Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

လူ့စရိုက်သဘောကို ကြည့်ရှုရမယ့် ကိုရီးယားရုပ်ရှင် “The Pipper”

$
0
0

ဒီတခါမှာတော့ ဒါရိုက်တာ Kim Kwang-tae ရိုက်ကူးထားပြီး ၂၀၁၅ ခုနှစ်က ထွက်ရှိထားတဲ့ Horror, Thriller ရုပ်ရှင်အမျိုးအစား ကိုရီးယားဇာတ်ကား ကောင်းတကားနဲ့ မိတ်ဆက် ပေးချင်ပါတယ်။

ဒီဇာတ်ကားဟာ ဆိုရင်တော့ အလယ်တန်းကျောင်းသားဘဝက အင်္ဂလိပ်စာသင်ခန်းစာမှာ သင်ဖူးခဲ့တဲ့ Piper ပုံပြင်လေးကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး မင်းသား Seung-ryong Ryu, Joon Lee နဲ့ မင်းသမီး Woo-hee Chun တို့အပြင် တခြားသော သရုပ်ဆောင်တွေက ပါဝင် သရုပ်ဆောင်ထားကြပါတယ်။

ဇာတ်လမ်းအကြောင်းအရာကတော့ ကိုရီးယားနိုင်ငံရဲ့ စစ်ပြီးခေတ်အချိန်ကာလမှာ ဇနီးသည်ကို စစ်အတွင်းမှာ ဆုံးရှုံးလိုက်ရတဲ့ ပုလွေဆရာ Woo-ryong ဟာ သားဖြစ်သူရဲ့ ရောဂါကို ဆေးကုဖို့ အတွက် ဆိုးလ်မြို့ဆီကို တောလမ်းခရီးကို ဖြတ်ပြီး ခရီးထွက်ခဲ့ကြပါတယ်။

စာမတတ်တဲ့ သားအဖနှစ်ယောက်ဟာ ဘယ်သူက လှောင်ပြောင်ရေးသားလိုက်မှန်း မသိတဲ့ “kiss your ass monkey” လို့ ရေးထားတဲ့ စာရွက်ကို ဆေးကုပေးမယ့်သူရဲ့ လိပ်စာလို့ ထင်မှတ်ပြီး စာရွက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ ဆိုးလ်မြို့ဆီကို ထွက်လာခဲ့ကြတာလည်း ဖြစ်ပါတယ်။

လူသူကင်းမဲ့လှတဲ့ တောလမ်းခရီးကို ဖြတ်လာရင်း လမ်းခုလတ် တနေရာမှာတော့ အမည်မသိ ရွာငယ်လေး တရွာဆီကို ရောက်ခဲ့ပြီး ရွာသူရွာသားတွေအားလုံးရဲ့ မျက်နှာဟာ တစုံတခုကို စိုးထိတ်ကြောက်ရွံ့နေတဲ့ပုံစံကို အထင်းသား တွေ့မြင်ကြရပါတယ်။

ပြင်ပလောကနဲ့ အဆက်အသွယ်ပြတ်နေတဲ့ ရွာသူရွာသားတွေဟာ ရိုးရာ နတ်ယုံကြည်မှုတွေနဲ့ ရွာသူကြီးရဲ့ ပြောစကားတွေကြားမှာပဲ ပိတ်မိနေကြာတာဖြစ်ပြီး သူတို့ထိတ်လန့်နေရတဲ့ အကြောင်းရင်းကတော့ ရွာထဲမှာ သောင်းကျန်းနေတဲ့ ရာပေါင်းများစွာသော ကြွက်တွေကြောင့်ပဲ ဖြစ်ပါတယ်။

ရွာသူကြီးက ပုလွေဆရာကို ကြွက်တွေကို နှိမ်နှင်းပေးနိုင်ရင် နွားတကောင်ဖိုး ပိုက်ဆံပေးပါ့မယ်လို့ ကတိကဝတ် ပြုခဲ့တာကြောင့် ပုလွေဆရာဟာ သူ့ရဲ့ထူးခြားလှတဲ့ ပုလွေသံစဉ်တွေနဲ့ ကြွက်တွေကို အဝေးဆုံးဆီ နှင်ထုတ်ပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ရွာသူကြီးဟာ သူ့ရဲ့ကတိကို ချိုးဖျက်ခဲ့တဲ့အပြင် ပုလွေဆရာသားအဖကို ရွာကနေပါ နှင်ထုတ်ခဲ့ပြီး ပုလွေဆရာအနေနဲ့ စိတ်ထား ယုတ်ညံ့တဲ့ ရွာသူကြီးကို ဘယ်လို လက်စားပြန်ချေမလဲ ဆိုတာကို စိတ်ဝင်တစား ဆက်လက်ကြည့်ရှုကြရမှာပါ။

ဒီဇာတ်ကားဟာဆိုရင် IMDB rating (6.3) ရရှိထားပြီး လူတွေရဲ့ ပြောင်းလဲတတ်တဲ့ စိတ်သဘော မနောနဲ့ လောဘတွေကို ကြည့်ရှုကြရမှာပါ။ သိပြီးသား ပုံပြင်ဇာတ်လမ်းကို အခြေခံ ရိုက်ကူးထားတာ ဆိုပေမယ့် ထပ်မံဖြည့်သွင်းထားတဲ့ သမိုင်းကြောင်းတွေကြောင့် စိတ်ဝင်တစား ကြည့်ရှုရမှာမို့ ရုပ်ရှင်ချစ် ပရိသတ်တွေအတွက် ညွှန်းဆိုပေးလိုက်ပါတယ်။

The post လူ့စရိုက်သဘောကို ကြည့်ရှုရမယ့် ကိုရီးယားရုပ်ရှင် “The Pipper” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ