Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဝိညာဉ်ခေါ်ဘုတ်ပြားနဲ့ နောက်ဆက်တွဲ အကျိုးရလဒ်များ “Ouija : Origin of Evil (2016)”

$
0
0

ဒီတခါ မိတ်ဆက်ပေးမှာကတော့ ဒါရိုက်တာ Mike Flanagan ရိုက်ကူးထားတဲ့ Horror , Thriller အမျိုးအစား ရုပ်ရှင်တကားဖြစ်တဲ့ “Ouija : Origin of Evil” ပဲ ဖြစ်ပါတယ်။ အဓိက သရုပ်ဆောင်တွေအနေနဲ့ Elizabeth Reaser ၊ Annalise Basso နဲ့ Lulu Wilson တို့ပဲ ဖြစ်ပါတယ်။

၁၉၆၇ ခုနှစ် လော့စ်အိန်ဂျယ်လိစ် နောက်ခံမြင်ကွင်းတွေနဲ့ ရုပ်ရှင်ကို စတင်ထားပြီး မုဆိုးမတယောက်ဖြစ်တဲ့ Alice ဟာ သူမရဲ့ သမီးနှစ်ယောက်အကူအညီနဲ့ နတ်ဝင်သည်ယောင် ဆောင်ရင်း ကလေးတွေကို ကျွေးမွေးပြုစု စောင့်ရှောက်နေသူတဦး ဖြစ်ပါတယ်။ သူမ အသုံးပြုတဲ့ စားပွဲနဲ့ ဖယောင်းတိုင်တွေဟာ ဟန်ပြသက်သက်သာဖြစ်ပြီး ဘယ်လိုဝိညာဉ်မျိုးမှ တကယ် ခေါ်ယူခဲ့ခြင်း မရှိတာပဲ ဖြစ်ပါတယ်။

တနေ့မှာတော့ သမီးကြီးဖြစ်သူ Lina ဟာ ညအိပ်ချိန်မှာ အိမ်ကနေ ခိုးထွက်ပြီး သူမ သူငယ်ချင်းတွေရှိရာ ပါတီတခုကို သွားရောက်ခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီပါတီမှာပဲ သူတို့ဟာ Ouija လို့ ခေါ်တဲ့ ဝိညာဉ်ခေါ်ဘုတ်ပြားနဲ့ ကစားဖို့ အကြံတခု ရရှိခဲ့ကြတာဖြစ်ပါတယ်။ Lina သူငယ်ချင်းရဲ့ အမေဟာ သူတို့ကစားနေတာကို လက်ပူးလက်ကြပ် မိသွားခဲ့ပြီး Alice ကို ပြန်လာခေါ်ဖို့ ဖုန်းဆက်ခဲ့တာပဲ ဖြစ်ပါတယ်။

ဝိညာဉ်ခေါ်ဘုတ်ပြားနဲ့ ကစားတဲ့အခါ စည်းကမ်း ၃ ခုကို လိုက်နာရပါတယ်။ “(၁) တယောက်တည်း မကစားရဘူး” ၊ “(၂) သင်္ချိုင်းမြေပေါ်မှာ မကစားရဘူး” ၊ “(၃) နှုတ်ဆက်စကား ဆိုရမယ်” ဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

Lina ပေးတဲ့အကြံကြောင့် Alice ဟာ သူမရဲ့အလုပ်မှာ အသုံးပြုဖို့ Ouija ကို ဝယ်ယူဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ အဲဒီ ဘုတ်ပြားကို Alice ရဲ့ သမီးငယ်ဖြစ်တဲ့ Doris က တယောက်တည်း ကစားခဲ့မိလိုက်တာဖြစ်ပြီး နောက်နေ့မှာပဲ Alice ဟာ ကျောင်းအုပ်ကြီးရဲ့ ခေါ်ယူတွေ့ဆုံခြင်းကို ခံရတော့တာပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် Alice ဟာ မသင်ရသေးတဲ့ သင်ခန်းစာရဲ့ အိမ်စာတွေကို ကြိုတင်ပြုလုပ်ပြီးစီးနေခဲ့လို့ပဲ ဖြစ်ပါတယ်။

ချောက်ချားစရာ ဝင်ရောက်ပူးကပ်မှုတွေကို တွေ့ရှိကြရမှာဖြစ်ပြီး Alice , Lina , Doris တို့ ဘယ်လို အန ္တရာယ်တွေကို ကြုံတွေ့ကြရမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ IMDb rating (6.1) ရရှိထားတဲ့ “Ouija : Origin of Evil” ကို ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

The post ဝိညာဉ်ခေါ်ဘုတ်ပြားနဲ့ နောက်ဆက်တွဲ အကျိုးရလဒ်များ “Ouija : Origin of Evil (2016)” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


သာလွန်မင်းလက်ထက် အမြင့်မင်းသားအရေးတော်ပုံ


စနေမင်း နှင့် တနင်္ဂနွေမင်း


''ပါဂျောင်မြေမှ အရိုးတွန်သံ'


လုလုအောင် HD အသစ်


TTA Oreo Gapp Installer


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)