Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ပရဟိတမင်းသား ဝေဠုကျော်အပေါ် အနုပညာရှင်များရဲ့ အမြင်

$
0
0

လတ်တလော ပရဟိတမင်းသား ဝေဠုကျော်ကို ချစ်သူဟောင်းဖြစ်သူ အလှမယ် သင်းသင်းက တရားစွဲဆိုမယ်ဆိုတဲ့ သတင်းများ ပျံ့နှံ့နေတဲ့အပေါ် အနုပညာရှင်များက သူတို့ အမြင်များကို အခုလိုပဲ ပြောပြထားပါတယ်။

ချိုပြုံး

“အမေချိုကတော့ လူကြီးဆိုတော့ လူကြီးစကားပဲ ပြောချင်တယ်။ အခုခေတ် မိန်းကလေးတွေက နာမည်ကြီးဖို့ ဘာမဆို လုပ်တယ်။ နာမည် ကြီးချင်ကြတယ်။ သူတို့ ဆင်ခြင်ရမှာတွေ မပြုသင့်၊ မပြုအပ်တာတွေ ဘာမှ မရှိတော့ဘူး။ မချိုက ဒီကောင်လေး မှားတယ်လည်းမပြောချင်ဘူး။ မှန်တယ်လည်း မပြောချင်ဘူး။ ဟိုကောင်မလေး မှားတယ်လည်း မပြောချင်ဘူး။ မှန်တယ်လည်း မပြောချင်ဘူး။ ခေါင်းရှိတဲ့သူတိုင်း သိတယ်”လို့ သရုပ်ဆောင် ချိုပြုံးက ပြောပါတယ်။

မို့မို့မြင့်အောင်

“အဲဒါတွေကလည်း ခက်သားနော်။ အဲဒါတွေကလည်း ရှိသားလားနော်လို့ ပြောမလို့။ သူ့အကြောင်းအရာနဲ့ သူ ရှိကြတာပါပဲ။ ဒါပေမဲ့ ရှောင်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ မမို့တို့ မိန်းမသားအနေနဲ့ တွက်ရင် အရာရာ မိန်းမပေါ်မှာ မူတည်ပါတယ်။ မမို့လည်း အခု မိန်းမတယောက် ရပ်တည်နေတာပဲ။ ဘာနာမည်ပျက်မှ မရှိဘူး။ မိန်းမပေါ်မှာ အရာရာ မူတည်ခဲ့လို့လေ”

“ကိုယ့်အနုပညာသမားဘက်က ရပ်တည်ပြီးပြောတာတော့ မဟုတ်ပါဘူး။ အစောကြီး ဒီလိုမဖြစ်ချင်ရင် မနေခဲ့နဲ့လေ။ မမို့ကတော့ Living Together ကို အားမပေးပါဘူး။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားရင် ဒီလိုတွေ ဖြစ်စရာ မရှိပါဘူး။ အဝေ (ဝေဠုကျော်) ဘက်က ပြောတာတော့ မဟုတ်ပါဘူး” လို့ မို့မို့မြင့်အောင်က ပြောပါတယ်။

ဝေဠုကျော်ဟာ ပရိသတ်တွေ လေးစားအားကျရတဲ့ သရုပ်ဆောင်တဦး ဖြစ်ပါတယ်။ ဝေဠုကျော်ဟာ ၂၀၀၉ ခုနှစ်ကစပြီး လူမှုအကျိုးပြုအလုပ်တွေကို လုပ်ကိုင်ဖို့ “ဝေဠုကျော် ဖောင်ဒေးရှင်း”ကိုစတင် တည်ထောင်ခဲ့ပြီး ၂၀၁၆ ခုနှစ်ရဲ့ တနှစ်တာအတွင်းမှာ ကြုံတွေ့ခဲ့ရတဲ့ မြန်မာနိုင်ငံရဲ့ စစ်ဘေး၊ မီးဘေး၊ ရေဘေး၊ မြေပြိုမှုတွေမှာ အလျင်အမြန် အကူအညီပေးနိုင်သူအဖြစ် 7Day News Journal ရဲ့ သူရဲကောင်းဆုကို ရရှိထားပါတယ်။ ၂၀၁၀ ခုနှစ်မှာလည်း “ပင်လယ်ထက်က နေဝန်းနီ”ဇာတ်ကားနဲ့ အကယ်ဒမီ ရရှိခဲ့ပါတယ်။

ဆက်စပ် သတင်းလင့်ခ်ဆယ်လီဖြစ်ချင်လို့ ဝေဠုကျော်ကို တရားစွဲတာ မဟုတ်ဘူးလို့ ပြောတဲ့ အလှမယ် သင်းသင်း

The post ပရဟိတမင်းသား ဝေဠုကျော်အပေါ် အနုပညာရှင်များရဲ့ အမြင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ