Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

မွေးနေ့မှာ အငြိမ့်ကရင်း ဖြတ်သန်းသွားမယ့် အဆိုတော် ရဲလေး

$
0
0

ဇန်နဝါရီလ ၁၁ ရက်နေ့နဲ့ ၁၂ရက်နေ့များမှာ ကပြဖျော်ဖြေသွားမယ့် “နှင်းဆီပုဝါခြုံတဲ့လက်” အငြိမ့်ကတော့ ရဲလေးရဲ့ မွေးနေ့နဲ့ တိုက်နေတဲ့အတွက် မွေးနေ့မှာ အငြိမ့်ကရင်း ဖြတ်သန်းသွားမှာဖြစ်တယ်လို့ ရဲလေးက ပြောပါတယ်။

“ဇန်နဝါရီ ၁၁ရက်နေ့နဲ့ ၁၂ရက်နေ့မှာ ကမှပါ။ ဇန်နဝါရီ ၁၁ ရက်နေ့က ကျနော့်မွေးနေ့ပါ။ တိုက်တိုက်ဆိုင်ဆိုင် ကျနော့်မွေးနေ့မှာ ကရတဲ့အတွက် နှင်းဆီပုဝါခြုံတဲ့လက်က အမှတ်တရဖြစ်ပါတယ်။ အဲဒီအတွက် ဒီနှစ်မွေးနေ့ မလုပ်ဖြစ်ဘူးပေါ့။ အငြိမ့်ကတာနဲ့ ရှုပ်နေမှာဆိုတော့ အလုပ်က အရေးကြီးတယ်။ ရင်ခုန်ပါတယ်” လို့ ရဲလေးက ပြောပါတယ်။

နှင်းဆီအဖွဲ့သားတွေထဲမှာတော့ သူနဲ့ ထွန်းထွန်း(Examplez) တို့က အငယ်ဆုံးဖြစ်တဲ့အတွက် အကြီးတွေက ပညာပြကြသလို လက်တွဲခေါ်ယူမှုတွေကြောင့်လည်း ပညာတွေအများရပါတယ်လို့ ရဲလေးက ပြောပါတယ်။

“အငယ် ၂ယောက်ပေါ့။ ထွန်းထွန်းနဲ့ ကျနော်နဲ့က အငယ်၂ယောက်ဖြစ်နေတော့ အငယ် ၂ယောက်က အတည်ခံရတာ အများဆုံးပဲ။ အကြီးတွေက အကြီးတွေ အလျှောက်ပညာတွေလည်း ပေးတယ်။ လက်တွဲပြီးလည်းခေါ်ပါတယ်။ ကိုယ်က ယူတတ်ဖို့ပဲအရေးကြီးပါတယ်။ သူတို့ကပေးနေတဲ့အချိန်မှာ ကိုယ်တွေက ယူတတ်ဖို့ပဲ အရေးကြီးပါတယ်” လို့ ရဲလေးက ပြောပါတယ်။

နှင်းဆီပုဝါခြုံတဲ့လက်မှာတော့ စီနီယာအကိုတွေနဲ့ အတူနှစ်သစ်မှာ ကပြရမှာဖြစ်တဲ့အတွက် အကောင်းဆုံးတင်ဆက် ဖျော်ဖြေမှာဖြစ်ပြီး လတ်လောမှာဖြစ်ပျက်နေတဲ့အကြောင်းအရာများကို ပြက်လုံးထုတ်ပြီး ကပြသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရဲလေးက သူ့ရဲ့Entertainment ဖြစ်တဲ့ YLJK မှ Music Video များကို တပုဒ်ချင်းမတူညီတဲ့ပုံစံများနဲ့ တင်ဆက်သွားဖို့ရှိပြီး အခြားသော ပရိုဂရမ်များလည်း ရိုက်ကူးတင်ဆက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အချစ်ရေးအနေနဲ့လည်း အဆိုတော် ကောင်မလေးတယောက်နဲ့ သတင်းထွက်တာတွေ ရှိပေမယ့် ရဲလေးကတော့ တယောက်တည်းဖြစ်နေပြီး ကြိုက်မယ့်လူ မရှိဘူးလို့ ဆိုပါတယ်။

“ကျနော်က အချစ်ရေးမှာ အားနည်းပါတယ်။ ထားမယ့်အချိန်လည်း မရှိဘူး။ ကြိုက်မယ့်လူလည်း မရှိဘူး။ နေ့တိုင်းဈေးဗန်းကြီးကို ကိုင်ပြီး ခင်းနေရတာ။ စတေးတပ်စ်တွေ တင်ပြီး ဈေးဗန်းခင်းနေတဲ့ ဈေးသည်ကြီး ဖြစ်နေပါတယ်။ ကျနော့်ကိုယ်ကျနော် ဈေးသည်ကြီးတယောက်လို့ သတ်မှတ်ထားပါတယ်” လို့ ရဲလေးက ပြောပါတယ်။

The post မွေးနေ့မှာ အငြိမ့်ကရင်း ဖြတ်သန်းသွားမယ့် အဆိုတော် ရဲလေး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)