Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အောက်တိုဘာလထဲမှာ ထွက်ရှိလာတော့မယ့် “Daredevil Season-3”

$
0
0

ဒီတခါ မိတ်ဆက်ပေးမယ့် ရုပ်ရှင်စီးရီးတခုကတော့ ဒါရိုက်တာ Drew Goddard က Netflix အတွက် ရိုက်ကူးပေးထားတဲ့ Action, Crime, Drama အမျိုးအစား ရုပ်ရှင်ကား “Daredevil” ပဲ ဖြစ်ပါတယ်။

Marvel ရဲ့ စူပါဟီးရိုးဇာတ်ကောင်လည်း ဖြစ်သလို သီးခြားရုပ်ရှင်အနေနဲ့လည်း ၂၀၀၃ ခုနှစ်မှာ Ben Affleck က Daredevil အဖြစ် သရုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။ အခုစီးရီးကတော့ ၂၀၁၅ ခုနှစ်မှာ season 1 ထွက်ရှိခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ season 2 ထွက်ရှိခဲ့တဲ့အပြင် အခုနှစ် အောက်တိုဘာမှာ season 3 ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။

Charlie Cox, Deborah Ann Woll, Elden Henson, Toby Leonard Morre တို့အပြင် တခြားသော သရုပ်ဆောင်များစွာလည်း ပါဝင်သရုပ်ဆောင် ထားကြပါတယ်။

ဇာတ်လမ်းကတော့ Matt Murdock ဟာ မျက်မမြင်ရှေ့နေတယောက်ဖြစ်ပြီး ညအခါမှာတော့ သူနေထိုင်ရာ Hellkitchen မြို့လေးကို စောင့်ရှောက်နေတဲ့ Daredevil ပဲ ဖြစ်ပါတယ်။ သူဟာ လူတွေရဲ့ လှုပ်ရှားပြုမူမှုတွေကို X-ray ဆန်ဆန် မြင်တွေ့နိုင်ပြီး အကြားအာရုံကလည်း လိုတာထက် ပိုရှိနေခဲ့တာ ဖြစ်ပါတယ်။

သူ့ငယ်ဘဝတုန်းက ဓာတုပစ္စည်းအရည်တချို့ မျက်လုံးထဲဝင်ခဲ့တာကြောင့် အခုလို မျက်မမြင်ဘဝကို ရောက်ခဲ့ရပေမယ့် သူ့ကိုအရမ်းချစ်တဲ့ သူ့အဖေကြောင့် စိတ်ဓာတ်တွေဟာ မာကျောနေခဲ့တာလည်း ဖြစ်ပါတယ်။ လက်ဝှေ့အားကစားသမားတဦးဖြစ်တဲ့ သူ့အဖေဟာ လူတစုရဲ့ အနိုင်ကျင့် သတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး ဘယ်လိုတရားမျှတမှုမျိုးကိုမှ သူရော သူ့အဖေရော မရခဲ့တဲ့ အတွက်ကြောင့် ရှေ့နေတယောက်ဖြစ်ဖို့ ကြိုးစားခဲ့ရတာလည်း ဖြစ်ပါတယ်။

ဒုစရိုက်မှုတွေ များပြားလှတဲ့ Hellkitchen မြို့မှာ အမည်မသိ မျက်နှာဖုံးဝတ် ဟီးရိုး တယောက်ကြောင့်တော့ ရာဇဝတ်မှုတွေဟာ လျော့ကျမသွားခဲ့ပါဘူး။ အကြောင်းကတော့ မြို့ကို ဒုစရိုက်လုပ်ငန်းတွေနဲ့ လည်ပတ်နေစေသူ သူဌေး Wilson Fisk ကိုယ်တိုင် ကြိုးကိုင်နေခဲ့လို့ပဲ ဖြစ်ပါတယ်။

Daredevil အနေနဲ့ Hellkitchen မြို့လေးကို ဆက်ပြီး စောင့်ရှောက်နိုင်မလား၊ သူစောင့်ရှောက်နေတဲ့ မြို့ကရော သူ့ကို ဘာတွေပြန်ပေးမလဲ။ ရှေ့နေတယောက်အနေနဲ့ရော အမည်မသိ မျက်နှာဖုံးဝတ် တယောက်အနေနဲ့ရော တရားမျှတမှုကို အလွယ်တကူ ပေးနိုင်ပါ့မလား ဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် စီးရီးတခုလည်း ဖြစ်ပါတယ်။

IMDB rating (8.2) အထိ ရရှိထားတဲ့ စီးရီးကောင်းတခုဖြစ်တာကြောင့်လည်း ရုပ်ရှင်ချစ် ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

The post အောက်တိုဘာလထဲမှာ ထွက်ရှိလာတော့မယ့် “Daredevil Season-3” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ