Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

လိင်တူချစ်သူဖြစ်ကြောင်း ဝန်ခံလိုက်တဲ့ မင်းသား Jaden Smith

$
0
0

ကမ္ဘာကျော်မင်းသား Will Smith ရဲ့သားဖြစ်သူ မင်းသား Jaden Smith က ပြီးခဲ့တဲ့ သီတင်းပတ်မှာပြုလုပ်ခဲ့တဲ့ Camp Flog Gnaw ဂီတပွဲတော်မှာ သူ့ရဲ့ ချစ်သူဟာ အမျိုးသား Rap အဆိုတော် Tyler The Creator ဖြစ်တဲ့အကြောင်း ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ Tyler ဘက်ကနေ ငြင်းဆန်ခဲ့ပေမယ့် Jaden က အဲဒီလိုအကြောင်းဟာ အဖြစ်မှန်ဖြစ်တဲ့အကြောင်း ပြန်လည် အတည်ပြုခဲ့ပါတယ်။

အသက် ၂၀ အရွယ် Jaden က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့မှာ Apple Music ရဲ့ Beats 1 Radio အစီအစဉ်မှာ ပါဝင်ခဲ့ပြီး သူ့ရဲ့ Album အသစ်ကို ပရိုမိုးရှင်းပြုလုပ်ခဲ့ပါတယ်။ အဲဒီအစီအစဉ်အတွင်းမှာ သူက အခုလိုမျိုး သူ့ရဲ့ လိင်တိမ်းညွှတ်မှုအကြောင်းနဲ့ ပတ်သက်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Jaden က “ကျနော် မကြာသေးခင်တုန်းက Tyler, the Creator က ကျနော့်ချစ်သူပါလို့ပြောခဲ့တယ်။ အဲဒါ အမှန်ပါပဲ။ ဒါဆို ခင်ဗျားတို့ သိလောက်ပါပြီ” လို့ ဝန်ခံပြောဆိုခဲ့တာဖြစ်ပါတယ်။

ဖျော်ဖြေပွဲမှာ လာရောက်အားပေးတဲ့ ပရိသတ်တွေထဲမှာ ရှိနေခဲ့တဲ့ Tyler ဟာ သူ့ချစ်သူဖြစ်တဲ့အကြောင်း ကြေညာခဲ့ပြီးတဲ့နောက် ပရိသတ်တွေကြားမှာ တော်တော်လေး ဂယက်ထသွားခဲ့တာ jဖစ်ပါတယ်။

ပရိသတ်တဦး ရိုက်ကူးထားတဲ့ ဗီဒီယိုထဲမှာ သူက Tyler ဟာ သူ့ချစ်သူဖြစ်တဲ့အကြောင်း၊ အရမ်းချစ်တဲ့အကြောင်း ပြောပြထားပြီး အဲဒီ Instagram ဗီဒီယိုဟာ ကမ္ဘာတဝန်းမှာ ရှိတဲ့သူ့ရဲ့ ပရိသတ်တွေအကြား အတော်လေး လူပြောများခဲ့ရပါတယ်။

ဒါပေမဲ့ ဗီဒီယိုဖိုင်တခုမှာတော့ Jaden က အဲဒီလိုမျိုးပြောနေတဲ့အချိန်မှာ စင်အောက်မှာရှိတဲ့ Tyler က လက်ကို ဝှေ့ယမ်းပြီး ရယ်ရယ်မောမောနဲ့ ငြင်းဆိုတဲ့ ပုံစံမျိုး လုပ်ပြခဲ့ပါတယ်။ အဲဒီနောက် Jaden က Twitter မှာလည်း သူ့ရဲ့ အချစ်ရေးကို ထပ်ပြီးတော့ အတည်ပြုခဲ့ပါတယ်။

သူက “ဟုတ်ပါတယ် Tyler, the Creator ရေ၊ ငါတော့ လူတိုင်းကိုပြောလိုက်ပြီ၊ မင်းတော့ငြင်းလို့ မရတော့ဘူး” ဆိုပြီး ရေးသားခဲ့ပါတယ်။ Jaden ဟာ သူ့ရဲ့ လိင်တိမ်းညွှတ်မှုနဲ့ ပတ်သက်လို့ ဘယ်တုန်းကမှ အတည် မပြုခဲ့ပါဘူး။

၂၀၁၇ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ “Flower Boy” Album မှာလည်း သူ့ရဲ့လိင်စိတ်တိမ်းညွှတ်မှုကို တစိတ်တဒေသ ပြသခဲ့ဖူးပါတယ်။

ဆက်စပ် သတင်းလင့်ခ် – လိင်တူချစ်သူပါလို့ အွန်လိုင်းမှာ ဂယက်ထနေတဲ့ Jaden Smith

Ref: aceshowbiz

The post လိင်တူချစ်သူဖြစ်ကြောင်း ဝန်ခံလိုက်တဲ့ မင်းသား Jaden Smith appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ