Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“Aladdin”ရုပ်ရှင်ထဲက မီးခွက်စောင့်ဘီလူးဟာ အပြာရောင်သာဖြစ်မယ်လို့ Will Smith ပြော

$
0
0

Entertainment Weekly ဂျာနယ်ဟာ Disney ရဲ့ ကာတွန်းကို ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်“Aladdin” ရဲ့ ပထမဆုံး ဓာတ်ပုံတွေကို ဒီဇင်ဘာလ ၁၉ ရက်နေ့တုန်းက ဖြန့်ချိခဲ့ပေမယ့် အဲဒါကို လူတိုင်းကတော့ သဘောမတွေ့ခဲ့ကြပါဘူး။

Aladdin အဖြစ် မင်းသား Mena Massoud ၊ ဂျက်စမင်မင်းသမီးအဖြစ် မင်းသမီး Naomi Scott ၊ နဲ့ မီးခွက်စောင့်ဘီလူးအဖြစ် Will Smith တို့ ပါဝင်ထားတဲ့ အဲဒီရုပ်ရှင်ဟာ အွန်လိုင်းမှာတော့ ဝေဖန်မှုတချို့နဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အဲဒီ ဓာတ်ပုံတွေထဲက မီးခွက်စောင့်ဘီလူးဟာ တကမ္ဘာလုံးက သိကြတဲ့ အာလာဒင် အပြာရောင်နဲ့ မဟုတ်ဘဲ မတူတဲ့ ဆံပင်ပုံစံ၊ မုတ်ဆိတ်မွှေးတို့ ရှိနေတာကြောင့် ပရိသတ်တို့ သဘောမတွေ့ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ မီးခွက်စောင့်ဘီလူးအဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသား Smith ကတော့ အခုလိုမျိုး ဂန္တဝင်ဇာတ်ကောင်နဲ့ ပတ်သက်လို့ ပရိသတ်တွေရဲ့ စိုးရိမ်မှုကို လျော့ကျစေဖို့ Facebook မှာ ပို့စ်တခုကို တင်ခဲ့ပါတယ်။ အဲဒီပို့စ်ထဲမှာ သူက ရုပ်ရှင်ထဲမှာ အပြာရောင်သာဖြစ်မှာသာ ဖြစ်ကြောင်း၊ အခုဓာတ်ပုံထဲမှာ ပါဝင်တဲ့ ပုံရိပ်ဟာ မီးခွက်စောင့်ရဲ့ လူသားပုံစံသာဖြစ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

မင်းသားက အခုလိုမျိုး ရှင်းပြခဲ့ပေမယ့်လည်း အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ဝေဖန်မှုတွေကို လျော့ကျမသွားစေခဲ့ဘဲ အခုလိုမျိုး ရုပ်ရှင်အပေါ် စိတ်ပျက်မိတဲ့အကြောင်း Twitter မှာ ပြောဆိုမှုတွေက မြင့်တက်လာခဲ့ပါတယ်။

ဒါရိုက်တာ Guy Ritchie ကတော့ သူ့ရဲ့ ရုပ်ရှင်နဲ့ ပတ်သက်လို့ အခုလိုမျိုး ပြောဆိုထားပါတယ်။ သူက “ကျနော့်ရဲ့ ကျွမ်းကျင်မှုတွေနဲ့ အတွေ့အကြုံက အသစ်အဆန်းခံစားရအောင် ပြုလုပ်ပေးနိုင်မှာဖြစ်ပြီး တန်ဖိုးရှိပေမယ့် စိတ်ခံစားမှုတွေကိုတော့ ဖယ်ရှားနိုင်ခဲ့တာ မရှိပါဘူး”လို့ ပြောဆိုခဲ့ပါတယ်။

သူ့ရဲ့ ကလေး ၅ ဦးကြောင့် ကလေးကြိုက်ရုပ်ရှင်တခုကို ဖန်တီးထားဟာ သူ့အတွက်တော့ အလွန် စိတ်ကျေနပ်ဖွယ် ဖြစ်တယ်လို့လည်း ဆိုပါတယ်။ မင်းသား Smith ပါဝင်ထားတဲ့ “Aladdin” ရုပ်ရှင်ကို လာမယ့်နှစ် မေလ ၂၄ ရက်နေ့မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

Ref: etcanada

The post “Aladdin”ရုပ်ရှင်ထဲက မီးခွက်စောင့်ဘီလူးဟာ အပြာရောင်သာဖြစ်မယ်လို့ Will Smith ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ