Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ကြီးလာရင် ငိုတဲ့အခန်းရိုက်ပြီး အကယ်ဒမီယူမယ့် ထိပ်ထားသခင်

$
0
0

ချစ်စဖွယ် ဟန်ပန် အမူအရာလေးတွေကြောင့် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ နာမည်ကြီးပြီး ပရိသတ် အားပေး ချစ်ခင်မှုကို ရရှိထားတဲ့ ကလေးသရုပ်ဆောင် “ထိပ်ထားလေး” (ခေါ်) ထိပ်ထားသခင်ကတော့ “အောက်ဖဲမလှန်ကြေး” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ဝါရင့်သရုပ်ဆောင်များနဲ့အတူ ရိုက်ကူးခဲ့ပါတယ်။

အဆိုပါ “အောက်ဖဲမလှန်ကြေး” ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာတော့ ခန့်စည်သူနဲ့ သားအဖတွေအဖြစ် သရုပ်ဆောင်ခဲ့ပြီး ငိုတဲ့အခန်းတွေလည်း ရိုက်ခဲ့ရတယ်လို့ ပြောပါတယ်။

“အများကြီး ရိုက်နေတယ်။ ရုပ်ရှင်တောင် ရိုက်ပြီးပြီ။ ရုပ်ရှင်က အောက်ဖဲမလှန်ကြေး။ ရေကူးရတယ်။ အရမ်းပျော်စရာ ကောင်းတယ်။ မီးမီးက ဖေဖေ့ကို မွှေတဲ့အခန်း သရုပ်ဆောင်တယ်။ တဖေဖေနဲ့ လိုက်ခေါ်ပြီးမွှေရတာ။ အဲဒီကားထဲမှာ ဦးခန့်က ထွက်သွားစမ်းတဲ့။ ငါ့သမီး မဟုတ်ဘူးတဲ့။ အဲဒီလိုပြောတော့ မီးမီးက ငိုရော။ မီးက ငိုတဲ့အခန်းတွေနဲ့ အကယ်ဒမီရမှာ။ ကြီးလာရင် ငိုတဲ့အခန်း ရိုက်တော့မှ အကယ်ဒမီ ရမှာ”လို့ ထိပ်ထားသခင်က ဧရာဝတီကို ပြောပါတယ်။

အသက် ၄ နှစ် အရွယ်သာ ရှိသေးတဲ့ ထိပ်ထားလေးကတော့ အရွယ်နဲ့မလိုက်အောင် စကားတွေလည်း တတ်ပြီး သရုပ်ဆောင် ဖွေးဖွေးကို သဘောကျနှစ်သက်ပြီးတော့ အဆိုတော် နီနီခင်ဇော်ရဲ့ သီချင်းတွေကိုလည်း လိုက်ဆိုနိုင်တဲ့ ကလေးတယောက်ပဲ ဖြစ်ပါတယ်။

“မမ နီနီခင်ဇော်သီချင်းတွေထဲက အလကားပဲ သီချင်းရယ်၊ Stand by me ရယ်ကြိုက်တယ်။ အကုန်လုံးကို ကြိုက်တယ်။ မမ ဖွေးဖွေးကို ကြိုက်တယ်။ သူ့ကားတွေဆို အကုန်ကြည့်ပစ်လိုက်တာ။ အကုန်ပဲ။ မီးမီးက မင်းသမီးဖြစ်နေပြီလေ။ မကြောက်တော့ဘူး။ အကုန်လုံးက သိနေတော့ ပျော်တာပေါ့။ အရမ်းပျော်တယ်”လို့ ထိပ်ထားလေးက ပြောပါတယ်။

သရုပ်ဆောင် ဖွေးဖွေးရဲ့ ငယ်စဉ်က ကလေးဘဝက ပုံရိပ်များနဲ့ တူတယ်လို့လည်း ပြောဆိုမှုများ ရှိနေကြပြီး ထိပ်ထားလေးကလည်း သူမနဲ့ ဖွေးဖွေးနဲ့က တူတာကြောင့် ကြိုက်တာလို့ ပြောပါတယ်။

ထိပ်ထားသခင်ကတော့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ချစ်စဖွယ်ကောင်းတဲ့ ဗီဒီယိုဖိုင်လေးတွေနဲ့ လူသိများလာခဲ့ပြီး အနုပညာရှင်များကလည်း ထိပ်ထားလေးကို ချစ်ခင်ကြပြီး ယခုဆိုရင်တော့ ထိပ်ထားလေးက တီဗီကြော်ငြာများ၊ ဓာတ်ပုံများသာမက ရုပ်ရှင်ရိုက်ကူးမှုများပါ ရိုက်ကူးနေရပြီ ဖြစ်ပါတယ်။

The post ကြီးလာရင် ငိုတဲ့အခန်းရိုက်ပြီး အကယ်ဒမီယူမယ့် ထိပ်ထားသခင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ