Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အပျိုကြီးလုပ်ဖို့ စဉ်းစားထားတဲ့ ချမ်းမြေ့မောင်ချို

$
0
0

Myanmar Idol Season 3 ရဲ့ 1st Runner up အဆိုရှင် ချမ်းမြေ့မောင်ချိုက Myanmar Idol သီချင်းဆို ပြိုင်ပွဲပြီးနောက်ပိုင်း သီချင်းတွေ တောက်လျှောက်ဆိုနေသလို ကြော်ငြာတွေလည်း လက်ခံ ရိုက်ကူးနေတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“သီချင်းတွေ ဆိုဖြစ်နေတယ်။ New Year မှာ သီချင်းသစ် တပုဒ် ထွက်နိုင်အောင် ကြိုးစားနေပါတယ်။ အခွေကလုပ်တော့ လုပ်ချင်တယ်။ အစီအစဉ်တော့ရှိတယ်။ သီချင်းတွေလည်း စုနေတယ်။ ကိုယ့်ရှေ့မှာ ကိုဖြိုး(ဖြိုးမြတ်အောင်) ထွက်ပြီးမှ ထွက်ရမှာဆိုတော့ ထွက်နိုင်ဖို့တော့ ကြိုးစားနေပါတယ်”လို့ ချမ်းမြေ့မောင်ချိုက ပြောပါတယ်။

အခုနောက်ပိုင်းမှာ အလှအပကို ပို ဂရုစိုက်လာတဲ့ ချမ်းမြေ့မောင်ချိုက အလှအပနဲ့ ပတ်သက်ပြီးတော့လည်း အခုလိုပဲ ဆိုပါတယ်။

“အခုနောက်ပိုင်း ပိုလှလာတာ မဟုတ်ပါဘူး။ မိတ်ကပ်သေချာ လိမ်းဖြစ်တယ်။ အခုနောက်ပိုင်း မိန်းကလေး ပိုဆန်လာတာတော့ မဟုတ်ပါဘူး။ ဆင်ယင်ပေးတဲ့ သူတွေကြောင့် မိန်းကလေး ဆန်တာပါ။ ကိုယ့်ဟာကိုယ် အပြင်သွားရင်တော့ ယောကျာ်းလေးပုံစံပါပဲ။ ကြော်ငြာရိုက်ဖြစ်တာကလည်း ကမ်းလှမ်းတဲ့သူရှိလို့ ရိုက်ဖြစ်တာပါ။ ကြော်ငြာကမ်းလှမ်းမယ့် သူတွေ မရှိရင်တော့ မရိုက်ပါဘူး။ သီချင်းပဲ ဆိုနေမှာပါ”လို့ ချမ်းမြေ့မောင်ချိုက ဆိုပါတယ်။

ဇာတ်ကားတွေရိုက်ကူးဖို့ ကမ်းလှမ်းထားတာ ရှိပေမယ့် အဆိုပိုင်းကို သေချာလုပ်ပြီးမှ ရုပ်ရှင်ရိုက်ဖို့ စဉ်းစားဖြစ်မယ်လို့ သူက ဆိုပါတယ်။

“ဇာတ်ကားတွေရိုက်ဖို့ ကမ်းလှမ်းပါတယ်။ မလုပ်ဖြစ်ဘူးဆိုတာက ကိုယ်က အဆိုလိုင်းမှာ ဖြစ်ဖြစ်မြောက်မြောက် မဖြစ်သေးတာကြောင့် အယ်ဘမ်လေး ထွက်ပြီးမှ ငါအဆိုတော် ဖြစ်ပြီဆိုပြီး နည်းနည်း ခံယူလို့ရမှာလေ။ အဲ့ဒါကြောင့် အဆိုတော်ဖြစ်ဖို့ ကြိုးစားနေတာဆိုတော့ အဆိုတော် တယောက်အနေနဲ့ ခိုင်ခိုင်မာမာဖြစ်ပြီဆိုမှ ရုပ်ရှင်ရိုက်ဖို့ စဉ်းစားမယ်”

“အချစ်ရေးတော့ မစဉ်းစားသေးပါဘူး။ ကိုယ်က အခုမှ အလုပ်လုပ်မှာလေ။ အချစ်ရေး မစဉ်းစားဘူး။ အခုချိန်ထိတော့ အပျိုကြီးလုပ်ဖို့တော့ စဉ်းစားထားတယ်”လို့ ချမ်းမြေ့မောင်ချိုက ပြောပါတယ်။ ချမ်းမြေ့မောင်ချိုဟာ Shwe FM (၉) နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ ပရိသတ်က ရွေးချယ်ပေးခဲ့တဲ့ “အကောင်းဆုံး ဖက်ရှင်ဆု”ကို ရရှိခဲ့ပါတယ်။

Shwe FM ဂီတဆုပေးပွဲမှာ ချမ်းမြေ့မောင်ချိုက အဆိုတော် စည်သူလွင်နဲ့အတူ စုံတွဲသီချင်း သီဆို ဖျော်ဖြေပေးခဲ့ပါတယ်။

The post အပျိုကြီးလုပ်ဖို့ စဉ်းစားထားတဲ့ ချမ်းမြေ့မောင်ချို appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ