Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

၅၅ ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲမှာ ကန်တော့ခံခဲ့ကြတဲ့ သက်ကြီး အနုပညာရှင်များ

$
0
0

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ကြီးမှူးကျင်းပတဲ့ ၅၅ ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၁၃ ရက်နေ့က နှင်းဆီကုန်းဘိုးဘွားရိပ်သာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ အနုပညာလောကက အသက်ကြီးရွယ်အို အဘိုးဘွားတွေကို အရင်နှစ်တွေကထက် ပိုပြီး အများအပြား လှူဒါန်းနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအတွင်းရေးမှူး ဦးအေးကြူလေးက ဧရာဝတီကို ပြောပါတယ်။

“ဒါက နှစ်စဉ်နှစ်တိုင်း ကျနော်တို့ ရုပ်ရှင်အစည်းအရုံးကနေ ကျင်းပနေတဲ့ပွဲလေးဖြစ်ပါတယ်။ အရင်နှစ်တွေက ရုပ်ရှင်အစည်းအရုံးမှာလုပ်တယ်။ ဒီနှစ်ကတော့ ၅၅ ကြိမ်မြောက်ကျင်းပတာ ဖြစ်ပါတယ်။ ကန်တော့ခံသက်ကြီးဘိုးဘွား စုစုပေါင်း ၁၆၂ ဦးရှိပါတယ်။ လှူဒါန်းတဲ့ ပစ္စည်းတွေကတော့ အရမ်းကိုများတဲ့အတွက် အတိအကျ ပြောဖို့ကမလွယ်ပါဘူး။ ဆေးဝါး၊ လူသုံးကုန်ပစ္စည်း အကုန်ပါတယ်။ ပြီးတော့ ငွေကြေးအားဖြင့်ကလည်း တဦးကို ၂ သိန်း ၆ သောင်းကျော် လှူဒါန်းခဲ့ပါတယ်” လို့ ဦးအေးကြူလေးက ပြောပါတယ်။

အနုပညာရှင်သက်ကြီးများကလည်း ကန်တော့ခံရတဲ့အတွက် ဝမ်းသာပီတိစကားများ ပြောခဲ့ကြပါတယ်။ တခေတ် တခါက နာမည်ကျော် မင်းသားကြီး ဖြစ်တဲ့ ဝါရင့် သရုပ်ဆောင် အကယ်ဒမီများရှင် ဦးညွှန့်ဝင်းကလည်း အခုလိုပဲ ဝမ်းသာပီတိစကား ဆိုပါတယ်။

ရုပ်ရှင်သက်ကြီးပူဇော်ပွဲမှာ တွေ့ရတဲ့ သရုပ်ဆောင် ဦးညွှန့်ဝင်း

“ကိုယ့်ရဲ့ အပေါင်းအသင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကို ကျန်းကျန်းမာမာပြန်တွေ့ရတော့ ဝမ်းသာတယ်။ ပီတိဖြစ်တယ်။ စည်စည်ကားကားနဲ့ လာကြတာဝမ်းသာရတယ်။ တိုးတက်လာတယ်။ ရုပ်ရှင်လောကကြီးကတော်တော် တိုးတက်လာတယ်။ အဲ့လိုတိုးတက်အောင် ရုပ်ရှင်ရိုက်တဲ့သူတွေမှာ တာဝန်ရှိတယ်။ အဲ့တာဝန်တွေနဲ့ မျိုးဆက်တွေကို ဆင့်ပွားလက်ဆင့်ကမ်းရမယ်။ အခု အခြေအနေတွေလည်း တော်တော်ကောင်းပါတယ်”

“လုပ်ကိုင်ခွင့်တွေလည်း အများကြီးရှိတယ်။ တို့တုန်းက လုပ်ကိုင်ခွင့်တွေ အဲ့လောက်မရှိဘူး။ လွတ်လပ်မှုမရှိဘူး။ အခုလွတ်လွတ်လပ်လပ်နဲ့ လုပ်ကိုင်နေရတာ ဝမ်းသာဖို့ကောင်းတယ်။ ကျန်းမာရေးကတော့ ကောင်းနေပါတယ်။ သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေကြည့်ပြီးတော့ ဝမ်းသာလို့လားမသိဘူး နေကောင်းနေတယ်။ ကျနော် ပရိသတ်နဲ့ နေခဲ့ရတဲ့သူဖြစ်တဲ့အတွက် ပရိသတ်ကျေးဇူးလည်း မမေ့ပါဘူး။ ကျနော့်ကားလေးတွေ တီဗီကနေပြန်လွှင့်ရင် ကြည့်ဖြစ်ပါတယ်” လို့ ဦးညွှန့်ဝင်းက ပြောပါတယ်။

လူရွှင်တော် လောကမှာ အသက်အရွယ် အကြီးဆုံးတဦးဖြစ်တဲ့ ဝါရင့် လူရွှင်တော် သရုပ်ဆောင်ဟောင်း ဦးစိန်ရိုးက လက်ရှိမှာ နားစည်ပေါက်ထားပြီး အစာအိမ်နဲ့ အူလမ်းကြောင်းမှာလည်း ကင်ဆာရောဂါ ဝေဒနာ ခံစားနေရတယ်လို့ သိရပါတယ်။ ဦးစိန်ရိုးရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေများကိုလည်း အခုလိုပဲ ပြောပြပါတယ်။

“ရုပ်ရှင်အစည်းအရုံးက အခုလို သက်ကြီးပူဇော်ကြတာ ဝမ်းသာလို့ မဆုံးပါဘူး။ ဝမ်းနည်းတာကတော့ ငယ်ငယ်တုန်းက လုပ်ခဲ့တာတွေကို သတိရလို့ ဝမ်းနည်းတယ်။ ကျန်းမာရေးကတော့ သိပ်မကောင်းဘူး။ ကောင်းလိုက်၊ မကောင်းလိုက်ပေါ့။ အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ကင်ဆာတွေ့တယ်။ နောက် နားကတော့ နားစည်ပေါက်သွားတာကြောင့် နားလုံးဝမကြားရဘူး။ စက်ထည့်လို့လည်း မရဘူး။ ကျနော့်သားတွေနဲ့ နေတယ်။ မိသားစုကတော့ အတတ်နိုင်ဆုံးလုပ်ပေးပါတယ်။ အိမ်မှာ ဘုရားရှိခိုး၊ ပုတီးစိပ်တယ်” လို့ လူရွှင်တော် ဦးစိန်ရိုးက ဆိုပါတယ်။

အနုပညာ လှုပ်ရှားမှုတွေမှာ မတွေ့တာကြာပြီ ဖြစ်တဲ့ ဟာသ သရုပ်ဆောင် ဦးမိုးဒီကလည်း ယခုလို သက်ကြီးပူဇော်ပွဲ တက်ရောက်လာတဲ့အပေါ် သူ့ရဲ့ စိတ်ခံစားချက်နဲ့ သူ့ရဲ့ လက်ရှိ ကျန်းမာရေးကိုလည်း အခုလိုပဲ ပြောပါတယ်။

“ကျနော်က မနှစ်က မပါဘူး။ ၁ လလိုလို့ ။ ဒီနှစ်မှပါတယ်။ ၇၁ နှစ်ထဲရောက်တော့ ပါတယ်ဆိုပြီး ဖိတ်တော့ ဝမ်းသာလိုက်တာ၊ ပျော်လိုက်တာ၊ ကြည်နူးတယ်။ တွေ့ရတဲ့သူတွေက ကိုယ့်ချစ်ရတဲ့ အနုပညာလောကသားတွေ။ ဒီလိုဆုံစည်းရတာလည်း ရုပ်ရှင်အစည်းအရုံးကျေးဇူးကြောင့်ပါ။ ရင်ထဲမှာ ကြည်နူးရတယ်။ အနုပညာပညာတွေလည်း လုပ်တယ်။ မန္တလေးမှာ ဘိတ်သိတ်ဆရာလုပ်တယ်။ ဇာတ်ကားကတော့ ခပ်ပါးပါးလေးရိုက်တယ်”

“ကျန်းမာရေးကတော့ ဝတဲ့ သူတွေက အဆီတွေကို လေပြွှန်ကိုသွားပိတ်နေတော့ အိပ်နေရင်းနဲ့ အိပ်ပျော်သွားပြီးရင် လန့်နိုးရင်နိုးတာပဲ။ အသားတွေ တုန်ပြီးတော့ ကတုန်ကရင်တွေဖြစ်လာတယ်။ အသက်တော့ရှုလို့ရတယ်။ စက်တပ်ရမယ်လို့ပြောတယ်။ စက်ကသိန်း ၂၀ လောက်ရှိတယ်။ ကျနော်ကို သေပြီဆိုပြီးစိတ်ပူပြီးမေးကြတဲ့သူတွေလည်း ကျေးဇူးတင်ပါတယ်။ တင်တဲ့သူကလည်း ဘယ်သူမှန်းမသိဘူး။ ဘယ်သူ့ကိုမှလည်း အပြစ်မတင်ပါဘူး။ ကျနော်ကျန်းမာစွာနဲ့ အလုပ်တွေရှိရင် လုပ်ဦးမှာပါ” လို့ ဦးမိုးဒီက ပြောပါတယ်။

ရုပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်းအနားကို နှစ်စဉ်နှစ်တိုင်း ရုပ်ရှင်အစည်းအရုံးမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ယခုနှစ်မှာတော့ နှင်းဆီကုန်းဘိုးဘွားရိပ်သာမှာကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီနောက် အပူဇော်ခံသက်ကြီးဘိုးဘွားတွေကိုလည်း အသက် ၇၀ ကျော်မှသာ ကန်တော့ခံရတာဖြစ်တဲ့အကြောင်း သိရပါတယ်။

ကျန်းမာရေးအခြေအနေကြောင့် ကန်တော့ပွဲကို မတက်ရောက်နိုင်တဲ့ ဘိုးဘွားတွေကိုလည်း ရုပ်ရှင်အစည်းအရုံးက တာဝန်ရှိသူတွေက အိမ်တိုင်ရာရောက် သွားရောက် လှူဒါန်းသွားမယ်လို့ သိရပါတယ်။

The post ၅၅ ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲမှာ ကန်တော့ခံခဲ့ကြတဲ့ သက်ကြီး အနုပညာရှင်များ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


သာလွန်မင်းလက်ထက် အမြင့်မင်းသားအရေးတော်ပုံ


စနေမင်း နှင့် တနင်္ဂနွေမင်း


''ပါဂျောင်မြေမှ အရိုးတွန်သံ'


လုလုအောင် HD အသစ်


TTA Oreo Gapp Installer


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)