Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“၂၀၁၈ ခုနှစ်က ကျနော့်ရဲ့ အိပ်မက်တွေ တကယ်ဖြစ်လာတဲ့နှစ်ပါ”

$
0
0

မြန်မာရုပ်ရှင်လောကကို ပြောင်းလဲမှုတခုဖြစ်သွားစေခဲ့တဲ့ “ဥပါယ်တံမျဉ်”ရုပ်ရှင်ကားကြီးရဲ့ ပဲ့ကိုင်ရှင်များဖြစ်တဲ့ ဒါရိုက်တာ ခရစ္စတီးနားခီနဲ့ သရုပ်ဆောင်ဇာဏ်ခီတို့ဟာ ၂၀၁၈ ခုနှစ်အတွင်းမှာ ပရိသတ်အများရဲ့ စိတ်ဝင်စားမှု ၊ အထင်ကြီးလေးစားမှုများကို ဖမ်းစားနိုင်ခဲ့ပါတယ်။

ဒီအကြောင်းအရာများကြောင့် ၂၀၁၈ ခုနှစ်ဟာ ဇဏ်ခီအတွက် ဆယ်စုနှစ်တခုနီးပါးကြိုးစားလာခဲ့ရတဲ့ အိပ်မက်တွေ တကယ်ဖြစ်လာရတဲ့နှစ်ဖြစ်တယ်လို့ ပြောပါတယ်။

“၂၀၁၈ ခုနှစ်ကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော့်ရဲ့အိပ်မက်တွေ တကယ်ဖြစ်လာတဲ့နှစ်ပေါ့နော်။ ကျနော်တို့ ၉နှစ်ကျော်ကျော် ၁၀နှစ်နီးပါးလောက် ကြိုးစားလာတာက ၂၀၁၈ခုနှစ် မှာဖြစ်လာတယ်ဆိုတော့ ဝမ်းသာပီတိဖြစ်ရတယ်။ ဖြစ်သွားပြီဆိုရင် ထိန်းရတာ တော်တော်ခက်တယ်။ အဲဒီမှာ ကွာလတီကို မကျသွားအောင် ပိုပြီးတော့ ကောင်းအောင်ဆက်ပြီး ထိန်းသွားရမှာပေါ့” လို့ ဇဏ်ခီက ပြောပါတယ်။

ယခုနှစ်အတွက် အကယ်ဒမီဆန်ခါတင်စာရင်းထဲမှာတော့ ဇဏ်ခီပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကား ၂ကားဖြစ်တဲ့ “ဥပါယ်တံမျဉ်” နဲ့ “မုဒြာခေါ်သံ” ရုပ်ရှင်ဇာတ်ကားများပါဝင်နေပြီး အဲဒီအတွက်လည်း မျှော်လင့်မထားဘူးလို့ ဆိုပါတယ်။

“အကယ်ဒမီစာရင်းထဲပါတာ သိရတဲ့အတွက် ဝမ်းသာပါတယ်။ အရမ်းမျှော်လင့်ထားရင် ကိုယ်ပဲခံရမှာဆိုတော့ ဘာမှ မျှော်လင့်မထားဘူး။ နောက်ထပ်ရိုက်မယ့် ဇာတ်ကားတွေအတွက်လည်း ဘာမှမမျှော်လင့်ထားဘူး။ အကောင်းဆုံးဖြစ်အောင် ရိုက်မယ်။ ရလာတဲ့ရလာဒ်အပေါ်မှာ အားလုံးကျေနပ်ပါတယ်” လို့ ဇဏ်ခီက ဆိုပါတယ်။

ဇဏ်ခီကတော့ ဥပါယ်တံမျဉ် ၊ မုဒြာခေါ်သံ ရုပ်ရှင်ဇာတ်ကားများနောက်ပိုင်းမှာတော့ “Now and Ever” (ထာဝရနှောင်ကြိုး) ဆိုတဲ့ အိမ်ထောင်ရေးအချစ်ကားကို ရိုက်ကူးနေပြီပဲဖြစ်ပါတယ်။

မြန်မာရုပ်ရှင်ဇာတ်ကားများကို နိုင်ငံတကာဈေးကွက်ကိုလည်း ထိုးဖောက်လျက်ရှိတဲ့အတွက် အဲဒီလိုထိုးဖောက်ရတဲ့ အခါမှာ တွေ့ကြုံရတဲ့အခက်အခဲတွေကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

“လောလောဆယ် မြန်မာလူမျိုးများတဲ့နေရာပေါ့။ ထိုင်း ၊ မလေးရှား ၊ သြစတြေးလျ ၊ အမေရိကားမှာလည်း မြန်မာများတဲ့နေရာရှိတယ်။ ဆန်ဖရန်စစ္စကို၊ LA ၊ နယူးယော့တို့မှာဆိုရင်ပေါ့။ ပြဿနာက မြန်မာကားကို ပြပေးချင်တဲ့ရုံမရှိဘူး”

“စင်ကာပူမှာဆိုရင်က အရမ်းကြိုးစားပြီးတော့ မြန်မာတွေလာကြည့်လိမ့်မယ်။ မကြည့်ရင် လျော်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ လုပ်ရင်းပေါက်သွားတာ။ အဲဒီလိုမျိုးနဲ့ တခြားနိုင်ငံတွေကို လိုက်ပြောနေတယ်။ ဒါပေမယ့်သူတို့မယုံကြည်ကြဘူး။ များသောအားဖြင့် ရုံတရုံလုံးကိုငှားမှပဲဆိုတဲ့သဘောဆိုတော့ မကိုက်ပြန်ဘူး။ လိုက်ညှိနေရတာပေါ့” လို့ ဇဏ်ခီကပြောပါတယ်။

ဇဏ်ခီကတော့ လက်ရှိအချိန်မှာ ဒါရိုက်တာခရစ္စတီးနားခီရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားများမှာသာ ပါဝင်နေပြီး နောက်ပိုင်းမှာတော့ ဇာတ်ညွှန်းပိုင်းနဲ့ပတ်သက်ပြီး အဆင်ပြေတဲ့ ဇာတ်ရုပ်တွေမှာ လာရောက်ကမ်းလှမ်းခဲ့ရင်တော့ လက်ခံပြီး ရိုက်ကူးသွားဖို့ရှိပါတယ်လို့ သိရပါတယ်။

The post “၂၀၁၈ ခုနှစ်က ကျနော့်ရဲ့ အိပ်မက်တွေ တကယ်ဖြစ်လာတဲ့နှစ်ပါ” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ