Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

Captain America သရုပ်ဆောင်အဖြစ်ကနေ နုတ်ထွက်ဖို့ အတည်ပြုခြင်း မရှိသေးတဲ့ Chris Evans

$
0
0

မင်းသား Chris Evans ကတော့ လာမယ့်နှစ်မှာ ရုံတင်တော့မယ် “Avengers” နောက်ဆက်တွဲ ရုပ်ရှင်ပြီးတဲ့ နောက် Captain America အဖြစ် သရုပ်ဆောင်တော့မှ ာမဟုတ်ဘူးလို့ ဖော်ပြယူဆလို့ရတဲ့ ပို့စ်တခုကို Twitter မှာ တင်ခဲ့ပါတယ်။

အခုလအစောပိုင်းမှာ မင်းသား Evans ဟာ “Avengers 4” မှာ ပါဝင်မယ့် သူ့ဇာတ်ရုပ်အတွက် ဇာတ်ဝင်ခန်းတွေကို ရိုက်ကူးပြီးစီးခဲ့ပြီ ဖြစ်တဲ့အကြောင်း ရေးသားခဲ့ပြီး ကင်မရာရဲ့ အရှေ့နဲ့ အနောက်မှာ ရှိတဲ့လူတိုင်းနဲ့ ပရိသတ်ကြီးကို ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပါတယ်။

အဲဒီလိုမျိုး ရေးသားလိုက်တာကြောင့် သရုပ်ဆောင်ခဲ့တဲ့ Captain America ဇာတ်ရုပ် နဲ့ လမ်းခွဲတော့မယ်လို့ဆိုတဲ့ ထင်ကြေးပေးမှုတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Captain America: The First Avenger” ရုပ်ရှင်ကစလို့ Marvel ရုပ်ရှင်တော်တော်များများမှာ သရုပ်ဆောင်ခဲ့သူဖြစ်တဲ့အတွက် ပရိသတ်တချို့ကတော့ ဒါဟာ သူ့ရဲ့ ဇာတ်ကောင်ကို သတ်ပစ်မှာဖြစ်တယ်ဆိုတဲ့ မှတ်ချက်ပေးမှုတွေ ရှိလာခဲ့တာပါ။

ဒါပေမယ့် မင်းသားရဲ့ စာထဲမှာ ဇာတ်လမ်းကို ကြိုတင်ပြောပြတဲ့ အကြောင်းအရာမျိုး မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ရေးသားထားပြီး သူက ဘာကိုမှ အတည်ပြုတာမျိုးနဲ့ ငြင်းဆိုတာမျိုး မလုပ်ထားပါဘူး။

ချီကာဂိုမြို့မှာ ပြုလုပ်ခဲ့တဲ့ ACE Comic Con မှာ မင်းသား Evans က “ဇာတ်လမ်းကို ကြိုပြောပြတဲ့ အရာလိုမျိုး တော်တော်များများ ထင်ရအောင် တခုခုကို ကျနော် Twitter မှာ တင်ခဲ့တာလားဆိုတာ ကျနော် ရှင်းပြသင့်ပါတယ်။ ‘Avengers 4’ ဘယ်လိုအဆုံးသတ်သွားမယ်ဆိုတာကို ဖယ်ပြီး ကျနော်ရှင်းလင်းရမယ်ဆိုရင် နောက်ဆုံး ရိုက်ကွင်းနေ့က ကျနော် စိတ်လှုပ်ရှားခဲ့ရတဲ့နေ့ ဖြစ်ပြီး ၁၀ နှစ်အတွင်းမှာ ရုပ်ရှင် ၂၂ ကား ရိုက်ခဲ့ရတာကိုလည်း ပြန်အမှတ်ရမိပါတယ်”

“ကျနော် ခံစားရတာထက် ခင်ဗျားတို့တွေ ပိုပြီး ခံစားရပါလိမ့်မယ်။ ပြီးတော့ ဒီကျေးဇူးတင်စကားကို ဝေမျှသင့်တယ်လို့ လည်း ကျနော်ခံစားရပါတယ်။ ကျနော် တခုခုကို အတည်ပြုတာမျိုး ငြင်းဆိုတာမျိုးမလုပ်ရင် အကျိုးသက်ရောက်မှု တခုခုရှိမယ်ဆိုတာကိုလည်း ကျနော် သိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အဲဒီပွဲမှာ အသက် ၃၇ နှစ်အရွယ်မင်းသားက Avengers 4 မှာပါဝင်မယ့် သူ့ဇာတ်ကောင် နောက်ဆုံး ပြောသွားတဲ့ စကားကိုလည်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။

သူက “တကယ့်ကို မိုက်ကန်းကန်းပါပဲ။ တကယ့်ကို မထုံတတ် သေးပုံစံပါပဲ။ လက်တော့မလွှတ်နိုင်ဘူးလေ” လို့ ပြောကြားပါတယ်။ အဲဒီစကားကို Captain America နဲ့ Ant-Man တို့ကြားက စကားပြောဆိုမှု ဖြစ်တယ်လို့ မင်းသားက ဆိုပါတယ်။ “Avengers 4” ရုပ်ရှင်ကို ၂၀၁၉ ခုနှစ် ဧပြီလ ၂၆ ရက်မှာ ရုံတင်ပြသဖို့ စီစဉ်ထားပါတယ်။

Ref: etcanada

The post Captain America သရုပ်ဆောင်အဖြစ်ကနေ နုတ်ထွက်ဖို့ အတည်ပြုခြင်း မရှိသေးတဲ့ Chris Evans appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


သာလွန်မင်းလက်ထက် အမြင့်မင်းသားအရေးတော်ပုံ


စနေမင်း နှင့် တနင်္ဂနွေမင်း


''ပါဂျောင်မြေမှ အရိုးတွန်သံ'


လုလုအောင် HD အသစ်


TTA Oreo Gapp Installer


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)