Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

တရုတ်နိုင်ငံမှာ တာထွက် မကောင်းခဲ့တဲ့ “Crazy Rich Asians”ရုပ်ရှင်

$
0
0

ဟောလိဝုဒ်မှာ ပြီးခဲ့တဲ့ ရာသီကာလတုန်းက အောင်မြင်မှု သရဖူဆောင်းခဲ့တဲ့ “Crazy Rich Asians” ရုပ်ရှင်ကို တရုတ်နိုင်ငံမှာ စတင်ပြသတဲ့အခါ ဒေါ်လာ ၁ သန်းကျော်ပဲ ရရှိခဲ့တာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေပိုင်းအထိတော့ အဲဒီ အချစ်ဟာသဇာတ်မြူးရုပ်ရှင်ဟာ စတုတ္ထနေရာမှာပဲ ရှိနေခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ တရုတ်ပရိသတ်တွေဟာ ရုပ်ရှင်အပေါ် စိတ်ဝင်စားမှု ပြန်လည်မြင့်တက်လာခဲ့ပေမယ့် နောက်တရက် အကြာမှာတော့ တခြားရုပ်ရှင်တွေကိုသာ လူကြည့်များခဲ့တာ တွေ့ရပါတယ်။

ဒါပေမဲ့ သီတင်းပတ်ကုန်ပိုင်းမှာတော့ အဲဒီရုပ်ရှင်ဟာ ရုံဝင်ငွေ နံပါတ် ၈ နေရာမှာသာ ကျေနပ်လိုက်ရပြီး တရုတ်နိုင်ငံကပဲ ထုတ်လုပ်တဲ့ “A Cool Fish” ရုပ်ရှင်နဲ့ “Venom” ရုပ်ရှင်တို့လောက် ဝင်ငွေ မရခဲ့တာ တွေ့ရပါတယ်။ “Crazy Rich Asians“ ရုပ်ရှင်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့မှာဒေါ်လာ ၄ သိန်း ၁ သောင်းနဲ့ ဒီဇင်ဘာလ ၁ ရက်နေ့မှာ ဒေါ်လာ ၄ သိန်း ရရှိခဲ့ပါတယ်။

ပါဝင်တဲ့သရုပ်ဆောင်အားလုံးက အာရှတိုက်သားတွေပဲ ဖြစ်တာကြောင့် အမေရိကန်နိုင်ငံမှာပါ အထူးအောင်မြင်ခဲ့ပေမယ့်လည်း တရုတ်နိုင်ငံမှာတော့ လူကြိုက်များမှု နည်းပါးခဲ့ပါတယ်။ အဓိက အကြောင်းအရင်းတွေထဲမှာ တကမ္ဘာလုံးမှာပြသအပြီး လပေါင်းများစွာ ကြာပြီးမှ တရုတ်နိုင်ငံမှာ စတင်ပြတာကြောင့်လို့လည်း ဆိုပါတယ်။

အခုလိုမျိုး ဝင်ငွေမကောင်းဘူးဆိုတဲ့ သတင်းတွေကြောင့် ပြသတဲ့ အကြိမ်အရေအတွက်ကို ၃ သာင်း ၂ ထောင်ကနေ ၁ သောင်း ၈ ထောင်အထိ လျှော့ချလိုက်ပါတယ်။ တရုတ်ပြည်မကြီးမှာ ရှိတဲ့ တချို့သော ပရိသတ်တွေက ရုပ်ရှင်ကို နိုင်ငံရပ်ခြားမှာ သွားရောက်ကြည့်ရှုထားသလို အွန်လိုင်းပေါ်မှာလည်း ပေါက်ကြားခဲ့တာကြောင့်လည်း လူကြည့်နှုန်းနည်းခဲ့တာလို့ ဆိုပါတယ်။

ဒါပေမဲ့ အာရှသားတွေချည်း သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဖြစ်တာကြောင့် ကမ္ဘာ့ဒုတိယအကြီးဆုံး ရုပ်ရှင်ဈေးကွက်လို့ ဆိုနိုင်တဲ့ တရုတ်နိုင်ငံမှာတော့ လူကြည့်နှုန်း များသင့်တယ်လို့ ပြောဆိုတာတွေ ရှိပါတယ်။

အဲဒီရုပ်ရှင်ကို မြောက်အမေရိကဒေသမှာ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက ဖြန့်ချိခဲ့ပြီး ဝင်ငွေဒေါ်လာ ၁၇၄ သန်းအထိ ရရှိခဲ့ပါတယ်။ အရှေ့အာရှဘက်မှာတော့ ပြီးခဲ့တဲ့ စက်တင်ဘာလမှ စတင်ပြသခဲ့ပြီး ရုပ်ရှင် ဇာတ်ဝင်ခန်းအများစုကို ဇာတ်အိမ်တည်ထားတဲ့ စင်ကာပူနိုင်ငံမှာတော့ ဒေါ်လာ ၅ သန်း ရရှိခဲ့ပါတယ်။

Ref:variety

The post တရုတ်နိုင်ငံမှာ တာထွက် မကောင်းခဲ့တဲ့ “Crazy Rich Asians” ရုပ်ရှင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ