Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“ကျနော်ဘာပဲလုပ်လုပ် အဖေက ကျနော့်နောက်က မားမားမတ်မတ် ရပ်တည်ပေးတယ်”

$
0
0

အဆိုတော် ဇော်ဝင်းထွဋ်ရဲ့ သားဖြစ်သူ အဆိုတော် အီတိုးက “ဆေးပေါင်းခတဲ့ ရန်ကုန်ည”မှာဖျော်ဖြေပွဲမှာ ပါဝင်ဖျော်ဖြေသွားမှာဖြစ်ပြီး ပရိသတ်တွေနဲ့ ဝေးကွာနေတဲ့ အီတိုးက လက်ရှိမှာတော့ အွန်လိုင်းကနေ Universal Language ဆိုတဲ့ သီချင်းကို တင်ပေးထားတယ်လို့ ပြောပါတယ်။

“ကျနော် ဆေးပေါင်းခတဲ့ပွဲတွေမှာ အရင်ကလည်း ဆိုခဲ့ဖူးပါတယ်။ အခုတော့ မိသားစုတွေ ငယ်ငယ်တုန်းကခံ စားချက်လေးနဲ့ ပြန်ဆိုကြမယ်။ ကျနော့် ဂီတလှုပ်ရှားမှုတွေ ပရိသတ်တွေဆီ မရောက်တာ ဘာလို့လဲဆိုတော့ တခြား music တွေလည်း စိတ်ဝင်စားတော့ လေ့လာချင်သေးတယ်။ အဲ့အတွက်ကြောင့်ပါ။ ကျနော် လိုချင်တဲ့ ပညာရပ်ရပြီဆို ကျနော့်အတွက် အောင်မြင်တာပဲလေ။ အောင်မြင်မှုအတွက်တိုင်း လူသိမှတော့ မဟုတ်ပါဘူး”လို့ အီတိုးက ပြောပါတယ်။

“တချို့အားမရတဲ့ ပရိသတ်တော့ ရှိမှာပေါ့နော်။ ကျနော် Noise တွေ လုပ်နေတာကို အားပေးတဲ့ ပရိသတ်မျိုးကျတော့ ကျနော့်ဂီတကို အားရမှာပါ။ Noise ကို အာရှနိုင်ငံတွေမှာ အရမ်းတိုးတက်နေပြီ။ ကျနော်တို့ Noise က အောင်မြင်တယ်လို့ ပြောလို့ရတယ်။ ပိုက်ဆံရအောင်သာ မလုပ်နိုင်သေးတာ။ တဖြည်းဖြည်းချင်းတော့ အောင်မြင်တယ်လို့ပြောလို့ရတယ်”

“ကျနော့် ခွေလေးလည်း ထွက်ဖို့ ရှိပါတယ်။ တပုဒ်နဲ့ တပုဒ် Music အမျိုးအစားတော့ မတူဘူး။ တီးထားတာတော့ Team တော့ တခုရှိတယ်။ အွန်လိုင်းကနေလည်း Universal Language ဆိုတဲ့ သီချင်းကို တင်ပေးထားတယ်”လို့ အီတိုးက ပြောပါတယ်။

ဖခင်ဖြစ်သူ ဇော်ဝင်းထွဋ်က သားဖြစ်သူ အီတိုးအပေါ် ဘာပဲလုပ်လုပ် ပံ့ပိုးပေးခဲ့သလို မားမားမတ်မတ် ရပ်တည်ပေးတယ်လို့လည်း အီတိုးက ဆိုပါတယ်။

“အဖေက ကျနော့်အတွက် ဘယ်လိုလူမျိုးလဲဆို ကျနော်ဘာပဲလုပ်ခဲ့လုပ်ခဲ့ ပံ့ပိုးပေးခဲ့တယ်။ မျက်စိပွင့် နားပွင့်နဲ့ စောင့်ရှောက်ခဲ့တဲ့ အဖေလို့ ပြောလို့ရပါတယ်။ ကျနော်ဘာပဲလုပ်လုပ် ကျနော်နောက်က မားမားမတ်မတ် ရပ်တည်ပေးတယ်။ အဖေက ကိစ္စတခုကို တစိုက်မတ်မတ်လုပ်တယ်။ ကျနော်ကတော့ အဲ့လို တစိုက်မတ်မတ် မလုပ်ဘူး။ အဖေ့ဂီတခြေရာကို နင်းနိုင်အောင်ကြိုးစားဖို့ စိတ်ကူးရှိလားဆို အဲဒါတော့ တာဝန်ကြီးမယ်ထင်တယ်”

“ကျနော့်သားလေးကတော့ ၆ နှစ် ရောက်ပါပြီ။ သူက အေးတယ်။ တယောထိုးတယ်။ အဆိုတော့ မဟုတ်ဘူး။ သားကိုဘာပဲဖြစ်ဖြစ် ဘာပဲလုပ်လုပ် တစိုက်မတ်မတ်နဲ့ အကောင်းဆုံးဖြစ်အောင် လုပ်စေချင်တယ်။ ကျနော်က နည်းနည်းအေးဆေးသမား သားသားကလည်း အေးအေးဆေးဆေးပဲ။ သားသားက ပြောစရာမလိုဘဲ လိမ္မာတယ်။ သူနဲ့ ဆော့ရင်လည်း ဘာမလုပ်နဲ့ ညာမလုပ်နဲ့ မပြောဘူး။ သားကို လွှတ်ပေးထားတယ်။ နာမည်ကိုတော့ ထူးမြတ်သူရဇ္ဇလို့ ပေးထားပါတယ်”လို့ အီတိုးက ပြောပါတယ်။

အဆိုတော် အီတိုးကို ဇော်ဝင်းထွဋ်ရဲ့ သားဆိုပြီး ပရိသတ်တွေက လက်ခံအားပေးကြသလို သူ့ရဲ့ “စိတ်ချချင်တယ်” သီချင်းနဲ့ သူတို့ သားအဖ နှစ်ယောက် တွဲဖက် သီဆိုထားတဲ့ “ပဲ့ကိုင်ရှင်”သီချင်းက ပရိသတ်တွေ အကြိုက်တွေ့ အားပေးခဲ့ကြပါတယ်။

The post “ကျနော်ဘာပဲလုပ်လုပ် အဖေက ကျနော့်နောက်က မားမားမတ်မတ် ရပ်တည်ပေးတယ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ