Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

Aamir Khan ပါဝင်ထားတဲ့ “Thugs of Hindostan”ရုပ်ရှင် တရုတ်နိုင်ငံတွင် အခြေမလှဖြစ်

$
0
0

နာမည်ကျော် ဘောလိဝုဒ်မင်းသား Aamir Khan ပါဝင်ထားတဲ့ “Thugs of Hindostan” ရုပ်ရှင်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်း တရုတ်ဈေးကွက်မှာ စတင်ပြတဲ့အချိန်မှာပဲ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။

သူပါဝင်သရုပ်ဆောင်ထားတဲ့ “3 Idiots, Dangal နဲ့ Secret Superstars” ရုပ်ရှင်တွေဟာ ကမ္ဘာ့အကြီးမားဆုံး ရုပ်ရှင်ဈေးကွက်ကြီးရှိတဲ့ တရုတ်နိုင်ငံကနေပဲ ကြီးမားတဲ့ဝင်ငွေ တော်တော်များများ ရရှိခဲ့ပြီး အောင်မြင်ခဲ့ပေမယ့်လည်း အခုရုပ်ရှင်ဟာ အောင်မြင်မှု မရခဲ့တဲ့ သူ့ရဲ့ ပထမဆုံးရုပ်ရှင် ဖြစ်လာပါတယ်။

Thugs of Hindostan ရုပ်ရှင်ဟာ ရုံဝင်ငွေစာရင်းမှာ ဒေါ်လာ ၁ ဒဿမ ၅၆ သန်း ရရှိခဲ့တယ်လို့ တရုတ်ရုပ်ရှင် လက်မှတ်ရောင်းချတဲ့ Maoyan မှာ ဖော်ပြထားပါတယ်။ ခန့်မှန်းခြေ တရုတ်ယွမ် ၉၆ ဒဿမ ၁ သန်း ရရှိလိမ့်မယ်လို့ ခန့်မှန်းထားတဲ့ အဲဒီရုပ်ရှင်ဟာ တရုတ်နိုင်ငံမှာတော့ မင်းသား Aamir ရဲ့ ရုပ်ရှင်တွေထဲမှာ တော်တော်အခြေအနေ မလှတဲ့အကြောင်း နိုင်ငံပိုင် Global Times သတင်းကဆိုပါတယ်။

အဲဒီရုပ်ရှင်ဟာ အိန္ဒိယရုံဝင်ငွေစာရင်းမှာလည်း တော်တော်လေး အခြေအနေဆိုးခဲ့ပြီး ထုတ်လုပ်သူတွေကတော့ တရုတ်နိုင်ငံမှာ မင်းသားရဲ့ နာမည်ကျော်ကြားမှုက အခြေအနေဆိုးကနေ ရုပ်ရှင်ကို ကယ်တင်နိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြတာပါ။

တရုတ်နိုင်ငံမှာ မီရှူနဲ့ အန်ကယ်မီဆိုပြီး လူသိများတဲ့ မင်းသား Aamir ဟာ အထူး တရုတ်ဗားရှင်းအတွက်လည်း ဒီရုပ်ရှင်ကို ထုတ်လုပ်ပေးထားပါတယ်။ သူဟာ အဓိကမြို့ကြီးတွေ ဖြစ်တဲ့ Guangzhou, Xi’an, Nanjing နဲ့ Shanghai တို့ အပါအဝင် မြို့တော်တော်များများမှာ မဖြန့်ချိမီ နှစ်ပတ်နီးပါးလောက် အလိုကတည်းက ရုပ်ရှင်ကို ပရိုမိုးရှင်း ပြုလုပ်နေခဲ့တာဖြစ်ပါတယ်။

အဲဒီ့ရုပ်ရှင် မတိုင်မီ ဖြန့်ချိခဲ့တဲ့ “Dangal နဲ့ Secret Superstar” ရုပ်ရှင်တွေဟာတော့ အောင်မြင်မှုတော်တော်လေး ရခဲ့တာကို တွေ့ရပါတယ်။ Dangal ရုပ်ရှင်ဟာ တရုတ်နိုင်ငံမှာ ဝင်ငွေအများဆုံး ထိပ်တန်း ရုပ်ရှင် ၃၀ စာရင်းထဲ ဝင်ခဲ့သလို Secret Superstar ရုပ်ရှင်ဟာ တရုတ်ရုံဝင်ငွေစာရင်းမှာ အိန္ဒိယရူပီး ကုဋေ ၇၅၀ ရရှိခဲ့ပါတယ်။

မွမ်ဘိုင်းမှာ ပြုလုပ်ခဲ့တဲ့ ပွဲတခုမှာတော့ မင်းသား Aamir က အဲဒီရုပ်ရှင်ရဲ့ ရှုံးနိမ့်မှုကို တာဝန်ယူမယ့်အကြောင်း ပြောဆိုထားပါတယ်။

Ref: indianexpress

The post Aamir Khan ပါဝင်ထားတဲ့ “Thugs of Hindostan” ရုပ်ရှင် တရုတ်နိုင်ငံတွင် အခြေမလှဖြစ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


စပါးရောဂါများ


မန္တလေးအကြမ်းဖက်ရမ်းကားမှုအတွင်းအပြစ်မဲ့ မွတ်စ် လင်မ် တစ်ဦး ရက်ရက် စက်စက်...


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ရိုးရာမပျက် ဆင်ကာနွှဲ အာခါတိုင်းရင်းသားတို့ရဲ့ နှစ်သစ်ကူးပွဲ ( သတင်းဆောင်းပါး )


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


အမွေကိစ္စ အမြန် အဆင်ပြေစေသောယတြာ


ညီမဖြစ်သူကို ဦးလေးအရင်းမှ ..သားမယားကျင့်နေပုံကို မြင်တွေ့ခဲ့ရတဲ့အစ်မ...


Sao Kun Hoo (2012) 18+


ဗြိတိန်မှာ သံရုံးကြီးဆောက်မယ့်တရုတ်နဲ့ လုံခြုံရေးစိုးရိမ်ချက်တွေ


ပွဲကျောင်းသိုင်းပညာဆိုတာ