Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

စိတ်ချောက်ချားမှု အပြည့်နဲ့ ကြည့်ရှုရမယ့် “Hereditary”ရုပ်ရှင်

$
0
0

ဒီတခါမှာတော့ IMDB rating (7.3) ရရှိထားတဲ့ Horror, Thriller ရုပ်ရှင်အမျိုးအစား ဇာတ်ကားကောင်းတကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ Ari Aster ရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင်တွေအနေနဲ့ Toni Collette, Gabriel Byrne, Alex Wolff နဲ့ Milly Shapiro တို့က အဓိကပါဝင် သရုပ်ဆောင်ထားကြပါတယ်။

ဇာတ်လမ်း အစမှာ မိခင်ဖြစ်သူရဲ့ နာရေး အခမ်းအနားကို အန်နီဟာ ခင်ပွန်း၊ သားကြီး၊သမီးတို့နဲ့ အတူ တက်ရောက်တဲ့ မြင်ကွင်းနဲ့ စတင်ထားပါတယ်။ အန်နီဟာ အဆောက်အဦ ပုံစံငယ်လေးတွေကို ဖန်တီးတဲ့ အနုပညာရှင်တယောက်ဖြစ်ပြီး သူတို့မိသားစုဟာ လ့ူပတ်ဝန်းကျင်နဲ့ ခပ်ကင်းကင်းနေကြတဲ့ မိသားစုတစုလည်း ဖြစ်ပါတယ်။

မိခင်ဖြစ်သူသေဆုံးသွားပြီးတဲ့နောက်မှာ အန်နီတယောက် မိသားစုဝင်တွေ ဆုံးရှုံးသွားသူတွေစုပေါင်းပြီး ပြုလုပ်တဲ့ နှစ်သိမ့်ဆွေးနွေးပွဲကို မကြာခဏ သွားရောက်ကနေ “ဂျုံး”ဆိုတဲ့ အမျိုးသမီးကြီးတဦးနဲ့ အသိမိတ်ဆွေတွေ ဖြစ်သွားခဲ့ပါတယ်။

သားဖြစ်သူနဲ့ မြေးဖြစ်သူတို့ကို တပြိုင်နက်တည်းမှာလို ဆုံးရှုံးခဲ့ရတဲ့ ဂျုံးဟာ သဘာဝလွန်ဖြစ်ရပ်တွေကို ယုံကြည်သူတဦးဖြစ်ပြီး အန်နီ့ကိုလည်း သူမနဲ့ မကြာခဏ လာတွေ့ဖို့ကို တိုက် တိုက်တွန်းတွန်း ရှိသူတဦးလည်း ဖြစ်ပါတယ်။ မိခင်ဖြစ်သူရဲ့နာရေး ပြီးဆုံးလို့ သိပ်မကြာတဲ့ အချိန်ကာလအတွင်းမှာပဲ အန်နီတို့မိသားစုကို ကြောက်လန့်ဖွယ် ကြမ္မာဆိုးတခု ဝင်ရောက်လာခဲ့ပါတယ်။

ဒီကြမ္မာဆိုးကြီး ဝင်ရောက်ခဲ့ပြီးနောက်ပိုင်းမှာမှ မိသားစုထဲ ကစဉ့်ကလျားတွေ ဖြစ်ခဲ့ရတဲ့အပြင် မိတ်ဆွေဖြစ်တဲ့ ဂျုံးဟာ သေဆုံးသွားပြီဖြစ်တဲ့ မိခင်ဖြစ်သူနဲ့ ဆက်စပ်နေတဲ့ ဆက်သွယ်မှုတွေ စတဲ့ ဇာတ်ဝင်ခန်းတွေကို စိတ်ဝင်တစား ရင်တထိတ်ထိတ်နဲ့ ဆက်လက် ကြည့်ရှုကြရမှာပါ။

ဒီရုပ်ရှင်ဇာတ်ကားထဲမှာ တချို့သောဇာတ်ဝင်ခန်းတွေကို Spoiler ဖြစ်မှာ စိုးတဲ့အတွက်ကြောင့် ချန်လှပ်ပြီး မဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။

ဝုန်းဝုန်းဒိုင်းဒိုင်းနဲ့ ခြောက်တဲ့ သရဲကားတွေလိုမျိုး မဟုတ်ဘဲ ကြည့်နေစဉ် အတောအတွင်းမှာ အိပ်မက်ဆိုးတွေ မက်နေသလို စိတ်ချောက်ချားမှု အပြည့်နဲ့ ကြည့်ရှုရမှာဖြစ်တာကြောင့် Horror ကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ပရိသတ်တွေအတွက် ပြန်လည် ညွှန်းဆိုပေးလိုက်ပါတယ်။

The post စိတ်ချောက်ချားမှု အပြည့်နဲ့ ကြည့်ရှုရမယ့် “Hereditary” ရုပ်ရှင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ