Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“မင်းသားဖြစ်ချင်လို့ သရုပ်ဆောင်လုပ်တာ မဟုတ်ပါဘူး”ဆိုတဲ့ ဇင်မျိုး

$
0
0

ဇာတ်ပို့နေရာကနေ သရုပ်ဆောင်ရတဲ့ ဇင်မျိုးက ကာရိုက်တာတိုင်းကို အကောင်းဆုံးကြိုးစားတာကြောင့် ကာရိုက်တာတိုင်းက စိန်ခေါ်မှုရှိတယ်လို့ မီဒီယာတွေကို ပြောပါတယ်။

“ကျနော် အခု လတ်တလော ‘ငါမုန်းတဲ့အက္ခရာ’ ရုပ်ရှင်မှာ သရုပ်ဆောင်နေတယ်။ ပြီးတော့ အခြားဇာတ်ကားတွေလည်း ရိုက်နေတယ်။ ကျနော့် ပရိသတ်တွေနဲ့ အနေဝေးနေတာက စီးရီးလေးတွေလည်း ရိုက်နေတာရယ်၊ ‘ကျွန်မက မဟေသီ’ ဆိုတဲ့ စီးရီးကားလေးလည်း ရိုက်နေတယ်။ အဲ့ကားမှာ ကျနော်လုပ်ချင်တဲ့ ကာရိုက်တာလေးပါပဲ။ ပရိသတ်သနားမယ့် ကာရိုက်တာလေးပါ”

“ငိုတဲ့ကား ရိုက်ရတာ မခက်ခဲဘူး။ လွယ်ကူတယ်။ ဟာသက ခက်ခဲလားဆို၊ ခက်ခဲတယ်။ တွဲဖက် ညီရင်တော့ မခက်ခဲဘူး။ ချပေးတဲ့ ကာရိုက်တာတိုင်းက ကျနော့်အတွက် စိန်ခေါ်မှုရှိပါတယ်။ ကျရာ ကာရိုက်တာကိုလည်း အကောင်းဆုံးကြိုးစားပြီး လုပ်တယ်။ ရတဲ့ ရလဒ်ကလည်း ပရိသတ်ဆီက ကောင်းတယ်ဆိုတာပဲ ပြန်ရတယ်”လို့ ဇာတ်ပို့ သရုပ်ဆောင် တဦးဖြစ်တဲ့ ဇင်မျျိုးက ပြောပါတယ်။

ဇင်မျိုးက မင်းသားဖြစ်ချင်စိတ်နဲ့ အနုပညာလောကကို ဝင်ရောက်လာတာ မဟုတ်ဘဲ ကျရာဇာတ်ရုပ်ကို အကောင်းဆုံးနဲ့ အပိုင်နိုင်ဆုံးဖြစ်အောင် သရုပ်ဆောင်ရတာ ကျေနပ်မှုရှိတယ်လို့လည်း ဆိုပါတယ်။

“ကျနော်ဇာတ်ကားတွေ စရိုက်တည်းက သရုပ်ဆောင်ကောင်းတယောက်အနေနဲ့ ဖြစ်ချင်တယ်ဆိုတဲ့ စိတ်နဲ့ လုပ်ခဲ့တာပါ။ ကျနော်မင်းသားဖြစ်ချင်တဲ့ စိတ်နဲ့လည်း ဝင်လာတာ မဟုတ်ပါဘူး။ ဇာတ်ပို့အနေနဲ့ စရိုက်ခဲ့တာပါ။ ကျနော်ငယ်ငယ်တုန်းက ရုပ်ချောတော့ မင်းသားဖြစ်စေချင်ကြတယ်။ တချို့ကလည်း မင်းသားကနေ ဇာတ်ပို့ကို ပြောင်းလာတယ်ထင်ကြတယ်။ ကျနော် စရိုက်တည်းကလည်း ကျရာနေရာကို အကောင်းဆုံးနဲ့ အပိုင်နိုင်ဆုံးဖြစ်အောင်သရုပ်ဆောင်တယ်”

“ကျနော်ရတဲ့အခန်းကို ရိုက်တယ်။ ကျနော်ရိုက်တဲ့ ကာရိုက်တာတိုင်းကို ကျနော်ကျေနပ်မှု ရှိလာတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း အားရလာတယ်၊ ကျနော့် အလုပ်ပေါ်မှာ ကျနော်ကျေနပ်မှု ရှိတယ်။ မြန်မာ့ရုပ်ရှင်လောက တိုးတက်လာတယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ အပြိုင်အဆိုင်တွေ ဖြစ်လာကြတယ်။ ကျနော်တို့ အရင်တုန်းက မြန်မာအချင်းချင် းရိုက်ကြတယ်။ အခု နိုင်ငံခြားက ပညာရှင်တွေ ခေါ်ရိုက်လာကြတယ်။ အဲ့ကနေ အတွေ့အကြုံတွေယူကြတယ်။ ထုတ်လုပ်သူတွေကလည်း အကုန်အကျ ခံလာကြတယ်။ အဲ့အတွက် တိုးတက်လာမှာပါ”လို့ ဇင်မျိုးက ပြောပါတယ်။

အနုပညာလောကမှာလည်း အချိန်ကြာမြင့်စွာ ဇာတ်ပို့ သရုပ်ဆောင် တယောက်အနေနဲ့ သရုပ်ဆောင်နေတဲ့ ဇင်မျိုးဟာ MRTV – 4 က ထုတ်လွှင့်ပြသတဲ့ ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်နေသူတယောက် ဖြစ်ပါတယ်။

The post “မင်းသားဖြစ်ချင်လို့ သရုပ်ဆောင်လုပ်တာ မဟုတ်ပါဘူး”ဆိုတဲ့ ဇင်မျိုး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ