Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

Shanghai Music Festival မှာ ဖျော်ဖြေဖို့ ငြင်းဆန်ခဲ့တဲ့ Nicki Minaj

$
0
0

အမေရိကန် ရက်ပ်အဆိုတော် Nicki Minaj ဟာ Shanghai Music Festival ပွဲမှာ ဖျော်ဖြေဖို့ ငြင်းဆန်လိုက်ပါတယ်။ ဒီပွဲဟာ အင်ဒိုနီးရှားက အကြီးဆုံးအကပွဲတော်ကို မှီငြမ်းပြီး လုပ်ထားတယ်လို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။

လူပေါင်း ၄၅၀၀၀လောက်ပါဝင်တဲ့ အင်ဒိုနီးရှားက အကြီးဆုံး EDM ပွဲတော် Djakarta Warehouse Project ကို တရုတ်မှာ ပြန်လည်ကျင်းပဖို့ စီစဉ်နေတာဖြစ်ပါတယ်။

နိုဝင်ဘာလ ၁၇၊ ၁၈ ရက်နေ့မှာ Shanghai က National Exhibition and Convention Centre မှာဖျော်ဖြေပွဲ ပြုလုပ်မှာဖြစ်ပါတယ်။ Nicki Minaj, Luis Fonsi, DJ Snake, Blasterjaxx တို့နဲ့အတူ အခြားသော အနုပညာရှင်တွေ ဖျော်ဖြေကြမယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အင်ဒိုနီးရှားက DWP စီစဉ်သူတွေက ဒီဂီတပွဲတော်ဟာ DWP အမှတ်အသားကို အလွဲသုံးစား လုပ်ထားတယ်လို့ လူမှုကွန်ရက်မှာ ကြေငြာခဲ့ပါတယ်။ DWP ဟာ ဒီအဖွဲ့အစည်းနဲ့ ပတ်သက်မှုမရှိဘူးလို့ သိရပါတယ်။

ရှန့်ဟိုင်းက ပရိသတ် ၁၀၀၀ ကျော်ဟာ Nicki Minaj ဖျော်ဖြေတာကို ၂ နာရီကြာ စောင့်နေခဲ့တယ်လို့ Global Times သတင်းစာက ဖော်ပြခဲ့ပါတယ်။

ဒီပွဲမှာဖျော်ဖြေဖို့ Nicki Minaj ကော DJ Snake ကပါ ငြင်းဆန်ခဲ့တယ်လို့ ပွဲစီစဉ်သူတွေက ကြေငြာခဲ့တဲ့အခါ ပရိသတ်တွေ ဒေါသထွက်ခဲ့ရပါတယ်။ ပွဲစီစဉ်သူ Yatai Huaying ကတော့ Nicki Minaj ကို ဒီကိစ္စနဲ့ပတ်သက်ပြီး အပြစ်တင်ခဲ့ပါတယ်။ Minaj ဟာပွဲကို အချိန်မီမရောက်ခဲ့ဘူး။ လေယာဉ်လက်မှတ်ခ ဒေါ်လာ ၄၃၀ ကိုလည်း ပြန်လည်ပေးဆောင်ဖို့ ပြောခဲ့ပါတယ်။

Minaj ကတော့ သူမပရိသတ်တွေကို တောင်းပန်တဲ့ ဗီဒီယိုတခုကို လေဆိပ်မှာ ရိုက်ကူးပြီးတင်ခဲ့ပါတယ်။ “ငါပြန်လာခဲ့ပါမယ်။ တရုတ်ပြည်က ပရိသတ်အစစ်တွေအတွက် ပိုကောင်းတဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူပြန်လာခဲ့ပါမယ်။ ရှင်တို့အားလုံးကိုလည်း ချစ်ပါတယ်”လို့ သူမက ဆိုပါတယ်။

ပွဲစီစဉ်သူ Yatai Huaying က အင်ဒိုနီးရှားက DWP အဖွဲ့ဟာ မမှန်မကန်တဲ့ သတင်းတွေလွှင့်နေတယ်။ အွန်လိုင်းကနေ တိုက်ခိုက်တာတခုဖြစ်တယ်လို့လည်း သူကရှုံ့ချထားပါတယ်။ အင်ဒိုနီးရှားက DWP ကတော့ ရှန်ဟိုင်းက ပွဲနဲ့ပတ်သက်ပြီး ဘာမှတ်ချက်တစုံတရာမှ မပေးထားပါဘူး။

www.scmp.com

The post Shanghai Music Festival မှာ ဖျော်ဖြေဖို့ ငြင်းဆန်ခဲ့တဲ့ Nicki Minaj appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ