Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အနုပညာနဲ့ ဝေးကွာခဲ့ပြီး အခုချိန်ထိ ပရိသတ်နဲ့ မနီးစပ်သေးတဲ့ သရုပ်ဆောင် ခရစ္စတီနား

$
0
0

အချိန်အတိုင်းအတာ တခုကြာ အနုပညာအလုပ်များ ခဏနားခဲ့ပြီး ယခုနောက်ပိုင်းမှာ အနုပညာအလုပ်များကို ပြန်လည်လုပ်ကိုင်နေတဲ့ သရုပ်ဆောင် ခရစ္စတီးနားက အနုပညာ လောကထဲမှာ အချိန်ကြာနေပြီဖြစ်ပေမယ့် အခုချိန်ထိ ပရိသတ်နဲ့ မနီးစပ်နိုင်သေးဘူးလို့ ဆိုပါတယ်။

“ကျျမကလေ အခုချိန်ထိကို ပရိသတ်နဲ့ မနီးစပ်နိုင်သေးဘူး။ ကိုယ်နီးစပ်ချင် သလောက်ပေါ့နော်။ ဟိုတလောကဆိုရင်လည်း ကျမအဖေကို ပြုစုနေရတာနဲ့ အချိန် ဟသွားတယ်။ ရုပ်ရှင်တွေ ပြန်ရိုက်ပေမယ့် ဟသွားတယ်။ အရင်က နိုင်ငံခြားခရီးတွေ ထွက်သွားရင်းနဲ့ ဟသွားတယ်။ ကျမ ကားရိုက်လေးတွေ ထွက်တာ နည်းတာရော၊ ကားရိုက်တွေကို အရမ်းရွေးချယ်ခဲ့တာရော ကြောင့်ပေါ့။ အခုတော့ ပရိသတ်နဲ့ နီးစပ်အောင် ပြန်လုပ်နေပါတယ်” လို့ ခရစ္စတီနားက ပြောပါတယ်။

အနုပညာအလုပ်များ လုပ်ကိုင်နေဆဲအချိန်မှာ နိုင်ငံခြားမှာ သွားရောက် နေထိုင်ခဲ့တာကြောင့် ပရိသတ်နဲ့ ဝေးကွာခဲ့ပြီး နောက်ပိုင်း အနုပညာအလုပ်များ ပြန်လည် လုပ်ကိုင်တဲ့အချိန်မှာလည်း အကြောင်းအမျိုးမျိုးကြောင့် ပရိသတ်နဲ့ ဝေးကွာခဲ့ရပြန်တယ်လို့ ပြောပါတယ်။

“ကျမကိုယ်တိုင်က နိုင်ငံခြားမှာ သွားနေခဲ့တဲ့ အချိန်တွေကများတယ်။ နောက်ပြီးတော့ လွဲနေတာပေါ့နော်။ ပြန်လုပ်တဲ့အချိန်မှာလည်း အကြောင်းအမျိုးမျိုးနဲ့ နားလိုက်ရတာတွေလည်း ရှိတယ်။ အဲဒါကြောင့် ပရိသတ်နဲ့ ဝေးသွားတာပါ” လို့ ခရစ္စတီနားက ပြောပါတယ်။

အနုပညာအလုပ်များ ပြန်လုပ်တဲ့အချိန်မှာတော့ ခေတ်ရေစီးကြောင်းအရ ယခင်နဲ့ ကွဲပြားသွားခဲ့ပြီး ကိုယ်တိုင်အနေနဲ့လည်း ရတဲ့ အခွင့်အရေးပေါ်မှာ လုပ်ရတဲ့အတွက် နည်းနည်းတော့ ခက်တယ်လို့ ခရစ္စတီနားက ပြောပါတယ်။

“ခေတ်အခြေအနေနဲ့ ရေစီးကြောင်းပေါ် လိုက်ပြီး ပုံစံတွေက ကွဲတာပေါ့နော်။ အခုဆိုရင် Facebook ခေတ်၊ အွန်လိုင်းခေတ်ဖြစ်သွားတယ်။ ဇာတ်လမ်းတွဲတွေ ခေတ်စားလာတယ်။ နောက်ပြီးတော့ ဗီဒီယိုလောကကလည်း အရမ်းငြိမ်သွားတယ်”

“ခေတ်ကတော့ အပြောင်းအလဲ ရှိတာပဲ။ ကိုယ်ကလည်း အတတ်နိုင်ဆုံး ဘယ်နေရာမှာ ဘယ်လို ကြိုးစားပြီးတော့ ပရိသတ်ကို အကောင်းဆုံး တင်ဆက်မလဲ ဆိုတာရယ်။ ကျမတို့က ကိုယ်က ဘယ်လောက်ပဲ လုပ်ချင်လုပ်ချင် ကိုယ်ရတဲ့ အခွင့်အရေးပေါ်မှာ လုပ်ရတာဆိုတော့ နည်းနည်းတော့ ခက်တယ်” လို့ ခရစ္စတီနားက ပြောပါတယ်။

လတ်တလောမှာတော့ ခရစ္စတီနားက အနုပညာလှုပ်ရှားမှုအနေနဲ့ Wedding Show များ ၊ ကြော်ငြာများ ၊ ဓာတ်ပုံများနဲ့ နယ်ပွဲတွေမှာ သီချင်းဆိုဖို့တွေ ရှိတယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၆ ရက်နေ့မှာ ကျရောက်မယ့် သူမရဲ့မွေးနေ့မှာလည်း အလှူအတန်းများ ပြုလုပ်သွားဖို့ရှိပြီး မကြာခင်က သေဆုံးသွားတဲ့ဖခင်ဖြစ်သူအတွက် ဆုတောင်းပေးဖို့လည်း ရှိတယ်လို့ သိရပါတယ်။

“မွေးနေ့ အစီအစဉ်ကတော့ ကျမကို မွေးခဲ့တဲ့ ဗဟိုအမျိုးသမီးဆေးရုံမှာ အလှူလုပ်ဖို့ ရှိပါတယ်။ ပြီးတော့ ကျမအဖေအတွက် သွားဆုတောင်းဖို့လုပ်ထားတယ်။ ကျမ မွေးနေ့တိုင်းမှာ ကျမ အဖေက ဘေးကနေ မားမားမတ်မတ် ရှိပေးခဲ့တယ်။ မွေးနေ့တိုင်းမှာ လုပ်ချင်တာတွေကို လိုက်လုပ် ပေးတယ်။ စိတ်အား၊ လူအား၊ ငွေအားရောနဲ့ လုပ်ပေးခဲ့တယ်” လို့ ခရစ္စတီနားက ဆိုပါတယ်။

The post အနုပညာနဲ့ ဝေးကွာခဲ့ပြီး အခုချိန်ထိ ပရိသတ်နဲ့ မနီးစပ်သေးတဲ့ သရုပ်ဆောင် ခရစ္စတီနား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ