Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အက်ဆစ်နဲ့ တိုက်ခိုက်ခံခဲ့ရသူအဖြစ် မင်းသမီး Deepika Padukone သရုပ်ဆောင်မည်

$
0
0

ဘောလိဝုဒ်မင်းသမီး Deepika Padukone ဟာ နောက်ထပ် သူရိုက်ကူးမယ့် ရုပ်ရှင်ကို ထုတ်ပြောလိုက်ပါပြီ။ “Padmaavat” ဆိုတဲ့ ရုပ်ရှင်မှာ Rani Padmavati အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Deepika က ဒါရိုက်တာ Meghna Gulzar ရိုက်ကူူးမယ့်ရုပ်ရှင်မှာ အက်ဆစ်နဲ့ တိုက်ခိုက်ခံခဲ့ရသူ Laxmi Agarwal အဖြစ် သရုပ်ဆောင်မယ်လို့ သိရပါတယ်။ ဒါ့အပြင် အသက် ၃၂ နှစ်အရွယ် မင်းသမီးဟာ အဲဒီရုပ်ရှင်ကို ထုတ်လုပ်သူအဖြစ် ဆောင်ရွက်ဦးမှာဖြစ်ပါတယ်။

အိန္ဒိယအမျိုးသမီး Laxmi Agarwal ဟာ အသက် ၁၅ နှစ်အရွယ်မှာပဲ အက်ဆစ်နဲ့ တိုက်ခိုက်ခံခဲ့ရသူ ဖြစ်ပြီး ခွဲစိတ်မှုပေါင်းများစွာကို ခံယူခဲ့ရသူဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ သူဟာ သူ့လိုမျိုး အက်ဆစ်နဲ့ တိုက်ခိုက်ခံခဲ့ရလို့ သေကံမရောက် သက်မပျောက်ခဲ့ရသူတွေကို ကူညီတဲ့အလုပ်ကို ဆောင်ရွက်ခဲ့ပြီး အက်ဆစ်နဲ့ တိုက်ခိုက်မှုတွေ ရပ်တန့်စေဖို့ ကမ်းပိန်းတွေကိုလည်း လှုံ့ဆော်လုပ်ဆောင်ခဲ့ပါတယ်။

၂၀၁၄ ခုနှစ်မှာ အမေရိကန်သမ္မတကတော်ဟောင်း မီရှဲယ်အိုဘားမားချီးမြှင့်တဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ နိုင်ငံတကာသတ္တိရှင်အမျိုးသမီးဆုကို လက်ခံခဲ့ရရှိခဲ့ပါတယ်။

အဲဒီရုပ်ရှင်အကြောင်းနဲ့ပတ်သက်လို့ Mumbai Mirror သတင်းစာကို ပြောကြားရာမှာတော့ မင်းသမီးက “ကျမ ဒီဇာတ်လမ်းကို ကြားလိုက်ရတဲ့အခါမှာ ဒါဟာ အကြမ်းဖက်မှုတခုသာမက ခွန်အား၊ သတ္တိ၊ မျှော်လင့်ချက်နဲ့ အောင်မြင်မှုတခုဖြစ်တဲ့အတွက် ကျမ တော်တော်လေး စိတ်လှုပ်ရှားခဲ့ရပါတယ်။ ကျမအပေါ် ကိုယ်ရေးကိုယ်တာ အရရော၊ ဖန်တီးမှုအရပါ သက်ရောက်မှု ရှိခဲ့ပါတယ်။ ကျမဒီထက်ပိုသွားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ထုတ်လုပ်သူအဖြစ် ဆောင်ရွက်ဖို့ ဆုံးဖြတ်လိုက်ရတာပါ” လို့ ပြောကြားခဲ့ပါတယ်။

“Raazi” ရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Meghna Gulzar ကတော့ Laxmi ရဲ့ ဇာတ်လမ်းဟာ လူမှုအသိုက်အဝန်းမှာ အသိပညာပေးဖို့ လိုအပ်နေတဲ့ အကြောင်း ခံစားရတယ်လို့ဆိုပါတယ်။ သူက “Laxmi ရဲ့ ဇာတ်လမ်းကို ကင်မရာကနေတဆင့်အသုံးပြုပြီးတော့ ကျနော်တို့ဟာ ကျနော်တို့ရဲ့ လူမှုအသိုင်းအဝန်းမှာ အက်ဆစ်နဲ့ ပတ်သက်တဲ့ အကျိုးဆက်တွေနဲ့ ထိခိုက်မှုတွေကို ဖော်ထုတ်ဖို့ ကြိုးစားနေပါတယ်။ ဒါဟာ ပြောကို ပြောပြရမယ့် ဇာတ်လမ်းအကြောင်းအရာပဲ ဖြစ်ပါတယ်” လို့ Mirror သတင်းစာကို ပြောကြားခဲ့ပါတယ်။

သူ့ရဲ့ ရုပ်ရှင်မှာ Laxmi အဖြစ် Deepika ကို ပါဝင်သရုပ်ဆောင်စေတဲ့အကြောင်းနဲ့ ပတ်သက်လို့ အမျိုးသမီး ဒါရိုက်တာ Meghna က “Deepika ဟာဇာတ်လမ်းနဲ့ ဇာတ်ကောင်မှာ မျှမျှတတ လုပ်နိုင်လိမ့်မယ်လို့ ကျမပြောရဲပါတယ်။ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာဟာ ကျမပုံဖော်ထားတဲ့ Laxmi ရဲ့ဇာတ်ကောင်နဲ့ လိုက်ဖက်ပါတယ်။ ဒီရုပ်ရှင်ကို ရိုက်ကူးဖို့ သူ့ရဲ့ ဆုံးဖြတ်ချက်မှာ သူကိုယ်တိုင် လိုလိုလားလား ရှိတာမို့လို့ ကျမတို့ ကျေးဇူးတင်ပြီး အားရှိရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Ref:indianexpress

The post အက်ဆစ်နဲ့ တိုက်ခိုက်ခံခဲ့ရသူအဖြစ် မင်းသမီး Deepika Padukone သရုပ်ဆောင်မည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ