Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ရင်သွေးလေး လွယ်ထားရပြီလို့ စန္ဒီမြင့်လွင်တို့ ဇနီးမောင်နှံပြော

$
0
0

အဆိုတော် စန္ဒီမြင့်လွင်က နှစ်သစ်မှာ ပရိသတ်တွေအတွက် ပျော်စရာ သတင်းလေးတခုပြောပြလိုက်ပါတယ်။ အဲဒါကတော့ သူမမှာ ရင်သွေးလေး လွယ်ထားနေရပြီဆိုတဲ့ သတင်းပါ။ ရင်သွေးလေးရလို့ ပျော်နေတဲ့ စန္ဒီမြင့်လွင်က မိန်းကလေးလိုချင်ပေမယ့် ဘာလေးရရ ချစ်မယ်လို့ မီဒီယာတွေကို ပြောပါတယ်။

“ရင်သွေးလေးရပြီ ဆိုတော့ ပျော်တာပေါ့။ ရင်သွေးလေးကို ဘယ်လိုပြုစုပျိုးထောင်ရမလဲ၊ ဘယ်လိုဖြစ်မလဲ ကြိုတွေးပြီး ရင်ခုန်တာပေါ့။ မိန်းကလေးလိုချင်တာ ဒါပေမဲ့ ဘာလေးပဲ ရရ ချစ်ရမှာပေါ့။ သီချင်းတွေ ဆက်ဆိုမယ်။ ကိုယ်ဝန် မရှိခင်တည်းက လက်ခံထားတာတွေလည်းရှိတော့ ကိုယ်ဝန်နဲ့ကို တက်ဆိုမယ်။ ပင်ပန်းရင်တော့ အမျိုးသားကစိတ်မကောင်းဘူး။ တယောက်ပဲ ယူမယ်။ တယောက်တည်းဆိုတော့ တယောက်တည်း ပိုချစ်ရတာပေါ့” လို့ စန္ဒီမြင့်လွင်က ပြောပါတယ်။

“အလုပ်တွေလည်း လုပ်ချင်သေးတယ်။ ကိုယ်ဝန်ရတာ သိနေပြီ။ လနုသေးလို့ မပြောသေးပဲ အခု Instagram မှာ တင်လိုက်တာ။ ၂ လခွဲပဲ ရှိပါသေးတယ်။ မူးတာတို့ အန်တာတို့ နေမကောင်းချင်တာတွေတော့ ဖြစ်တယ်”လို့ စန္ဒီမြင့်လွင်က ဆိုပါတယ်။

စန္ဒီမြင့်လွင်ရဲ့ ခင်ပွန်းဖြစ်သူ ကိုသီဟလွင်ကတော့ တိုင်ပင်ထားတဲ့အတိုင်း မင်္ဂလာသက်တမ်း တနှစ်ပြည့်ခါနီးမှာ ကလေးရတော့ ပျော်တယ်လို့ ဆိုပါတယ်။

“ပျော်တယ် ကျနော်တို့ ကလေးတယောက်လည်း ယူမယ်လို့ တိုင်ပင်ထားတာ ရှိတော့ အတော်ပဲပေါ့။ Wedding ကလည်း တနှစ် ပြည့်ခါနီးပြီလေ။ ကျနော်ကတော့ ဘာလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲ ဖြစ်ဖြစ်၊ ယောကျာ်းလေးပဲဖြစ်ဖြစ် ချစ်တယ်။ သူ့ကို ပင်ပင်ပန်းပန်းနဲ့ ခရီးဝေးတွေ မဟုတ်ရင်တော့ ဆိုပေါ့။ သူ့သဘောပေါ့” စန္ဒီမြင့်လွင်ရဲ့ ခင်ပွန်းဖြစ်သူ ကိုသီဟလွင်ဆိုပါတယ်။

စန္ဒီမြင့်လွင်ဟာ ချစ်သူ ကိုသီဟလွင်နဲ့ မတ်လ ၄ ရက်နေ့က တော်ဝင်ဂါးဒင်းဟိုတယ်မှာ လက်မှတ် ရေးထိုးခဲ့ကြပါတယ်။ မင်္ဂလာလက်မှတ်ထိုးပွဲကို နှစ်ဖက်မိဘများနဲ့ ရိုးရိုးရှင်းရှင်းလေး ပြုလုပ်ခဲ့ပေမယ့် မတ်လ ၁၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ မင်္ဂလာဧည့်ခံပွဲကတော့ ဂီတနဲ့ ရုပ်ရှင်နယ်ပယ်က အနုပညာရှင်တွေနဲ့ စည်ကားခဲ့တဲ့ မင်္ဂလာဧည့်ခဲ့ပွဲတခု ဖြစ်ခဲ့ပါတယ်။

The post ရင်သွေးလေး လွယ်ထားရပြီလို့ စန္ဒီမြင့်လွင်တို့ ဇနီးမောင်နှံပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)