Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

MRTV နဲ့ HOME Media တို့ ပူပေါင်းပြီး ဖျော်ဖြေရေး အစီအစဉ်တွေ ပြသတော့မယ်

$
0
0
MRTV, HOME

MRTV နှင့် HOME Media တို့ ပူးပေါင်းတင်ဆက်မယ့် အစီအစဉ်တွေ အကြောင်း ရှင်းလင်းပွဲမြင်ကွင်း (ဓာတ်ပုံ – ဧရာဝတီ)

မြန်မာ့ရုပ်မြင်သံကြား (MRTV) နဲ့ HOME Media တို့ ပူးပေါင်း ထုတ်လွှင့်ပြသမယ့် ဖျော်ဖြေရေး အစီအစဉ်တွေ အကြောင်း အသိပေး အခမ်းအနားကို ဒီနေ့ မေ ၆ ရက်နေ့မှာ ရန်ကုန် Central Hotel မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

ထုတ်လွှင့်ပြသဖို့ ရိုက်ကူးတင်ဆက်မယ့် အစီအစဉ်တွေကတော့ လူရွှင်တော် ဇာဂနာနဲ့ အရိုင်းတို့ စီစဉ်တဲ့ မြန်မာအငြိမ့်သဘင် ရေစီးကြောင်း အစီအစဉ်၊ ဦးအောင်လွင်စီစဉ်ပြီး ဒါရိုက်တာ ဦးအောင်မြင့်မြတ် ရိုက်ကူးမယ့် တမ်းတမ်းတတ ဖြစ်ခဲ့ရသောရုပ်ရှင်သီချင်းများ အစီအစဉ်၊ ဒါရိုက်တာ ဟိန်းစိုး ရိုက်ကူးပြီး နိုင်းနိုင်း၊ သင်ဇာဝင့်ကျော် တို့ ပါဝင်သရုပ်ဆောင်ကြမယ့် ရင်တွင်းရေးပြဿနာဇာတ်လမ်းတွဲနဲ့ မောင်သူရရေးတဲ့ ဇာတ်လမ်းကို ဒါရိုက်တာဟိန်းစိုး ရိုက်ကူးပြီး လူရွှင်တော်များစွာနဲ့ Home art သင်တန်းသားများပါဝင်တဲ့ Channel zero ဇာတ်လမ်းတွဲ အစီအစဉ်တို့ ဖြစ်ပါတယ်။

ထုတ်လွင့်မှု အပိုင်းနဲ့ပတ်သတ်ပြီး မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက ဒုတိယညွှန်ကြားရေးမှူး ဦးကြည်ထွန်းက “ကျနော်တို့က ပြည်သူလူထုအတွက် Channel အသစ်တွေ ထုတ်လွှင့်ပေးပြီး တင်ဆက်နေပါတယ်။ ဒီလို ထုတ်လွှင့် ပေးတဲ့ နေရာမှာ ကျနော်တို့ ဌာနအတွက် အစီအစဉ် အသစ်တွေလည်း လိုအပ်ပါတယ်။ ဒါကြောင့် ဌာနတွင်း အစီအစဉ်များသာမက၊ အပြင်က ပုဂ္ဂိုလ်၊ ဌာနများနဲ့ ပူးပေါင်းပြီး ကျွမ်းကျင်တဲ့ အနုပညာရှင်များက တီထွင်ဖန်တီးတဲ့ ဆန်းသစ်တဲ့ ပြကွက်၊ သရုပ်ဆောင်ချက်များကို ကျနော်တို့ ရုပ်မြင်သံကြားက ထုတ်လွှင့်ပေးနိုင်ရင် မိဘပြည်သူများရဲ့ စိတ်ကျေနပ်မှုကို အပြည့်အဝ ပုံဖော်ဖြည့်စွမ်း ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ ရှင်းလင်းတင်ပြခဲ့ပါတယ်။

ရိုက်ကူးတင်ဆက်မယ့် အစီအစဉ်လေးခုထဲက မြန်မာအငြိမ့်သဘင် ရေစီးကြောင်း အစီအစဉ်မှာ အငြိမ့်နဲ့ ပတ်သက်ပြီး အငြိမ့်ဆိုတာ ဘာလဲ၊ ဘယ်ကစလဲ စတဲ့ အကြောင်းအရာတွေကို လူရွှင်တော် ဇာဂနာနဲ့ အရိုင်းတို့က ဦးစီးကာ အငြိမ့်မင်းသမီး နန်းခင်မွှေး၊ ချောစုမျိုး၊ ရွှေရည်ဝင်း၊ စန်းနီလာဝင်း တို့နဲ့အတူ လူရွှင်တော်များစွာ ပါဝင်ပြီး တင်ဆက် ရိုက်ကူးထားတယ်လို့ သိရပါတယ်။

တမ်းတမ်းတတဖြစ်ခဲ့ရသော ရုပ်ရှင်သီချင်းများ အစီအစဉ်မှာတော့ မြန်မာ့ရုပ်ရှင်သီချင်းတွေထဲမှာ ပရိသတ် နှစ်ခြိုက် အားပေးမှု ရရှိခဲ့တဲ့ ဟိုးအရင် မြန်မာရုပ်ရှင် ဇာတ်ကားတွေထဲက ရုပ်ရှင်တေးတွေ၊ အောင်မြင်ခဲ့တဲ့ ဇာတ်ဝင်တေး သီချင်းတွေကို ပြန်လည်သီဆို ထုတ်လွှင့်မှာဖြစ်ပြီး ရင်တွင်းရေးပြဿနာ ဇာတ်လမ်းတွဲကတော့ အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တဦးရဲ့ ငယ်ဘဝကနေ ကြီးလာတဲ့အထိ ဖြတ်သန်းခဲ့တဲ့ ဘဝ၊ ပြဿနာပေါင်းစုံကို တင်ဆက် ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။

Channel zero ဇာတ်လမ်းတွဲကတော့ Channel zero Channel တင်ဆက်သူတွေရဲ့ အတွင်းရေးတွေကို ရယ်စရာအဖြစ် ရိုက်ကူးထားတာဖြစ်ပြီး ပျော်ရွှင်ဖွယ်ရာများကို လူရွှင်တော်များစွာနဲ့ ဇာတ်လမ်းတွဲအဖြစ် ရိုက်ကူးတင်ဆက်မှာဖြစ်တယ်လို့ စီစဉ်တင်ဆက်မှုကို တာဝန်ယူထားသူတွေက ပြောကြပါတယ်။

ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ကြမယ့် သရုပ်ဆောင်တွေ၊ ဇာတ်ညွှန်းရေး ဆရာတွေက အသက် သုံးဆယ်မပြည့်သေးတဲ့ လူငယ်များဖြစ်ကြပြီး အဓိက လူငယ်တွေကိုနေရာပေး၊ ဦးစားပေးချင်တဲ့ အတွက်ကြောင့် အခုလို စီစဉ်တာလို့ လူရွှင်တော် ဇာဂနာက ဆိုပါတယ်။

“ဒါက မြန်မာရုပ်မြင်သံကြားနဲ့ ပထမဆုံး ပူးပေါင်းတင်ဆက်တဲ့ ဖျော်ဖြေရေး အစီအစဉ်လို့ ပြောလို့ရပေမယ့် တကယ့်တကယ် ပြောရမယ်ဆိုရင် ကျနော်တို့ကို မွေးထုတ်ပေးလိုက်တာဟာ မြန်မာ့ရုပ်မြင်သံကြားက ပါပဲ။ ကျနော်တို့က အငြိမ့်သမားဖြစ်တဲ့အတွက် အငြိမ့်ကို ဦးစားပေး တင်ဆက်ဖြစ်တာပါ။ ကျနော်တို့ မြန်မာ လူမျိုးတွေရဲ့ အမျိုးသားရေး လက္ခဏာဆိုတာ အငြိမ့်မှာပဲ ရှိပါတော့တယ်။ အဲဒီအငြိမ့်ကို မြန်မာ့ ရုပ်မြင်သံကြားကနေ တနိုင်ငံလုံးကို ပြသတဲ့အခါ အားလုံးသိပါလိမ့်မယ်။ အထူးသဖြင့် ဒီမှာ ကျနော်တို့ လူငယ်တွေကို နေရာပေးထား ပါတယ်။ လူငယ်တွေကို ခေါင်းပေါ်တင်ထားပါတယ်” လို့ သူက ပြောပါတယ်။

အထက်ပါ အစီအစဉ်တွေကို မြန်မာ့ရုပ်မြင်သံကြားကနေ ဇူလိုင်လအတွင်းမှာ တင်ဆက်သွားမယ်လို့ သိရပါတယ်။

The post MRTV နဲ့ HOME Media တို့ ပူပေါင်းပြီး ဖျော်ဖြေရေး အစီအစဉ်တွေ ပြသတော့မယ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ