Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဆောင်ဂျွန်ကီနှင့် ဂျန်ဒုံဂန်းတို့ပါဝင်မယ့် ဇာတ်လမ်းတွဲအတွက် ဖဲကြိုးဖြတ် အခမ်းအနားကျင်းပ

$
0
0

TvN ရုပ်သံလိုင်းကနေ မကြာမီထုတ်လွှင့်မယ့် “Asadal” ဆိုတဲ့ ဒရာမာရိုက်ကူးရေးကို ဖဲကြိုးဖြတ် အခမ်းအနားနဲ့ စတင်လိုက်ပြီဖြစ်ပါတယ်။

ဂိုဂျိုဆွန်းဘုရင့်နိုင်ငံတော်ရဲ့ မြို့တော် ဖြစ်တဲ့ Asadal မှာ ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းတပုဒ်ကို အခြေခံထားတဲ့ စိတ်ကူးယဉ် ဒရာမာ ဖြစ်ပါတယ်။ သူရဲကောင်း တယောက် ထွန်းကားလာဖို့ Asadal ဒေသခံတွေအကြား အချစ်၊ ပဋိပက္ခနဲ့ သဟဇာတဖြစ်မှုတို့ကြားက အဖြစ်အပျက်တွေကို မြင်တွေ့ရမှာပါ။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက်နေ့မှာတော့ ထုတ်လုပ်ရေးအဖွဲ့ဟာ မင်းသား ဆောင်ဂျွန်ကီ၊ ဒါရိုက်တာရင်လို့ လူသိများတဲ့ မင်းသား ဂျန်ဒုံဂန်း၊ မင်းသမီး ကင်ဂျီဝန်း၊ ကင်အို့ဘင်၊ အွီဆောင်း နဲ့ ပတ်ဟယ်ဂျွန်းတို့ကို ဒရာမာအတွက် ဖွင့်ပွဲအခမ်းအနားမှာ ဖိတ်ကြားထားတယ်လို့ ကြေညာခဲ့ပါတယ်။

အနုပညာရှင်တွေအပါအဝင် သူတို့ ရိုက်ကူးရေးအဖွဲ့ဟာ ၈ လကြာ ဆောက်လုပ်ခဲ့ရတဲ့ ဆောက်လုပ်ရေးပြီးမြောက်တဲ့ အခမ်းအနားကို ဂုဏ်ပြုခဲ့ကြပြီး ရိုက်ကူးရေးကို ဘေးအန္တရာယ်ကင်းရှင်းစွာ စတင်နိုင်ဖို့ ဆုမွန်ကောင်း တောင်းပေးခဲ့ကြပါတယ်။

မင်းသား ဆောင်က “ဒရာမာအတွက်နဲ့ အခြားအရာတွေအတွက် ရိုက်ကွင်း ဆောက်လုပ်ရေးကို လူတော်တော်များများ ကူညီပေးခဲ့ကြတဲ့အတွက် အခြားဝန်ထမ်းတွေ၊ သရုပ်ဆောင်တွေ၊ ကျနော်တို့ ဒါရိုက်တာကြီးနဲ့အတူ ကောင်းကောင်း လုပ်ဆောင်သွားမှာပါ။ ကျနော် စိတ်နစ်ပြီး အကောင်းဆုံး ဒရာမာ ဖြစ်အောင် လုပ်ဆောင်သွားမှာပါ” လို့ ပြောဆိုခဲ့ပါတယ်။

ဝါရင့်မင်းသား ဂျန်က “အကောင်းဆုံး ဒါရိုက်တာ၊ စာရေးဆရာ၊ ဝန်ထမ်းနဲ့ ကိုရီးယားဒရာမာရဲ့ အမျိုးအစားအသစ် တမျိုးကို ဖွင့်လှစ်နိုင်ဖို့အတွက် သရုပ်ဆောင်တွေနဲ့အတူ အလုပ်အတူတူလုပ်ရတာ ဂုဏ်ယူမိပါတယ်။ ရှည်ကြာတဲ့ လုပ်ငန်းစဉ်တခု ဖြစ်မှာ ဖြစ်ပေမယ့် တစုံတယောက်မှ ဒဏ်ရာ မရဘဲ ခရီးဆုံးတဲ့အထိ လူတိုင်း ခရီးလမ်းကို ပြီးဆုံးအောင် လျှောက်လှမ်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ် ၂၀ ကာလအတွင်းမှာ ကိုရီးယားက ဒရာမာချစ်ပရိသတ်တွေဟာ စိတ်ကူးယဉ်အချိန်ကာလ တခုမှ အခြေတည်ထားတဲ့ စိတ်ကူးယဉ်ဒရာမာအမျိုးမျိုးကြီး ကြည့်ရှုပြီး ကျေနပ်ခဲ့ကြပါတယ်။

ဒါပေမယ့် အဲဒီဒရာမာတွေထဲမှာ အဓိကဇာတ်ဆောင်တွေက ကိုရီးယားလူမျိုးတွေ မဟုတ်ခဲ့ပါဘူး။ အခုတော့ အဓိက ဇာတ်ကောင်တွေအဖြစ် ကိုရီးယားလူမျိုးတွေကို မြင်တွေ့ရမယ့် ရှေးခေတ်ဇာတ်လမ်းတပုဒ်ကို မြင်တွေ့ကြရတော့မှာပါ။ “Asadal” ဇာတ်လမ်းတွဲကို ၂၀၁၉ ခုနှစ်ထဲမှာ ထုတ်လွှင့်ပြသသွားမှာပါ။

Ref:soompi

The post ဆောင်ဂျွန်ကီနှင့် ဂျန်ဒုံဂန်းတို့ပါဝင်မယ့် ဇာတ်လမ်းတွဲအတွက် ဖဲကြိုးဖြတ် အခမ်းအနားကျင်းပ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ