Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာ ထိပ်ဆုံးရောက်နေတဲ့ “The Grinch”ကာတွန်းရုပ်ရှင်

$
0
0

“The Grinch” ဆိုတဲ့ ခရစ်စမတ်ကာတွန်းရုပ်ရှင်ဟာ ပွဲတော်ကာလ မတိုင်မီ ကြိုပြီး ရုံတင်ပြသခဲ့တာ ဖြစ်ပေမယ့် ရုံဝင်ငွေစာရင်းမှာ စောစောစီးစီး နံပါတ် ၁ နေရာကို ရယူထားနိုင်ခဲ့ပါတယ်။

စာရေးဆရာကြီး Dr. Seuss ရဲ့ ဂန္တဝင်ဝတ္ထုကို Universal Pictures နဲ့ Illumination တို့က ကာတွန်းဇာတ်လမ်းအဖြစ် ပုံဖော်ထားတဲ့ အဲဒီကာတွန်း ရုပ်ရှင်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်ကနေ ၁၁ ရက်အထိ ကာလ၊ အမေရိကန်နဲ့ ကနေဒါ နိုင်ငံတို့မှာ ဒေါ်လာ ၆၆ သန်း ဝင်ငွေ ရရှိခဲ့တာကိုတွေ့ရပါတယ်။

၂၀၀၀ ပြည့်နှစ်မှာ ထွက်ရှိခဲ့တဲ့ “How the Grinch Stole Christmas” ရုပ်ရှင်နဲ့ ၂၀၁၂ ခုနှစ်တို့မှာ ထွက်ရှိခဲ့တဲ့ “The Lorax” ရုပ်ရှင်တို့ပြီးရင် စာရေးဆရာကြီး Seuss ရဲ့ ရုပ်ရှင်တွေထဲမှာ တတိယမြောက် အဖွင့်ဝင်ငွေအများဆုံး ရုပ်ရှင် ဖြစ်လာခဲ့ပါတယ်။

ရိုက်ကူးကုန်ကျစရိတ် ဒေါ်လာ ၇၅ သန်းရှိခဲ့တဲ့ အဲဒီရုပ်ရှင်ဟာ နိုင်ငံတကာဈေးကွက်မှာ ဒေါ်လာ ၁၂ ဒဿမ ၇ သန်း ဝင်ငွေ ရခဲ့ပါတယ်။ အဲဒီကာတွန်းဇာတ်လမ်းကို ဒါရိုက်တာ Scott Mosier နဲ့ Yarrow Cheney တို့က ရိုက်ကူးခဲ့တာဖြစ်ပြီး ဒေါသကြီးတဲ့ အစိမ်းရောင်သတ္တဝါ အဖြစ် မင်းသား Benedict Cumberbatch က ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဝေဖန်သူတွေရဲ့ အကောင်း အဆိုးရောနေတဲ့ မှတ်ချက်တွေ ရရှိထားပြီး ရုပ်ရှင်ကြည့်ပရိသတ်တွေ အားပေးကြတာကို တွေ့ရပါတယ်။ “The Grinch” ကာတွန်းရုပ်ရှင်ဟာ ရုံဝင်ငွေ ဒေါ်လာ ၃ဝ ဒဿမ ၈ သန်းနဲ့ ဒုတိယနေရာမှာရှိတဲ့ “Bohemian Rhapsody” ရုပ်ရှင်ကို အလွယ်တကူ ကျော်တက်နိုင်ခဲ့တာ တွေ့ရပါတယ်။

Queen တီးဝိုင်းရဲ့ ဖြစ်တည်မှု တချို့အကြောင်း ဇာတ်အိမ်တည် ရိုက်ကူးထားတဲ့ အဲဒီရုပ်ရှင်ဟာ အခုအထိ ရုံဝင်ငွေ ဒေါ်လာ ၁၈၅ သန်း ရရှိထားပြီးဖြစ်ပါတယ်။ ဒါ့အပြင် ဒုတိယကမ္ဘာစစ်နောက်ခံ ဖုတ်ကောင်ရုပ်ရှင် “Overlord” ကတော့ ဝင်ငွေ ဒေါ်လာ ၁၀ ဒဿမ ၁ သန်းနဲ့ နံပါတ် ၃ နေရာမှာ ရပ်တည်နေပါတယ်။

“The Girl in the Spider’s Web” ရုပ်ရှင်ကတော့ ဒေါ်လာ ၈ သန်းနဲ့ နံပါတ် ၅ နေရာမှာ ရပ်တည်နေပါတယ်။

Ref : aceshowbiz

The post မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာ ထိပ်ဆုံးရောက်နေတဲ့ “The Grinch” ကာတွန်းရုပ်ရှင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ