Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

သီချင်းခွေ Pre-Order မှာယူတဲ့ ပရိသတ် ၁၀ ယောက်နဲ့ အပြင်မှာ တွေ့မယ့် Mary

$
0
0

ထူးခြားတဲ့ အသံပိုင်ရှင် အဆိုတော် Mary ကတော့ မကြာခင် တကိုယ်တော်အခွေ ထွက်ရှိလာမှာ ဖြစ်ပြီး တကိုယ်တော် အခွေနဲ့အတူ Album စာအုပ်လည်း ထည့်သွင်းထားတယ်လို့ သိရပါတယ်။ အဆိုပါ Album အခွေကို ကြိုတင်မှာယူတဲ့ ၁၀ ယောက်နဲ့အတူ Mary က အပြင်မှာ တွေ့ဆုံဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။

“အခွေမှာ Album စာအုပ်လေး လုပ်ထားတယ်။ အွန်လိုင်းမှာ Pre-Order လည်း လက်ခံနေပါပြီ။ Pre-Order လုပ်တဲ့သူတွေအတွက် အထူးအစီအစဉ်တွေ လုပ်ထားပါတယ်။ အခွေမထွက်ရသေးခင် အချိန်ကတည်းက စတင် မှာယူလို့ ရပါပြီ။ အဲဒီလို ကြိုတင်မှာယူတဲ့သူတွေထဲက ၁၀ ယောက်ကို Mary နဲ့အတူ တွေ့ဆုံပြီး Activities လုပ်ပေးဖို့အတွက် စီစဉ်ထားပါတယ်” လို့ Mary က ပြောပါတယ်။

Mary ရဲ့ Album စာအုပ်ထဲမှာတော့ Mary ရဲ့အလှဓာတ်ပုံများနဲ့အတူ သီချင် းစာသားများ၊ သီချင်း တပုဒ်ချင်းစီအပေါ် ခံစားမိတဲ့ ကဗျာလေးများ၊ ပန်းချီများ ပါဝင်တဲ့ စာအုပ် တအုပ်ဖြစ်ပြီး နောက်ထပ်လည်း Mary ရဲ့သီချင်း ၁၃ ပုဒ်ပါဝင်တဲ့ CD တချပ်လည်း ပါဝင်မှာ ဖြစ်ပါတယ်။

Mary ရဲ့ Album စာအုပ်ကို ကြိုတင်မှာယူသူများအနေနဲ့ Mary ကိုယ်တိုင် ရေးသားထားတဲ့ မိတ်ဆက်စာနဲ့ လက်မှတ် ပါဝင်မယ့် ပို့စ်ကဒ် လှလှလေးတခုလည်း ရရှိမယ်လို့ သိရပါတယ်။

Pre- Order များကိုတော့ ဒီဇင်ဘာလ ၂ ရက်နေ့ထိ မှာယူနိုင်ပြီး ဒီဇင်ဘာလ ၃ ရက်နေ့မှစတင်ကာ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ Album စာအုပ်ရဲ့ တန်ဖိုးကိုတော့ ငွေကျပ် ၅ ထောင်လို့ သတ်မှတ်ထားပါတယ်။

Mary ကတော့ သူမရဲ့ပထမဆုံး တကိုယ်တော်အခွေ ဖြစ်တဲ့အတွက် ထူးခြားစွာ ဖန်တီးထားပြီး သူမအတွက် ဝေဖန်မှုများ၊ အားပေးမှုများကို စောင့်မျှော်နေပါတယ်လို့ ဆိုပါတယ်။

“Pressure အရမ်းများတယ်။ လူတွေက ဝဲတို့ Mask တို့ထက် အများကြီး မျှော်လင့်ထားမှာပေါ့။ Mary က ပုံစံလေး ခွဲထွက်ထားတဲ့အတွက် ဘယ်လိုလာမလဲဆိုတာကိုတော့ အားမရတဲ့ ပရိသတ်လည်း ရှိကောင်းရှိလိမ့်မယ်။ အသစ်အဆန်းလေး လုပ်ထားပါလားဆိုပြီး တွေးတဲ့ ပရိသတ်လည်း ရှိကောင်းရှိလိမ့်မယ်။ အဲဒီအတွက် အဆိုးဆုံးလည်း မျှော်လင့်ထားသလို အကောင်းဆုံးလည်း နားထောင်ချင်ပါတယ်”လို့ Mary ကပြောပါတယ်။

Mary ကတော့ ပရိသတ်တွေ အားပေးနေသရွေ့ အနုပညာအလုပ်များကို လုပ်ကိုင်နေမှာဖြစ်ပြီး အခုချိန်မှာတော့ ကျောင်းပြီးသွားပြီ ဖြစ်တဲ့အတွက် အနုပညာကို သေချာဇောက်ချ လုပ်ကိုင်သွားမယ်လို့ ဆိုပါတယ်။

The post သီချင်းခွေ Pre-Order မှာယူတဲ့ ပရိသတ် ၁၀ ယောက်နဲ့ အပြင်မှာ တွေ့မယ့် Mary appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ