Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

တဖြေးဖြေးပိန်လာလို့ ပရိသတ်တွေ စိတ်ပူနေကြရတဲ့ အဆိုတော် Jiyeon

$
0
0

တောင်ကိုရီးယားနိုင်ငံရဲ့ အမျိုးသမီး K-pop အဆိုတော်အဖွဲ့ “T-Ara” အဖွဲ့က အလှပဂေးလေး Jiyeon ကို သိတဲ့သူတွေရှိရင်တော့ ဒီသတင်းကြားပြီး စိတ်မကောင်းဖြစ်နေမှာ အမှန်ပါပဲ။ Jiyeon ဟာ အဖွဲ့ထဲမှာ အချောဆုံးဖြစ်ပြီး အသက်က ၂၅ နှစ်သာ ရှိပါသေးတယ်။ ပရိသတ်ရှေ့ စရောက်လာစဉ်က သူမ အရပ်အမောင်းနဲ့ လိုက်ဖက်တဲ့ ကိုယ်ခန္ဓာအချိုးအစားကို ပိုင်ဆိုင်သူထဲမှာ ပါဝင်ခဲ့ပါတယ်။

၂၀၀၉ ခုနှစ် ဇူလိုင်လက စတင်ပွဲထွက်ခဲ့ပြီး အောင်မြင်မှုတွေရယူနိုင်ခဲ့တဲ့ T-Ara အဖွဲ့ဟာ အချိန်ကြာလာတဲ့အခါ အဖွဲ့ဝင် အပြောင်းအလဲတွေနဲ့ အတွင်းရေး ရှုပ်ထွေးမှုတွေကြောင့် အောင်မြင်မှုနဲ့ ပြန်လည် ဝေးကွာခဲ့ပါတယ်။ Jiyeon ဟာ အဖွဲ့ထဲမှာ ပရိသတ်တွေသတိပြုမိသူဖြစ်ပြီး ဝေဖန်မှုတွေ မျိုးစုံလည်း ကြုံတွေ့ခဲ့ရပါတယ်။

သူမဟာ ပေါ်ခါစနဲ့ နှိုင်းယှဉ်ရင် တဖြေးဖြေးနဲ့ ပိန်လာခဲ့ပြီး နောက်ဆုံး Instagram မှာ တင်ထားတဲ့ပုံမှာတော့ တော်တော်ပိန် နေခဲ့ပါတယ်။ လက်အရိုးတွေ ပေါ်နေသလို မျက်နှာကျပြီး ခြေသလုံးတွေကလည်း သေးသေးလေးတွေသာ ရှိတော့ပါတယ်။

သူမဟာ အမေရိကမှာ အနားသွားယူရင်း အလှဓာတ်ပုံတွေကို လူမှုကွန်ရက်မှာ မျှဝေခဲ့တာ ဖြစ်ပေမယ့် ပုံထဲမှာ အတော်လေး ပိန်နေတာကြောင့် ပရိသတ်တွေကတော့ စိတ်ပူနေကြပါတယ်။ “ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ” ၊ “အရမ်းပိန်တာပဲ” ၊ “ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ မမေ့ပါနဲ့” “ဘာကြောင့် ဒီလောက်တောင် ပိန်နေရတာလဲ” စတဲ့ Comment တွေ ပေးထားကြပြီး သူမကို ချစ်ခင်တဲ့ ပရိတ်သတ်တွေ စိတ်ပူနေကြပါတယ်။

ကိုရီးယား အနုပညာရှင်တွေဟာ ကိုယ်အလေးချိန်နဲ့ ပတ်သက်ပြီး အမြဲလိုလို ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။ အနည်းငယ် ပြည့်ပြည့်ဖြိုးဖြိုးဖြစ်တဲ့ အဆိုတော်ကိုလည်း စိတ်ညစ်အောင် ဝေဖန် ပြောဆိုကြသလို အရမ်းပိန်သွားတဲ့ အခါကျတော့လည်း ဝိုင်းပြီး စိတ်ပူပေးကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကိုရီးယားအင်တာနက် အသုံးပြုသူတွေကြောင့် စိတ်ဖိစီးမှု ခံစားရပြီး ဆေးရုံရောက်၊ အလွန်အမင်း ဝိတ်ကျသွားတဲ့ အနုပညာရှင်တွေလည်း ဒုနဲ့ဒေးပါပဲ။ Jiyeon က တကိုယ်တော်အနေနဲ့ “Never ever” သီချင်းမှာ လူကြိုက်များခဲ့သလို ဇာတ်လမ်းတွဲတွေမှာလည်း သရုပ်ဆောင်နေပြီဖြစ်ပါတယ်။

www.koreaboo.com

The post တဖြေးဖြေးပိန်လာလို့ ပရိသတ်တွေ စိတ်ပူနေကြရတဲ့ အဆိုတော် Jiyeon appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ