Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

နိုဝင်ဘာလအတွင်း ထွက်ရှိလာတော့မယ့် “Robin Hood”ရုပ်ရှင်

$
0
0

ဒီတခါ မိတ်ဆက်ပေးမှာကတော့ ၂၀၁၈ ခုနှစ်အတွင်း မကြာခင် ထွက်ရှိလာတော့မယ့် အားလုံးနဲ့ ရင်းနှီးပြီးသားလည်း ဖြစ်တဲ့ Robin Hood ပဲ ဖြစ်ပါတယ်။ Action ရုပ်ရှင်အမျိုးအစား ရုပ်ရှင်ဖြစ်ပြီး ဒါရိုက်တာ Otto Bathurst က ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။

Chadler ရဲ့ Robin Hood ပုံပြင်ကို အခြေခံထားတာဖြစ်ပြီး Kings Man ရဲ့ မင်းသားအဖြစ် ကျော်ကြားခဲ့တဲ့ Taron Egerton , Jamie Foxx , Ben Mendelsohn တို့အပြင် အခြားသော သရုပ်ဆောင်များစွာလည်း ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ကြာမြင့်ချိန် ၁၁၆ မိနစ်ရှိတဲ့ Robin Hood ရုပ်ရှင်ကို နိုဝင်ဘာလ ၂၁ ရက်နေ့မှာ Liongsgate ကုမ္ပဏီကနေ တကမ္ဘာလုံး အတိုင်းအတာနဲ့ ဖြန့်ချိတော့မှာလည်းဖြစ်ပါတယ်။ ရုပ်ရှင်ကို စတင်ရိုက်ကူးတော့မှာဖြစ်တယ်လို့ ဖေဖေါ်ဝါရီ ၂၆ ၊ ၂၀၁၅ ခုနှစ်ကတည်းက ကြေညာခဲ့ပေမယ့် အခု ၂၀၁၈ ခုနှစ်မှာမှ ပြသနိုင်တော့မှာဖြစ်ပါတယ်။

ရုပ်ရှင်နဲ့ပတ်သက်တဲ့ အခြေခံဇာတ်ညွှန်းနှစ်ခုရှိခဲ့ပြီး အဲဒီဇာတ်ညွှန်းတွေကတော့ Disney ရဲ့ Nottingham & Hood နဲ့ နောက်တခုဖြစ်တဲ့ Sony ရဲ့ Hood ကို အများဆုံး အသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ ဖေဖေါ်ဝါရီ ၂၀ ရက်နေ့ ၂၀၁၇ ခုနှစ်မှာ ရုပ်ရှင်ကို စတင်ရိုက်ကူးခဲ့ပြီး ခရိုအေးရှားနိုင်ငံမှာရှိတဲ့ Dubrovnik နဲ့ ပြင်သစ်နိုင်ငံမှာရှိတဲ့ Le Raincy မြို့တွေမှာ ရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ်။

Robin Hood ရုပ်ရှင်ဟာ ၁၉၀၈ ခုနှစ်နောက်ပိုင်း မင်းသား Russel Crowe နဲ့ ၂၀၁၀ ခုနှစ်မှာ ရိုက်ကူးခဲ့ပေမယ့် ပထမဆုံး ပြန်လည်ဆန်းသစ်ရိုက်ကူးထားတဲ့ ရုပ်ရှင်တကားလည်းဖြစ်ပါတယ်။ အခုအချိန်မှာတော့ ရုပ်ရှင်ထွက်ရှိလာဖို့ အချိန်ကလည်း တဖြေးဖြေးနီးကပ်လာပြီဖြစ်တဲ့အပြင် Final Trailer လည်း ထွက်ရှိခဲ့ပြီးဖြစ်ပါတယ်။

သူဌေးတွေဆီကနေခိုးယူပြီး သူဆင်းရဲတွေကို ပြန်လည်မျှဝေပေးတာ Robin Hood ရဲ့ အကျွမ်းကျင်ဆုံးအလုပ်ပဲဖြစ်ပါတယ်။ ခေါင်းစွပ်တခုနဲ့ လေထက်လျှင်မြန်တဲ့ မြှားတံတွေဟာ ရုပ်ရှင်ချစ်ပရိသတ်တွေကို စိတ်ကျေနပ်မှုတခုကို ရရှိစေနိုင်မှာလားဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Action နဲ့ Adventure ရုပ်ရှင်တွေကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် လက်မလွှတ်သင့်တဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတကားဖြစ်တာမို့ စောင့်စားကြည့်ရှုဖို့ မျှဝေပေးလိုက်ရပါတယ်။

The post နိုဝင်ဘာလအတွင်း ထွက်ရှိလာတော့မယ့် “Robin Hood” ရုပ်ရှင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ