ မန္တလေး မဟာမြတ်မုနိဘုရားမှာ သင်္ကန်းလှူထားတာတွေ ရှိတယ်။ အဲဒီလိုမျိုးပဲ ဟိုနားနည်းနည်း၊ ဒီနားနည်းနည်းနဲ့ လှူထားတာတွေ ရှိပါတယ်”လို့ အိချောပိုက ပြောပါတယ်။

မွေးနေ့ ညနေပိုင်းမှာ အနုပညာမောင်နှမများနဲ့ အတူပြုလုပ်မယ့် မွေးနေ့ပွဲကိုလည်း အနုပညာမောင်နှမများအားလုံးကို တစုတစည်းတည်း လာစေချင်ပြီး ခင်ခင်မင်မင် ရင်းရင်းနှီးနှီး နေချင်ပါတယ်လို့ ဆိုပါတယ်။

“ညနေပိုင်းမှာတော့ အနုပညာမောင်နှမတွေ ကိုယ့်လောကသားတွေ အားလုံးကို တစုတစည်းတည်း တွေ့ချင်တယ်။ အားလုံးနဲ့လည်း ခင်ခင်မင်မင် ရင်းရင်းနှီးနှီးလေး နေချင်တယ်။ အိချောက တည်တည်လေး ကိုယ့်ဘာသာနေတာ များတော့ အားလုံးက မာနကြီးတာလို့ ထင်ကြတယ်။ အမှန်တော့ မာနကြီးတာ မဟုတ်ပါဘူး။ စကား မပြောရဲတာ”

“ကိုယ်က စပြောလိုက်လို့ တခြားသူက ခေါ်ချင်လား မသိ၊ မခေါ်ချင်လားမသိ ဆိုတာလေးတွေ စိတ်ထဲမှာ ကွက်နေရင်လည်း အိချောက ခခယယ ဖိတ်တာပါ။ ဘာပဲဖြစ်ဖြစ် အားလုံးကို လာစေချင်တယ်။ အိချောစိတ်က အဲဒီလို မရှိပါဘူး ဆိုတာကို သိစေချင်တာပါ” လို့ အိချောပိုက ပြောပါတယ်။

မွေးနေ့မှာတော့ Surprise အနေနဲ့တော့ ပရိသတ်များနဲ့ မောင်နှမတွေက ပေးတာပဲရှိပြီး ချစ်သူကတော့ မရှိပါဘူးလို့ ဆိုပါတယ်။ “မွေးနေ့ Surprise ကတော့ ပရိသတ်တွေ မောင်နှမတွေပေးတာပဲ ရှိပါတယ်။ ကျန်တာတော့ မရှိပါဘူး။ ချစ်သူကတော့ မရှိပါဘူး။ အခုချိန်မှာ တယောက်တည်းပါပဲ။ တကယ်ပြောတာပါ။ တယောက်တည်းပဲ နေနေတာပါ”လို့ အိချောပိုက ပြောပါတယ်။

အိချောပိုကတော့ အနုပညာပျိုးခင်းမှ တဆင့် အနုပညာလောကထဲကို ရောက်ရှိလာခဲ့ပြီး ပရိသတ်ချစ်တဲ့ အနုပညာရှင်တယောက် အနေနဲ့သာမက သူမရဲ့ ခန္ဓာကိုယ် ကောက်ကြောင်း လှပမှုကြောင့်လည်း ကြိုက်နှစ်သက်ကြပါတယ်။

The post အသက်တနှစ် ကြီးလာတော့ ပိုပြီးတည်ငြိမ်လာတဲ့ အိချောပို appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)