Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

မိစန္ဒီနဲ့အတူ ကြမ်းကြမ်းတမ်းတမ်း Music Video ရိုက်ထားတဲ့ နီနီခင်ဇော်

$
0
0

တမူထူးခြားတဲ့ Music Video တွေ ဖန်တီး သရုပ်ဆောင်လေ့ရှိတဲ့ အဆိုတော် နီနီခင်ဇော်က သူငယ်ချင်းဖြစ်သူ အဆိုတော် မိစန္ဒီနဲ့အတူ Music Video တပုဒ်ကို မတူညီတဲ့ ပုံစံတခုနဲ့ သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

“ဒီလထဲမှာ မိစန္ဒီနဲ့ Music Video ရိုက်ထားတာ ထွက်မလား မသိဘူး။ သူက ပရိုဂျူဆာဆိုတော့ ထွက်မလား မသိသေးဘူး။ ရိုက်ထားတာတော့ ရှိတယ်။ အဲဒါကြောင့် နီနီ့ရဲ့ Single Song ထွက်ဖို့ ရှိတာကို နောက်ဆုတ်ထားတယ်။ အဲဒီ Music Video က အရမ်းထူးခြားတယ်။ ပြောပြလို့တော့ မရသေးဘူး။ သူက ဆူမှာ။ ဒါပေမဲ့ နီနီတခါမှ မလုပ်ဖူးတဲ့ ကာရိုက်တာတခု လုပ်ထားတယ်။ တခါမှ မဆိုဖူးဘူး။ အဲဒီလိုလည်း မကဖူးဘူး။ ကြမ်းကြမ်းတမ်းတမ်းပေါ့။ မိစန္ဒီက အတင်းလုပ်ခိုင်းလို့ လုပ်ရတာပါ”လို့ နီနီခင်ဇော်က ပြောပါတယ်။

နီနီခင်ဇော်ကတောာ့ သီချင်းအဆို ကောင်းရုံသာမက အခုနောက်ပိုင် းရိုက်ကူးတဲ့ Music Video များမှာ ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ရာမှာတော့ သရုပ်ဆောင်ကောင်းတဲ့ သူတယောက်အဖြစ် ပရိသတ်များက အားပေးခဲ့ကြပါတယ်။

သူမအနေနဲ့ကတော့ သရုပ်ဆောင်လုပ်ဖို့၊ မလုပ်ဖို့ကို အခုချိန်မှာ မပြောသေးဘဲ ပရိသတ်များက စောင့်ကြည့်ပေးပါလို့ ပြောပါတယ်။ မကြာခင်မှာ Season 2 အနေနဲ့ ပြုလုပ်ကျင်းပတော့မယ့် The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာလည်း ဒိုင်တဦးအနေနဲ့ ထပ်မံပြီး ပါဝင်သွားမယ့် အကြောင်းကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

“ဒီနှစ်ကတော့ သူတို့ Theme တွေလည်း အကုန်ပြောင်းထားတယ်။ တချို့ Week တွေမှာဆိုရင် အသစ် ထပ်တိုးထားတာတွေ ရှိပါတယ်။ ဒီတခေါက်မှာ ပရိသတ်တွေ ပိုပြီးတော့ ပျော်စရာလည်း ကောင်းမယ်။ စိတ်လှုပ်ရှားစရာလည်း ကောင်းမယ်လို့ထင်ပါတယ်။ အဓိကကတော့ The Voice ကတော့ အသံပါပဲ။ ရုပ်လည်း မမြင်ရဘူး။ အသံကို ကြည့်ပြီးတော့ပဲ လှည့်ကြည့်ရမှာ။ အခု ဇန်နဝါရီမှာတော့ Blind Audition စပြီးတော့ ရိုက်ကူးပါတော့မယ်” လို့ နီနီခင်ဇော်က ပြောပါတယ်။

မကြာခင်မှာလည်း ၂၀၁၈ ခုနှစ်ဟာ ကုန်ဆုံးတော့မှာဖြစ်ပြီး ၂၀၁၈ ခုနှစ်ကတော့ နီနီခင်ဇော့်အတွက် သီချင်းတွေအများကြီး လုပ်နိုင်တဲ့ နှစ်တနှစ် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

“၂၀၁၈ ခုနှစ်မှာ နီနီသီချင်းတွေ အများကြီး လုပ်လာနိုင်တယ်လို့ ထင်တယ်။ ၂၀၁၉ ခုနှစ်မှာတော့ ၂၀၁၈ ခုနှစ်ထက် ပိုပြီးတော့ လုပ်ရမှာပေါ့နော်။ အသက်တွေက ပိုကြီးလာတော့ အချိန်က သိပ်မကျန်တော့ဘူးလေ။ တဖြည်းဖြည်းနဲ့ အချိန်က ပိုပြီးတန်ဖိုး ရှိလာတယ်။ စိန်တွေ ကျောက်တွေထက် တန်ဖိုးရှိလာတယ်”

“ဒီလိုအချိန်မျိုးတွေမှာ ကိုယ့်ရဲ့အချိန်တွေကို တန်ဖိုးရှိရှိ သုံးနိုင်ဖို့အတွက် လူငယ်တယောက်အနေနဲ့ ပြင်ဆင်တယ်။ ကြိုးစားတယ်။ ရတဲ့အချိန်လေးမှာ အနုပညာ ဘယ်လိုလုပ်မလဲ။ စီးပွားရေးအလုပ်ကိုလည်း ဘယ်လိုအချိန်ပေးပြီး ကြိုးစားမလဲဆိုတာပဲ လုပ်ဖြစ်တော့တယ်။ Game တွေ ဘာတွေဆို မဆော့ဖြစ်တော့ဘူး”လို့ နီနီခင်ဇော်က ပြောပါတယ်။

The post မိစန္ဒီနဲ့အတူ ကြမ်းကြမ်းတမ်းတမ်း Music Video ရိုက်ထားတဲ့ နီနီခင်ဇော် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ