Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“မုန်းစွဲ”ရုပ်ရှင်ကြည့်ပြီး မင်းသွေးကို သတိရနေတဲ့ မအေးသောင်း

$
0
0

မကြာခင် ရုံတင်ပြသတော့မယ့် “မုန်းစွဲ” ရုပ်ရှင်ကားကြီးဟာ အေးဝတ်ရည်သောင်းအတွက် ပထမဦးဆုံး ပြန်ရိုက်တဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး ပရိသတ်တွေက သူမကို ဘယ်လို မှတ်ချက်တွေ ပေးမလဲဆိုတာ အရမ်းရင်ခုန်နေတယ်လို့ ပြောပါတယ်။

“ပေါက်စီ အနုပညာကို လုပ်လာတာ ၁၃ နှစ်တည်းက လုပ်တာဆိုတော့ အခုဆို ၂၂ နှစ်ရှိပြီပေါ့။ လုပ်ပိုင်ခွင့်လေးလည်း ရတယ်။ ကားကြီးတင်ခွင့်ရတော့ အရမ်းစိတ်လှုပ်ရှားတယ်။ ရင်ကတော့ အရမ်းခုန်တယ်။ ရိုက်နေကတည်း ကရော ဒီကားအတွက် စိတ်ရောလူရောနှစ်ပြီးတော့ လုပ်နေရတာ။ ပြီးတော့ ပေါက်စီရဲ့ ပထမဦးဆုံး ပြန်ရိုက်တဲ့ ဇာတ်ကားဖြစ်မယ်။ ပထမဦးဆုံး ရုံပြန်တင်တဲ့ ဇာတ်ကားလည်းဖြစ်မယ်ဆိုတော့ အရမ်းကို ရင်ခုန်ပါတယ်” လို့ အေးဝတ်ရည်သောင်းက ပြောပါတယ်။

“ပရိသတ်ကရော ဘယ်လိုတွေ မှတ်ချက်ပေးမလဲဆိုတာကို အရမ်းရင်ခုန်နေပါတယ်။ ဒီကားထဲမှာ ကာရိုက်တာ က၂ ခု ပထမက မကြာဦး ဆိုတဲ့ ဘဝရယ်၊ နောက်ဘဝကတော့ မသိမ်မွေ့ဆိုတဲ့ ဘဝရယ်။ ပထမဘဝမှာ လူဆိုးမိန်းမ ဗိုက်ကြီးသည်ဆိုတော့ လုပ်နိုင်ကြမလားဆိုပြီး ထင်နေကြတာတွေကိုလည်း ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ နောက်ကာရိုက်တာက ဘုန်းကြီးကို မေတ္တာသက်ဝင်ရတဲ့ ပုံစံကိုလုပ်ရတယ်” လို့ အေးဝတ်ရည်သောင်းက ဆိုပါတယ်။

ဒီဇာတ်ကားဟာ အေးဝတ်ရည်သောင်းအနေနဲ့ ပထမဆုံး ပြန်ရိုက်ရတဲ့ ရုပ်ရှင်ကားကြီးဖြစ်တဲ့အတွက် စိန်ခေါ်ရှိခဲ့လားဆိုတော့ သူက အခုလိုပဲ ဖြေပါတယ်။

“လူဆိုးကိုကြိုက်ရတာ ပေါက်စီအတွက် အရမ်းကြီးစိန်ခေါ်မှု မရှိဘူး။ ဘုန်းကြီးကို ကြိုက်ရတာကတော့ ကိုယ့်အတွက် စိန်ခေါ်မှုတခု ဖြစ်တယ်။ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံဖြစ်နေတာကတကြောင်း၊ ဘာသာရေးက ဖြစ်နေတာက တကြောင်း ဆရာတော် အရှင်ဆန္ဒာဓိက ကိုယ်တိုင် တရားဟောထားတာဖြစ်တဲ့အတွက် ပညာပေးဖြစ်တာကြောင့် လူဆိုးနေရာကဆိုလည်း ဝင်ပြီးတော့ ကွက်လပ်လေးကိုဖြည့်ပေးမယ် ဆိုပြီးတော့ အကောင်းဆုံး ရိုက်ကူးဖြစ်တာပါ။ တော်တော်များများတော့ ဒါရိုက်တာတို့၊ ကိုနေတိုးတို့ ဝိုင်းသင်ပေးတာကြောင့် အဆင်ပြေပါတယ်”လို့ မအေးသောင်းက ဆိုပါတယ်။

ဒီကားက ပညာပေး အရမ်းကောင်းတဲ့အတွက် လာကြည့်စေချင်သလို ဇာတ်ကားပြန်ကြည့်တော့လည်း မင်းသွေးကို သတိရတယ်လို့လည်း မအေးသောင်းက ဆိုပါတယ်။

“ကိုမင်းသွေးကို သတိရတယ်။ ဇာတ်ကားပြန်ကြည့်တော့လည်း သူ့ကို သတိရတယ်။ အခုချိန်မှာ သူ့ကို ရှိစေချင်တယ်။ သူလည်း ကြိုးစားခဲ့တာဆိုတော့လေ။ ပေါက်စီကတော့ ဘာမှကြို မပြောချင်ပါဘူး၊ ကြည့်ပြီးတဲ့သူ၊ ကြည့်တဲ့ ပရိသတ်ဝေဖန်တာက ပိုပြီးတော့ စိတ်လှုပ်ရှားစရာကောင်းမယ်လို့ ထင်ပါတယ်။ အကုန်လုံးကလည်း အားလေး ထည့်ထားတဲ့အတွက် ကောင်းလည်းကောင်းမယ် မျှော်လင့်တယ်။ ဒီကားလေးပညာပေးလေးက အရမ်းကောင်းတဲ့ အတွက် လာကြည့်စေချင်တယ်”လို့ မအေးသောင်းက ပြောပါတယ်။

မြန်မာနိုင်ငံက ပရိသတ်တွေရဲ့ အချစ်တော် မအေးသောင်း (ခ) အေးဝတ်ရည်သောင်းက အခုလက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရသလို Facebook မှာလည်း သူမရဲ့ မြန်မာဆန်ဆန် ဓာတ်ပုံတွေကြောင့် ပရိသတ် အချစ်ခံနေရသူလည်း ဖြစ်ပါတယ်။

မအေးသောင်းက ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအနေနဲ့ ပိုးထည်ဆိုင် ဖွင့်လှစ်ထားပြီး Samsung စမတ်ဖုန်းနဲ့ Remix အမှတ်တံဆိပ်တို့ရဲ့ Brand Ambassador တဦးလည်း ဖြစ်ပါတယ်။

The post “မုန်းစွဲ” ရုပ်ရှင်ကြည့်ပြီး မင်းသွေးကို သတိရနေတဲ့ မအေးသောင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ