Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဒါရိုက်တာတဦးအဖြစ် မြင်တွေ့ရဦးမယ့် မင်းသမီး Halle Berry

$
0
0

ဟောလိဝုဒ် မင်းသမီး Halle Berry ဟာ ကိုယ်တိုင် ထုတ်လုပ်ရေးမှူးနဲ့ သရုပ်ဆောင်အဖြစ် ပါဝင်မယ့် ကိုယ်ခံပညာအသားပေး ဒရာမာ “Bruised” ကို ပွဲဦးထွက် ဒါရိုက်တာ အနေနဲ့ ရိုက်ကူးပေးမှာ ဖြစ်ပြီး အဲဒီ ရုပ်ရှင်ဟာ လာမယ့် ၂၀၁၉ ခုနှစ် မတ်လမှာ စတင် ထုတ်လုပ်မယ်လို့ သိရပါတယ်။

အခြားထုတ်လုပ်သူတွေ အနေနဲ့ Thunder Road Pictures ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ Basil Iwanyk၊ Entertainment 360 နဲ့ and Linda Gottlieb တို့ ပါဝင်ကြပါတယ်။ အဆိုပါ ရုပ်ရှင်အတွက် Riverstone ကုမ္ပဏီက ငွေကြေး စိုက်ထုတ်ပေးမှာဖြစ်ပြီး Erica Lee က အမှုဆောင်ထုတ်လုပ်သူအဖြစ် ဆောင်ရွက်မှာ ဖြစ်ပါတယ်။

၆ နှစ် အရွယ် သားဖြစ်သူကို သူ့ရဲ့ မိခင်ထံ ထိန်းသိမ်းစောင့်ရှောက်ခွင့် ပြန်ပေးဖို့ အပေးအယူနဲ့ တက်သစ်စ MMA သိုင်းပေါင်းစုံ ဖိုက်တာတဦး ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေအကြောင်း ဇာတ်အိမ်တည်ရိုက်ကူးမယ့် အဆိုပါ ရုပ်ရှင်ကို Michelle Rosenfarb က ဇာတ်ညွှန်း ရေးသားပေးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် “John Wick” ရုပ်ရှင် ဇာတ်လမ်းတွဲ တွေအတွက် တိုက်ခိုက်ရေး ပြကွက်တွေကို ဖန်တီးတဲ့ အဖွဲ့နဲ့လည်း မင်းသမီး Berry က အလုပ်အတူ တွဲလုပ်မှာလည်း ဖြစ်ပါတယ်။

မင်းသမီး Berry ဟာ ၁၉၈၉ ခုနှစ်မှာ ထုတ်လွှင့်ခဲ့တဲ့ “Living Dolls” ဇာတ်လမ်းတွဲကနေ အနုပညာ လုပ်ငန်းတွေ စတင်လုပ်ကိုင်ခဲ့ပြီး ဒါရိုက်တာ Spike Lee ရဲ့ “Jungle Fever” ရုပ်ရှင်မှာ ပထမဆုံးအနေနဲ့ ပါဝင်ခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်မှာ ပြသခဲ့တဲ့ “Monster’s Ball” ရုပ်ရှင်နဲ့ အော်စကာဆု ရရှိတဲ့ ပထမဆုံး လူမည်းအမျိုးသမီး ဖြစ်လာခဲ့ပါတယ်။

မင်းသမီးဟာ ပြီးခဲ့တဲ့နှစ်မှာ ထွက်ရှိခဲ့တဲ့ “Kingsman: The Golden Circle” ရုပ်ရှင်နဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင် “Kidnap” မှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

လက်ရှိမှာတော့ “John Wick 3” ရုပ်ရှင်မှာ ပါဝင်သရုပ် ဆောင်နေပြီး ၁၉၈၅ ခုနှစ်မှာ နာမည်ကျော်ခဲ့တဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင် “Jagged Edge” ကို ပြန်လည် ရိုက်ကူးမယ့် ရုပ်ရှင်မှာတော့ အဓိကနေရာကနေ ပါဝင်ဦးမှာဖြစ်ပါတယ်။

မင်းသမီးဟာ WME နဲ့ Management 360 နဲ့ အလုပ်လုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။ ယခုသတင်းကို Deadline Hollywood က ပထမဆုံး ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

Ref: variety

The post ဒါရိုက်တာတဦးအဖြစ် မြင်တွေ့ရဦးမယ့် မင်းသမီး Halle Berry appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ