Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဒီဇင်ဘာမှာ အသက် ၄၀ပြည့်မယ့် မင်သားနိုင်းနိုင်း

$
0
0

အနုပညာလောကမှာ အခုချိန်ထိ အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားနိုင်တဲ့ သရုပ်ဆောင်နိုင်းနိုင်းက မကြာခင်ရုံတင်တော့မယ့် “အဆိပ်ရှိလူရိုင်း” ရုပ်ရှင်ဇာတ်ကားမှာပါဝင်ထားပြီး ဒီဇာတ်ကားနဲ့ပတ်သတ်ပြီး အမှတ်တရတွေပြောပြခဲ့ပါတယ်။

“အဆိပ်ရှိလူရိုင်း ရိုက်ခဲ့တုန်းက အမှတ်တရတွေရှိပါတယ်။ ဟိုင်းဝေးလမ်းမှာပဲရိုက်ခဲ့ရတဲ့ အမှတ်တရတွေအများကြီး ရှိပါတယ်။ တကယ်ကိုနေပူထဲမှာ အရိပ်မရှိအကာမရှိနဲ့ ရိုက်ခဲ့ကြတယ်။ နေစရာမရှိတာ ပြဿနာမရှိပေမယ့် စားပြီး သောက်ပြီးရင် ဖြစ်တဲ့ ပြဿနာက တော်တော်ဆိုးတယ်”

“ကားပေါ်တက်ပြီးရှိတဲ့ တိုးဂိတ်ကို ပြန်မောင်းရတဲ့ ဒုက္ခက မသေးဘူး။ ဖိုက်တင်ဆင်းတွေ မှာလည်း တိုင်တိုင်ပင်ပင်နဲ့ လက်တွဲညီညီလုပ်ခဲ့ပါတယ်။ ကျနော်ရဲ့ ဒုတိယမြောက်ကားလို့လည်း ပြောလို့ရပါတယ်။ ဒီကားကိုကြည့်မယ့် သူတွေမပျင်းစေရပါဘူး။ ပရိသတ်တွေ ဝေဖန်ကောင်းဝေဖန်ကြပါလိမ့်မယ်။ ဝေဖန်မှုရှိမှ တိုးတက်မှုရှိမှာပါ။ ကျနော်တို့ကအပြု သဘောအနေနဲ့လက်ခံရမှာပါပဲ” လို့ နိုင်းနိုင်းက ဆိုပါတယ်။

ရုပ်ရှင်ကားကြီးတွေ အများကြီး လက်ခံရိုက်ကူးခြင်းမပြုတော့ဘဲ တနှစ်ကို ရုပ်ရှင်နှစ်ကားလောက်သာ ရွေးချယ်ရိုက်ကူး နေတဲ့ နိုင်းနိုင်းက ရုပ်ရှင်လောကအပေါ် သူရဲ့ အမြင်ကိုလည်း အခုလိုဆိုပါတယ်။

“ကျနော်တို့ကရုပ်ရှင်လောကမှာ တခေတ်ပုံစံတခုနဲ့ ထိုးဖောက်နေချိန်မှာ လိုအပ်ချက်တွေလည်း ရှိကောင်းရှိမှာပေါ့။ ဒါတွေကို ပရိသတ်ကထောက်ပြတာကို ကျနော်တို့က ပြန်လည်သုံးသတ်ရမှာပေါ့။ ဒါမှလည်း နောက်ကားတွေမှာ ဟာကွက်မရှိအောင် ဖန်တီးနိုင်မှာပေါ့”လို့ ပြောပါတယ်။

နိုင်းနိုင်းက အနုပညာသက်တမ်းနှစ် ၂၀ကျော်ရှိပေမယ့် ပရိသတ်တွေက ရင်ထဲမှာ တနေရာရှိနေတဲ့အတွက် အရမ်းဝမ်းသာလို့ ဆိုပါတယ်။

လာမယ့်ဒီဇင်ဘာလမှာအသက် ၄၀ပြည့်မယ့် နိုင်းနိုင်းက မွေးေးန့ အစီအစဉ်များကိုလည်း အခုလိုဆိုပါတယ်။

“နောက်လဆို မွေးလရောက်ပြီ။ ဒီဇင်ဘာ၂ရက်နေ့ ကျနော်မွေးနေ့ပါ။ ၅၀မပြည့်ခင် ၁၀နှစ်အလို မွေးနေ့ပေါ့။ ခရီးထွက်ရမလား မထွက်ရမလား မသိသေးပါဘူး။ ခရီးမထွက်ခင်တော့ မွေးပေးခဲ့တဲ့ အမေကို ကန်တော့ရမယ်။ လက်ဆောင်ပေးမယ်။ စားချင်တာလည်း လိုက်ကျွေးဖို့ရှိပါတယ်။ မွေးနေ့မှာ ထွေထွေထူးထူး ဘာမှမလုပ်ပါဘူး”

“မြန်မာနိုင်ငံမှာရှိနေချိန် မွေးနေ့ကို မိသားစုနဲ့ ဖြတ်သန်းဖြစ်တယ်။ ကျန်တဲ့ အချိန်တွေတော့ မဖြတ်သန်းဖြစ်ပါဘူး” လို့ ဆိုပါတယ်။

အခုနောက်ပိုင်းရုပ်ရှင်ဇာတ်ကားတွေ ပုံစံတွေပြောင်းလာတာ ကောင်းပါတယ်။ အနှစ်၂၀လောက်ကတည်းက ပြောင်းသင့်တဲ့ trend တခုပါ။ ကျနော်တို့မင်းသား စလုပ်ကတည်းကပြောင်းသင့်တာ နောက်ကျနေပါတယ်။ ကျနော်တနှစ်မှာ၂ကားလောက်ရိုက်ပါတယ်။ ကျနော်မိသားစုကိုလည်း အချိန်ပေးရမယ့် ရက်တွေရှိတယ်

“ အဲ့အတွက် ဒီနှစ်မှာဆို အစမှာ sleeping wait ဆိုတဲ့ ကားကို ဒါရိုက်တာ အာကာနဲ့ ယိုးဒယားဒါရိုက်တာတွေ ပေါင်းပြီးရိုက်တဲ့ ကားကို ရိုက်တယ်။ နှစ်ကုန်ခါနီးမှာ ဒါရိုက်တာသီဟစိုးနဲ့ ရိုက်မယ်” လို့ နိုင်းနိုင်းက ဆိုပါတယ်။

နိုင်းနိုင်း(Nine Nine) ဟာ ၁၉၉၆ခုနှစ်ကတည်းက တင်ဇော်လတ်နာမည်နဲ့ မော်ဒယ်လောကသို့ ဝင်ရောက်ခဲ့ကာ ၁၉၉၇ခုနှစ်မှာ စနိုးဝှိုက်ရုပ်ရှင်ထုတ်လုပ်ရေးကနေ နိုင်းနိုင်းဆိုတဲ့ နာမည်နဲ့အတူ သူ့ရဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့သူတဦး ဖြစ်ပါတယ်။

မကြာခင်မှာလည်း “သမုဒယ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးဖို့ ပြင်ဆင်လျက်ရှိကာ ဒီဇင်ဘာ(၇) ရက်နေ့မှာ စတင်ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

ရုံတင်တော့မယ့် “အဆိပ်ရှိလူရိုင်း” ဇာတ်ကားထဲမှာတော့ နိုင်းနိုင်းနဲ့ အတူ ခါရာ၊ ရွှေသမီး၊ အိစိကွေးနဲ့ အနုညာရှင်များစွာက ပါဝင်သရုပ်ဆောင်ထားပါတယ်။

The post ဒီဇင်ဘာမှာ အသက် ၄၀ပြည့်မယ့် မင်သားနိုင်းနိုင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


TTA Oreo Gapp Installer


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


''ပါဂျောင်မြေမှ အရိုးတွန်သံ'


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ပင်လုံကျောက်တိုင်မှသည် ငြိမ်းချမ်းရေးကျောက်တိုင်ဆီသို့ (ကျော်သူ)


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link