Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

မင်းသား Hyun Bin ကို ဗီလိန်အဖြစ် မြင်တွေ့ရမယ့် “The Negotiation” ရုပ်ရှင်

$
0
0

ကိုရီးယားမင်းသား Hyun Bin နဲ့ မင်းသမီး Son Ye jin တို့ပါဝင်သရုပ်ဆောင်ထားကြတဲ့ သည်းထိတ်ရင်ဖို မှုခင်းရုပ်ရှင် “The Negotiation” ကတော့ ဘန်ကောက်မြို့မှာ အခြေစိုက်ပြီး နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ နိုင်ငံတကာလက်နက်ကုန်သည်အဖွဲ့ရဲ့ ဖမ်းဆီးခံထားရတဲ့ ဓားစာခံ နှစ်ဦးကို ကယ်တင်ဖို့ ကြိုးပမ်းရမယ့် ရဲတပ်ဖွဲ့ စေ့စပ်ညှိနှိုင်းရေးမှူး တဦးအကြောင်းကို ဇာတ်အိမ်တည် ရိုက်ကူးထားပါတယ်။

ဆိုးလ်မြို့၊ မက်ထရိုပိုလစ်တန် ရဲတပ်ဖွဲ့အေဂျင်စီမှာ ကျွမ်းကျင်အဆင့် စေ့စပ်ညှိနှိုင်းရေးမှူး တဦးဖြစ်တဲ့ Ha Chae Yoon (Son Ye Jin) ဟာ ကြင်ယာဖက် တွေ့ဆုံတဲ့နေ့မှာ ဓားစာခံတဦးကို ဖမ်းဆီးခဲ့တဲ့ ဖြစ်ရပ်တခုနဲ့ ကြုံတွေ့လိုက်ရတာနဲ့ ဇာတ်လမ်းကို စတင်ထားပါတယ်။

သွေးအေးတဲ့ စေ့စပ်ညှိနှိုင်းရေးမှူး Ha ကသူ စေ့စပ်ညှိနှိုင်းမှု လုပ်ငန်းစဉ် မပြီးဆုံးခင်မှာ ဓားစာခံနဲ့ ဖမ်းဆီးသူကို SWAT ရဲတပ်ဖွဲ့က ပစ်သတ်လိုက်တာကိုတွေ့လိုက်ရပြီးတဲ့နောက် ထိတ်လန့် တုန်လှုပ်သွားခဲ့ပါတယ်။

အဲဒီ ဖြစ်ရပ်အပြီး ၁၀ ရက်ကြာပြီးတဲ့နောက် ညှိနှိုင်းရေးမှူး Ha ကို ရဲတပ်ဖွဲ့အေဂျင်စီအကြီးအကဲက အမည်မသိတဲ့ နေရာတခုကို ခေါ်သွားခဲ့ပါတယ်။ အဲဒီနေရာက အခန်းတခုထဲ သူဟာ ကွန်ပျူတာ မော်နီတာတခုရဲ့ ရှေ့မှာ ထိုင်ရပြီး ဘေးမှာလည်း အစိုးရထိပ်တန်းအရာရှိတွေ၊ ရဲတပ်ဖွဲ့နဲ့ ထောက်လှမ်းရေးအရာရှိတွေ ရှိနေတာကို တွေ့လိုက်ရပေမယ့် ဘာတွေ ဖြစ်နေမှန်း သူမသိခဲ့ရပါဘူး။

မော်နီတာပေါ်မှာတော့ နိုင်ငံတကာ လက်နက်ဂိုဏ်းတခုက လက်နက်ကုန်သည် Min Tae Gu (Hyun Bin) ကို မြင်တွေ့ရပြီး သူက ဘန်ကောက်မြို့မှာ ကိုရီးယား ရဲအရာရှိတဦးနဲ့ ဂျာနယ်လစ် တဦးကို ဖမ်းဆီးထားပါတယ်။ အခုမှ Ha ကို ခေါ်လိုက်ရတဲ့ အကြောင်း ပေါ်လာပါပြီ။ လက်နက်ကုန်သည် Min က သူနဲ့ စေ့စပ်ညှိနှိုင်းဖို့အတွက် Ha ကို တောင်းဆိုခဲ့လို့ ဖြစ်ပါတယ်။

အဲဒီနောက် နောက်ဆုံးသတ်မှတ်ချိန် မတိုင်မီ ၁၂ နာရီပဲ ရရှိမယ့်အချိန် မော်နီတာပေါ်ကနေ ညှိနှိုင်းမှု စတင်ခဲ့ပါတော့တယ်။ အချိန်ကုန်လာတာနဲ့အမျှ Min ရဲ့ လျှို့ဝှက်ထားတဲ့ ရည်ရွယ်ချက်တွေ တဖြည်းဖြည်း ပေါ်လာပါတော့တယ်။

တက်သစ်စ ဒါရိုက်တာ Lee Jong-seok က ဇာတ်လမ်းကို လှည့်ကွက်၊ မြှုပ်ကွက်တွေနဲ့ ပုံဖော်ထားပြီး ပရိသတ်တွေကို အဆုံးသတ်အထိ ဆွဲခေါ်သွားဖို့ ကြိုးစားထားပါတယ်။ ဒါရိုက်တာ Lee ဟာ ၂၀၁၄ ခုနှစ်မှာ နာမည်ကျော်ခဲ့တဲ့ “Ode to My Father” ရုပ်ရှင်မှာ လက်ထောက် ဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်။ အဲဒီနောက် စီးပွားရေးအရ အောင်မြင်မှုရခဲ့တဲ့ “The Himalayas” လို့ိဆိုတဲ့ စွန့်စားခန်းရုပ်ရှင် အတွက်လည်း ဇာတ်ညွှန်းကိုရေးသားပေးခဲ့ပါတယ်။

အခုရုပ်ရှင်အသစ်မှာတော့ ဓားစားခံဖမ်းထားရတဲ့ အခြေအနေနဲ့ စတင်ထားပြီး ဖမ်းဆီးခံထားရတဲ့ ဓားစားခံတွေကို သတ်ပစ်မယ်လို့ မော်နီတာပေါ်ကနေ ခြိမ်းခြောက်တဲ့ တင်းမာမှု အခြေအနေတွေကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။

လက်နက်ကုန်သည် Min က ဓားစားခံတွေကို ဖမ်းထားရတဲ့ အကြောင်းအရင်းက ဘာများဖြစ်မလဲ။ ဒီအခက်အခဲကိုရော စေ့စပ်ညှိနှိုင်းရေးမှူး Ha ကဘယ်လို ကျော်ဖြတ်မလဲဆိုတာကို ဇာတ်လမ်းထဲမှာ ကြည့်ရှုနိုင်ပါတယ်။ JK Film က ထုတ်လုပ်ထားတဲ့ အဲဒီရုပ်ရှင်ကိုတော့ စက်တင်ဘာလ ၁၉ ရက်နေ့မှာ ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။

Ref:Yonhap

The post မင်းသား Hyun Bin ကို ဗီလိန်အဖြစ် မြင်တွေ့ရမယ့် “The Negotiation” ရုပ်ရှင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)