Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

သရုပ်ဆောင်ရွေးပွဲ လျှောက်သူတွေအတွက် ဇဏ်ခီရဲ့ အကြံပြုစကား

$
0
0

ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးမယ့် နောက်ထပ် ရုပ်ရှင်ဇာတ်ကားကြီး “Now & Ever” ရုပ်ရှင်အတွက် Central Base Productions ရဲ့ Facebook Page ကနေတဆင့် သရုပ်ဆောင် အသစ်တွေ ခေါ်ယူလျက်ရှိပါတယ်။

အဲဒီဇာတ်ကားမှာ သရုပ်ဆောင် ဇဏ်ခီလည်း ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်ကြမယ့် သရုပ်ဆောင်တွေ အတွက်ကို ဇဏ်ခီက အခုလို အကြံပြုစကား ဆိုထားပါတယ်။

”လျှောက်ဖို့ ပြင်ဆင်နေတဲ့သူတွေကို တခု ဝေမျှချင်တာက Casting ဆိုတာ သရုပ်ဆောင်ရွေးပွဲပါ။ သရုပ်ဆောင် ပြိုင်ပွဲ မဟုတ်ပါဘူး။ တကယ်လို့ အရွေး မခံရရင် စိတ်ဓာတ် မကျပါနဲ့။ ရွေးတဲ့သူတွေက ဇာတ်လမ်းထဲက ကာရိုက်တာနဲ့ လိုက်မလိုက်ကို အဓိက ကြည့်ကြတာပါ။ ကိုယ်ညံ့လို့ ကိုယ့်ကို မကြိုက်လို့ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိပါ” လို့ သရုပ်ဆောင် ဇဏ်ခီက ဆိုပါတယ်။

“ကြည်ကြည်လင်လင်နဲ့ လေးလေးစားစား ပြုမူပြောဆိုပါ။ ဒါပေမယ့် ကိုယ်ပိုင်ဟန် မပျောက်ပါစေနဲ့။ ကိုယ်ပိုင်ဟန် ရှိတဲ့သူတွေကို Casting ရွေးတဲ့သူတွေက ပိုပြီးတော့ စိတ်ဝင်စားတယ်။ သတိလည်း ထားမိတယ်။ အခုချက်ချင်း မဟုတ်တောင် နောက်နောင် project တွေမှာ ပါဖို့ အခွင့်အရေးတွေ ရနိုင်တယ်။ နောက်ဆုံးတခု ပြောချင်တာကတော့ ကျနော်တို့ဆီမှာက လှမှ၊ ချောမှ သရုပ်ဆောင် ဖြစ်နိုင်မယ်လို့ ထင်နေကြတယ်။ အဲဒီ အယူအဆကို မြောင်းထဲ လွှင့်ပစ်လိုက်ပါ”လို့ ဇဏ်ခီက ဆိုထားပါတယ်။

သရုပ်ဆောင် ဇဏ်ခီဟာ လက်ရှိမှာ သူ့ရဲ့ တတိယမြောက် ရုပ်ရှင် “Now & Ever” ဇာတ်ကား အတွက် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်နေသလို သရုပ်ဆောင်သစ်များ ရွေးချယ်မှုအတွက်လည်း ဇနီးဖြစ်သူ ဒါရိုက်တာ ခရစ္စတီးနားခီနဲ့အတူ လုပ်ကိုင်နေတာ တွေ့ရပါတယ်။

မင်းသား ဇဏ်ခီနဲ့ အတူ သရုပ်ဆောင်သစ်များ Casting ရွေးချယ်ကာ ပါဝင်ရိုက်ကူးခဲ့တဲ့ “မုဒြာရဲ့ခေါ်သံ” နဲ့ “ဥပါယ်တံမျဉ်” ရုပ်ရှင်တို့ဟာလည်း ယခုနှစ်အတွင်း ပရိသတ်တွေကြားမှာ ရေပန်းစား လူကြိုက်များခဲ့ပြီး ယခုအသစ် ရိုက်မယ့် “Now & Ever” ရုပ်ရှင်ဟာလည်း ဘယ်လိုပုံစံ ရိုက်ကူးဖန်တီးမှုတွေနဲ့အတူ ပွဲထွက်လာမလဲဆိုတာ ရင်ခုန်စွာနဲ့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

ဆက်စပ် သတင်းလင့်ခ်များ

“Now & Ever” ရုပ်ရှင်ကားအတွက် ခီမောင်နှံ သရုပ်ဆောင်သစ်များ ခေါ်ယူလျက်ရှိ

ပြောင်းလဲမှုကို လိုလားရင် “ဥပါယ်တံမျဉ်” ကို Share မလုပ်ဖို့ တောင်းဆိုလိုက်တဲ့ ဇဏ်ခီ

မင်္ဂလာသက်တမ်း ၁၂ နှစ်ပြည့်သွားပြီ ဖြစ်တဲ့ ခီမောင်နှံ

ဧရာဝတီ သတင်းဌာန ၂၅ နှစ်မြောက် အထိမ်းအမှတ်အတွက် ခီမောင်နှံ၏ ဆုတောင်းစကား

The post သရုပ်ဆောင်ရွေးပွဲ လျှောက်သူတွေအတွက် ဇဏ်ခီရဲ့ အကြံပြုစကား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)