Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

၂၀၁၉ ခုနှစ်မှာ ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးဖို့ ရှိနေတဲ့ ထူးအောင်

$
0
0

နှုတ်ခမ်းနီမလေးတွေကြားမှာ ရေပန်းစားပြီး အမျိုးသမီးထုရော အမျိုးသားထုပါမကျန် သဘောကျ၊ အားကျရတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ ထူးအောင်ကတော့ မကြာမီရုံတင်ပြသမယ့် “ကိုယ်စောင့်နတ်” ဇာတ်ကားမှာ ကျောင်းသား လူဆိုးနေရာကနေ ပါဝင်သရုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။

“ကျနော် “ကိုယ်စောင့်နတ်”ဇာတ်ကားမှာ ကျောင်းသားလူဆိုးနေရာက သရုပ်ဆောင်ထားပါတယ်။ ဇာတ်ကားထဲမှာ ကိုလွှမ်းပိုင် အရမ်းကြိုးစားထားပါတယ်။ ဇာတ်ကားက ဟာသကား ရယ်ရတယ်။ အရမ်းကောင်းပါတယ်။ ဒီကားကို ကြည့်လိုက်တာနဲ့ ဗီယက်နမ်ကားလိုလို ထိုင်းကားလိုလို ရသတခု ခံစားရမှာပါ”

“လူငယ်ကားလေးဖြစ်တော့ ချစ်စရာကောင်းတဲ့ ကားလေးပါ။ ကိုလွှမ်းပိုင်နဲ့ အမှတ်တရဆိုရင် အိမ်သာထဲကို ခေါင်းနှစ်တာ။ ပထမတခါ နှစ်တာ မပီပြင်လို့ နောက်တခါ တကယ်နှစ်လိုက်တယ်။ အဲ့ဒါလေးတွေကတော့ အမှတ်တရ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်က ရိုက်ခဲ့တာ ဆိုတော့ ကျနော့် သရုပ်ဆောင်မှုတွေကို သိပ်လည်း မသိသေးဘူး။ အပြင်မှာ တကယ်ဖြစ်တဲ့ အတိုင်းလုပ်ခဲ့တယ်”

“အခုလည်း လေ့လာနေဆဲပါပဲ။ ကျေနပ်အားရမှုတော့ အများကြီး မရှိပါဘူး။ ကျနော်ကျောင်းသားတုန်းက လူလိမ္မာလေးပါ။ မဆိုးပါဘူး။ ဂုဏ်ထူး ၃ လုံးလောက် ထွက်ပါတယ်။ ကျနော် Eco ရယ်၊ သင်္ချာရယ်၊ Chemistry ရယ် ထွက်တယ်။ ၉ တန်း၊ ၁၀ တန်း စာကြိုး စားတယ်။ တက္ကသိုလ်ရောက်မှ ကျတာ”လို့ ထူးအောင်က ပြောပါတယ်။

စီးရီးတွဲဇာတ်ကားတွေနဲ့ ပရိသတ် အားပေးမှုရှိနေတဲ့ ထူးအောင်က “ပုဂံမြို့သူ” စီးရီးတွဲနဲ့ ပတ်သက်လို့လည်း အခုလို ဆိုပါတယ်။

“ပုဂံမြို့သူ ဇာတ်ကားမှာ လူဆိုးတယောက် အနေနဲ့ ပါဝင်နေတော့ ပရိသတ်တွေ သည်းခံပြီးတော့ကြည့်ပေးကြပါလို့။ အဲ့ကာလ အတောအတွင်းမှာ လူဆိုးဖြစ်အာင်ပဲ ဖန်တီးနေတာ ရန်ကုန်ပြန်ရောက်တဲ့အထိ အဲ့စိတ်ကြီးကဖြစ်နေတာ။ ဝတ်စုံကို လှန်လိုက်တဲ့ ပုံတွေ ပရိသတ်တွေက အရမ်းသဘောကျနေကြတယ်။ ကျနော်ဒီတိုင်း ထရမှာကို ဝတ်ရုံကို လွှဲပြီးထလိုက်တာပေါ့”

“ဝတ်ရုံကလည်း အရမ်းလေးတယ်။ နောက်တကားက ဦးကျော်သူနဲ့ ပုဂံမှ ာရိုက်ခဲ့တာလည်းရှိတယ်။ ပုဂံနဲ့ တော်တော် ကံစပ်တယ်လို့ ပြောလို့ရတယ်။ စီးရီးတွဲတွေရိုက်ကူးရတဲ့အခါ အချိန်ကာလကြာတယ်။ အချိန်ကာလ ကြာတဲ့အခါမှာ အကောင်းဆုံးဖြစ်ဖို့အတွက် ကြိုးစားတဲ့ အခါမှာ အကောင်းဆုံး တည်ဆောက်ရတယ်”

“၂၀၁၉ ခုနှစ်မှာတော့ ပိုမိုကောင်းမွန်တာတွေ ပြသဖို့ ရှိပါတယ်။၂၀၁၉ မှာ ရုပ်ရှင် ကားကြီးတွေ ရိုက်ဖို့ရှိတယ်။ ဇာတ်လမ်းတွဲ ရိုက်ဖို့ ရှိတယ်။ ကျနော်ကို အားပေးနေတဲ့ ကျနော်ပရိသတ် ကျနော့် Fan တွေက ကျနော်အတွက်တော့ Enervon-C ပါ”လို့ ထူးအောင်က ပြောပါတယ်။

ထူးအောင်ပါဝင် သရုပ်ဆောင်ထားတဲ့ “ပုဂံမြို့သူ”ဇာတ်ကားဟာ MRTV-4 မှာ ပြသနေပြီး သူပါဝင်ထားတဲ့ “ကိုယ်စောင့်နတ်” ဇာတ်ကားကတော့ ဒီဇင်ဘာ ၂၈ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

The post ၂၀၁၉ ခုနှစ်မှာ ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးဖို့ ရှိနေတဲ့ ထူးအောင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ