Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

သရုပ်ဆောင် ဟန်လင်းသန့် အနုပညာအလုပ်များ ဆက်လက် မလုပ်တော့တဲ့ အကြောင်းရင်း

$
0
0

“မိုးပန်းပွင့်ရဲ့ သင်္ကေတ”ရုပ်ရှင် ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင် ဟန်လင်းသန့်ဟာ ဇာတ်ကား မိတ်ဆက်ပွဲကို မလာရောက်ခဲ့ဘဲ ပျောက်နေကြောင်း “မိုးပန်းပွင့်ရဲ့ သင်္ကေတ” ရုပ်ရှင်ဇာတ်ကားကြီး Facebook Page ကနေ ကြေညာခဲ့ပါတယ်။

အဲဒီလို ကြေညာပြီးတဲ့နောက် မေရှင်းသန့်ဆိုတဲ့ Facebook အကောင့်ကနေ ဟန်လင်းသန့် ပျောက်ဆုံးနေခြင်း မဟုတ်ကြောင်း ပြန်လည် ဖြေရှင်း ရေးသားထားတာ တွေ့ရပါတယ်။

“ပထမဦးဆုံး ဟန်လင်းသန့်ကို အားပေးကြတဲ့ ပရိတ်သတ်များကို အထူး ကျေးဇူးတင်ရှိပါတယ်။ ဟန်လင်းသန့် ပျောက်ဆုံးနေခြင်း မဟုတ်ပါကြောင်း အသိပေးအပ်ပါတယ်” လို့ ရေးသား ထားပါတယ်။

“မိသားစုနဲ့ ယခုအချိန်ထိ အဆက်အသွယ် မပြတ်ပါဘူး။ မူးယစ်ဆေးဝါး ကိစ္စလည်း လုံးဝ မဟုတ်ပါဘူး။ ဆေးလိပ်တောင် ဟန်ကျပန်ကျ သောက်မပြတတ်တဲ့သူပါ။ သူဟာ အနုပညာ အလုပ်ကို ရူးသွပ်ခဲ့ပြီး ဒီ လမ်းကြောင်းပေါ် ရောက်အောင် သူ့ဘာသာသူ ကြိုးစားရုန်းကန်ခဲ့ရတာပါ။ ကျမတို့က သာမန် ဝန်ထမ်း မိသားစု ဖြစ်တဲ့အတွက် သူ့ဝါသနာကို ဘာတခုမှ မပံ့ပိုးပေးနိုင်ခဲ့ပါဘူး”

“မိဘတွေ မရှိကြတော့တဲ့ အတွက် သူ့ဝါသနာကို သူ့ဘာသာ ပြုစုပျိုးထောင်ခဲ့ရတာပါ။ သူ့အနေနဲ့ သူဝါသနာပါတဲ့ အနုပညာ အလုပ်ကို ဆက်မလုပ်တော့ဖို့ ဆုံးဖြတ်ခဲ့တာလည်း သူ့အတွက် အရမ်း ခက်ခဲပါတယ်။ မိသားစု ပံ့ပိုးမှု မရှိ၊ ဘာအထောက်အပံ့မှ မရှိ။ ဘာကျောထောက် နောက်ခံမှ မရှိ ဒီနေရာ အထိ လျှောက်လှမ်းခဲ့ရတဲ့ သူ့ဘဝက တကယ် ပင်ပန်းခက်ခဲခဲ့ပါတယ်။ အခုတော့ မောင်နှစ်မတွေ အတူတူ ပြန်နေထိုင်ပြီး ဒိုးတူဘောင်ဘက် လုပ်ကိုင်စားသောက်ကြဖို့ ဆုံးဖြတ်ခဲ့ကြတာပါ” လို့ မေရှင်းသန့် အကောင့်မှာ ရေးသားထားတာပါ။

“မိုးပန်းပွင့်ရဲ့ သင်္ကေတ” ရုပ်ရှင်ကား Facebook Page ကနေလည်း ယခုလို ဟန်လင်းသန့် ပျောက်ဆုံးနေကြောင်း တင်ခြင်းဟာ Production Team ကနေ စိတ်ပူပြီး ပို့စ် တင်ရခြင်းဖြစ်ကြောင်း၊ ဟန်လင်းသန့်ရဲ့ ဂုဏ်သိက္ခာကို ထိပါး၊ ညှိုးနွယ်လိုမှု လုံးဝ မရှိခဲ့ပါကြောင်း ရေးသားထားပါတယ်။

သရုပ်ဆောင် ဟန်လင်းသန့်ဟာ Mrtv-4မှ ထုတ်လွှင့်ခဲ့တဲ့ “ထာဝရမန္တလေး” ဇာတ်လမ်းတွဲမှ စတင်ကာ ပရိသတ် လက်ခံ အားပေးမှု ရရှိလာခဲ့ပြီး ရုပ်ရှင်ကားများ အနေနဲ့ “ဘယ်ရည်းစားကို အချစ်ဆုံးလဲ” ၊ “ချိုမြိန်သောလက်စားချေခြင်း” စတဲ့ ရုပ်ရှင်ကားတွေမှာ ပါဝင် သရုပ်ဆောင်ထားပါတယ်။

ဆက်စပ် သတင်းလင့်ခ်များ

ပျောက်ဆုံးနေတဲ့ သရုပ်ဆောင် ဟန်လင်းသန့်ကို တွေ့ရှိသူများအား ဆုကြေးပေးမည်ဟု ကြေညာ

ရွှေဝါရောင်တော်လှန်ရေးရဲ့ အငွေ့အသက်တွေ ပါဝင်တဲ့ “မိုးပန်းပွင့်ရဲ့ သင်္ကေတ” ရုပ်ရှင်

The post သရုပ်ဆောင် ဟန်လင်းသန့် အနုပညာအလုပ်များ ဆက်လက် မလုပ်တော့တဲ့ အကြောင်းရင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ