Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

နေခြည်ဦးနဲ့အတူ အလုပ်တွဲလုပ်ဖို့အတွက် လူငယ်တွေကိုဖိတ်ခေါ်

$
0
0

Beauty By Naychi ဆိုတဲ့နာမည်နဲ့  Blogger အလုပ်ကိုစတင်ခဲ့ပြီး ပရိသတ်များရဲ့ အချစ်ကို ရရှိခဲ့တဲ့ နေခြည်ဦးတော့ ယခုနောက်ပိုင်းမှာ သရုပ်ဆောင်အလုပ်နဲ့ Blogger အလုပ်ကိုတွဲဖက်လုပ်ကိုင်နေပြီး သူမရဲ့စတင်ပေါ်ပေါက်ခဲ့ရာ Blogger အလုပ်ကို ထပ်မံတိုးချဲ့ဖို့အတွက် ဖက်ရှင်ကို စိတ်ဝင်စားတဲ့လူငယ်တွေကို အလုပ်ခေါ်နေတယ်လို့ ပြောပါတယ်။

“နေခြည့်ဆီမှာ အလုပ်လုပ်ဖို့အတွက် အလုပ်ခေါ်နေပါတယ်။ ဖက်ရှင်ကို စိတ်ဝင်စားတဲ့လူငယ်တွေ နေခြည့် Team မှာဆိုရင် နေခြည်တယောက်တည်း အသက်အကြီးဆုံး။ နေခြည့်မန်နေဂျာဆိုရင် ၂၃နှစ်ပဲရှိပါသေးတယ်။ တခြားသူတွေလည်း နေခြည့်ထက်ငယ်တဲ့သူတွေချည်းပဲ။ အဲဒါကြောင့်လူငယ်တွေအများကြီးကို ဖိတ်ခေါ်ပါတယ်။ အဓိကက လူငယ်တွေပေါ့”

“ဖက်ရှင်ကို စိတ်ဝင်စားပြီးတော့ ဘယ်ကိုသွားရမှန်းမသိဘူး။ မိတ်ကပ်ကိုစိတ်ဝင်စားပြီး ဘယ်ကိုသွားရမှန်းမသိတဲ့ သူတွေကို Welcome ပါလို့။ ပညာအရည်အချင်းတခုအနေနဲ့ သတ်မှတ်ထားတာတော့ရှိပေမယ့် ကိုယ်က တခုခုကို ရူးသွပ်နေပြီဆိုရင် လာခဲ့ပါ။ နေခြည်တို့ဆီမှာက အကုန်လုံးက ရူးနေကြတာ။ နေခြည်ကိုယ်တိုင်လည်း ရူးနေတာ ဆိုတော့။ Crazy ဖြစ်တဲ့သူတွေအကုန်လုံးကို Welcome ပါ” လို့နေခြည်ဦးက ပြောပါတယ်။

သရုပ်ဆောင်အလုပ်နဲ့ Blogger အလုပ်ကို တွဲဖက်ပြီးမျှလုပ်ရတာဟာ စိတ်နဲ့လုပ်ရတဲ့အလုပ်ဖြစ်တဲ့အတွက် ခက်ခဲပြီးတော့ အရင်ကတယောက်တည်းလုပ်ခဲ့တာတွေကို အဖွဲ့လိုက်ပုံစံမျိုးဖြင့် Beauty By Naychi ကို ထပ်မံတိုးချဲ့သွားမှာဖြစ်တယ်လို့ သိရပါတယ်။

“ပွင့်ပွင့်လင်းလင်းပြောရရင် အလုပ်ကမျှလုပ်ရတာ သိပ်ခက်ပါတယ်။ စိတ်နဲ့လုပ်ရတဲ့အလုပ်တွေဖြစ်နေတယ်။ အကုန်လုံးက ကိုယ်မပါလို့မရတဲ့အလုပ်တွေဆိုတော့ ကိုယ့်စိတ်ကို device လုပ်တာသိပ်ခက်ပါတယ်။ အဲဒါကြောင့်နောက်ပိုင်းမှာ Beauty by Naychi ကို ချီချီတယောက်တည်းတင်မဟုတ်ဘဲနဲ့ We ပေါ့နော်။ We ဆိုတာကတော့ Team တခုလုံးနေခြည် ဖွဲ့ချင်တယ်”

“တချို့ဟာတွေဆို နေခြည်အချိန်ပေးပြီး မရေးနိုင်တော့တာ။ နောက်ပိုင်းမှာ ဖက်ရှင်အယ်ဒီတာတွေ Beauty အယ်ဒီတာတွေ Lifestyle အယ်ဒီတာတွေ အများကြီးမွေးလိုက်မယ်။ ကိုယ်တယောက်တည်းမဟုတ်တော့ဘဲနဲ့ ကိုယ့်ကို ကိုယ်စားပြုတဲ့သူတွေနဲ့ Beauty by Naychi ကိုအားထည့်ဖြည့်ဖို့တော့ ရှိပါတယ်” လို့ နေခြည်ဦးက ပြောပါတယ်။

နေခြည်ဦးကတော့ သူမပထမဆုံးပါဝင်သရုပ်ဆောင်ထားတဲ့ “ရန်သူ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ပွဲဦးထွက်အနေနဲ့ ရလာဒ်ကောင်းများရရှိထားပြီး ထပ်မံပြီးတော့လည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးလျက်ရှိပါတယ်။

“ကိုယ်ကိုယ်တိုင်က အများကြီးလုပ်ချင်သေးတယ်။ နေခြည်အခုဆို ဟာသကားလက်ခံထားတာ ၂ကားရှိပြီ။ ရိုမန့်ဒရမ်မာက ၂ကားရှိပြီ။ နောက်ပိုင်းတွေမှာလည်း ကာရိုက်တာအရမ်းပေါ်တဲ့ဟာဆိုရင် လုပ်ချင်တယ်။ ဟာသကလည်း ဖယ်ထားလို့မရဘူး။ တကယ်ခက်တယ်။ ပရိသတ်တွေကိုလည်း ဇာတ်လမ်းမျိုးစုံချပြချင်တယ်”

“အဲဒီမှာမှ ပရိသတ်က ဘယ်ဟာနဲ့လိုက်မယ်ထင်လဲဆိုတဲ့အချိန်လေးထိ စောင့်ပြီးတော့ ကာရိုက်တာမျိုးစုံကို ဇာတ်လမ်းကြိုက်ရင် ဆက်ရိုက်နေဦးမှာပါ” လို့ နေခြည်ဦးက ပြောပါတယ်။

နေခြည်ဦးကတော့ ၂၀၁၇ခုနှစ် နှစ်အစပိုင်းက Beauty By Naychi ဆိုတဲ့နာမည်နဲ့ Blogger အလုပ်ကိုစတင်လုပ်ကိုင်လာခဲ့ပြီး သူမနဲ့ပတ်သက်တဲ့ ဝေဖန်မှုတွေ၊ သူမရဲ့မိသားစုနဲ့ပတ်သက်တဲ့ ဝေဖန်မှုများစွာကို ကြုံတွေ့ခဲ့ရပေမယ့် ယခုအချိန်မှာတော့ မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံး Blogger တယောက်အဖြစ် ရပ်တည်လျက်ရှိပါတယ်။

The post နေခြည်ဦးနဲ့အတူ အလုပ်တွဲလုပ်ဖို့အတွက် လူငယ်တွေကိုဖိတ်ခေါ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ