Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အမည်းရောင် ခရစ္စမတ်သစ်ပင်တွေနဲ့ အလှဆင်နည်း ခေတ်စားနေ

$
0
0

ခရစ္စမတ်ဟာ ရိုးရာပွဲတခုပါ။ ဒါပေမယ့်လည်း သင့်အိမ်အလှဆင်တာတွေကို ရှေးရိုးစွဲနည်းအတိုင်း သုံးရမယ်လို့ မဆိုသာပါဘူး။

၂၁ ရာစုကို ရောက်လာတဲ့အခါ လူတွေဟာ အသစ်အဆန်းတွေကို ပိုမို ပြုလုပ်လာကြပါတယ်။ ဒါကြောင့်လည်း ဒီနှစ် ၂၀၁၈ခုနှစ် မှာ အမည်းရောင် ခရစ္စမတ်သစ်ပင်တွေက ခေတ်စားလာတာ ဖြစ်ပါတယ်။ Classic ဖြစ်တဲ့ အစိမ်းရောင် သစ်ပင်တွေအစား ပိုမိုခေတ်ဆန်တဲ့ ခရစ္စမတ်သစ်ပင် အစားထိုးမှုဟာ ဆိုရှယ်မီဒီယာ ရေစီးကြောင်းမှာ ပါဝင်လာပါတယ်။

ကယ်လဖိုးနီးယားမှာနေထိုင်တဲ့ အသက် ၂၅ နှစ်အရွယ် Richard Ramirez Jr. ဆိုသူ က သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာမှာ အမည်းရောင် ခရစ္စမတ်သစ်ပင်ကို ပထမဆုံးတင်ခဲ့ပါတယ်။ သူတင်ပြီးတဲ့ နောက်မှာ သူ့ ပို့စ်ကို Share တဲ့ သူ တသောင်းတောင် ရှိခဲ့ပါတယ်။

“ အမည်းရောင်က ကျနော့်ရဲ့ အကြိုက်ဆုံးအရောင်ပါ။ ဒါကြောင့် အားလပ်ရက် ရိုးရာတခုအနေနဲ့ အမည်းရောင် ခရစ္စမတ်သစ်ပင်ကို ပြုလုပ်ခဲ့တာပါ။ ဒီသစ်ပင်က ကျနော့်ကို လွှမ်းမိုးမှုရှိတယ်။ အမည်းရောင်ဆိုတော့ ပိုပြီး ခေတ်မှီတာပေါ့ “ လို့ Today Home ကို ပြောပြခဲ့ပါတယ်။

ဒါကြောင့် အခုဆိုရင် ဒီနှစ်အတွက် အမည်းရောင် ခရစ္စမတ်အပင်ကို အလှဆင်ယင်တဲ့သူတွေလည်း အများကြီးရှိလာကြပါတယ်။

Online Shop တွေမှာလည်း အမည်းရောင် ခရစ္စမတ်သစ်ပင်ကို ဝယ်ယူဖို့ ရှာဖွေသူ နှစ်ထောင်ကျော်ရှိခဲ့ပြီး  ယခင်နှစ်က ရှာဖွေမှုထက် ၁၂၀၀ ကျော်များတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ WayFair Company က သူတို့ ရောင်းချတဲ့ ပစ္စည်းထဲမှာ အမည်းရောင် ခရစ္စမတ်သစ်ပင်ကို ထည့်သွင်းထားတာကြောင့် ရောင်းအားမြင့်တက်ခဲ့တယ်လို့လည်း သိရပါတယ်။

Pinterest မှာ တော့ အမည်းရောင်သစ်ပင်ကို အလှဆင်နည်းတွေ တင်ထားပြီး အိမ်တော်တော်များများက အနီရောင်၊ ခရမ်းရောင်နဲ့ ရွှေရောင်တွေကို ထည့်သွင်း အလှဆင်ကြပါတယ်။

အမည်းရောင် ခရစ္စမတ်သစ်ပင်ကိုတော့ WayFiar,Walmart,Amazon ,Treetopia စတဲ့ နေရာတွေမှာ ဝယ်ယူနိုင်ပါတယ်။ အမည်းရောင်ကို သိပ်မကြိုက်ဘူးဆိုရင်တော့ သာမန်ခရစ်စ္စမတ်သစ်ပင်နဲ့ အလှဆင်နိုင်ပြီး ပန်းရောင် သစ်ပင်တွေလည်း ရှိတယ်လို့ ဆိုပါတယ်။

Ref;todayhome

The post အမည်းရောင် ခရစ္စမတ်သစ်ပင်တွေနဲ့ အလှဆင်နည်း ခေတ်စားနေ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ