Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဒုတိယအကြိမ် မင်္ဂလာဧည့်ခံပွဲပြုလုပ်ဖို့ စီစဉ်နေတဲ့ Nick Jonas နဲ့ Priyanka Chopra

$
0
0

ကြင်စဦးဇနီးမောင်နှံဖြစ်တဲ့ Nick Jonas နဲ့ Priyanka Chopra တို့ဟာ သတို့သမီးရဲ့ မွေးရပ်မြေ အိန္ဒိယနိုင်ငံမှာ ဒုတိယအကြိမ်မြောက် မင်္ဂလာဧည့်ခံပွဲကို ပြုလုပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအစပိုင်းမှာပဲ ရာဂျစ်စတန်ပြည်နယ်၊ Jodhpur မြို့မှာရှိတဲ့ Umaid Bhawan နန်းတော်မှာ ခရစ်ယာန်ထုံးတမ်းနဲ့ရော ဟိန္ဒူထုံးတမ်းနဲ့ပါ မင်္ဂလာပွဲ ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီမှာ သီတင်းတပတ်ကြာ သူငယ်ချင်းတွေနဲ့ရော မိသားစုဝင်တွေနဲ့အတူ ပွဲတော်တွေကို ကျင်းပခဲ့ကြပါတယ်။

Nick နဲ့ Priyanka တို့ဟာ နယူးယောက်မြို့ကို ပြီးခဲ့တဲ့သီတင်းပတ်မှာ ပြန်မရောက်ခင် အိုမန်နိုင်ငံကို ဟန်းနီးမွန်း ထွက်ခဲ့ကြပါတယ်။ အဲဒီနောက် ဒီဇင်ဘာလ ၁၉ ရက်နေ့မှာတော့ ဒုတိယမြောက် မင်္ဂလာဧည့်ခံပွဲ ကျင်းပဖို့ အိန္ဒိယနိုင်ငံကို ပြန်လည် ရောက်ရှိလာခဲ့ကြပါတယ်။

အဆိုတော် Nick ဟာ ဒုတိယမြောက် မင်္ဂလာဧည့်ခံပွဲ မတိုင်မီ နာရီပိုင်းအလိုမှာ လေဆိပ်ကို တယောက်တည်း ရောက်ရှိလာခဲ့ပါတယ်။ အဲဒီနောက် လှလှပပ ပြင်ဆင်ထားတဲ့ ပန်းအပြင်အဆင်ရှေ့မှာ သူတို့နှစ်ယောက် ရိုက်ကူးထားတဲ့ ဓာတ်ပုံကိုလည်း ဝေမျှခဲ့ပါတယ်။

ဒေသတွင်းသတင်းတွေရဲ့အဆိုအရ အဲဒီပါတီကို မီဒီယာတွေ၊ သူငယ်ချင်းနဲ့ ဆွေမျိုးတွေနဲ့အတူ ကျင်းပခဲ့ပြီး ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ပြုလုပ်တဲ့ အဲဒီပွဲကို သူချစ်ရသူတွေ အတွက် သီးသန့်လုပ်ပေးတာဖြစ်တယ်လို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံကို ပြန်မလာခင်မှာ Nick က အစ်ကိုဖြစ်သူ Joe Jonas နဲ့ မရီးလောင်း Sophie Turner တို့နဲ့အတူ နယူးယောက်မြို့က Madison Square Garden ကို သွားရောက်ခဲ့တာမြင်တွေ့ခဲ့ရပါတယ်။

Ref: aceshowbiz

The post ဒုတိယအကြိမ် မင်္ဂလာဧည့်ခံပွဲပြုလုပ်ဖို့ စီစဉ်နေတဲ့ Nick Jonas နဲ့ Priyanka Chopra appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)