Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ကမ္ဘာကျော် အဆိုတော်တွေရဲ့ သူတို့ မသိစေချင်တဲ့ အကြောင်းအရာများ

$
0
0

ကမ္ဘာကျော် အဆိုတော်တွေမှာလည်း ရင်ဆိုင်နေရတဲ့ ပြဿနာတွေ ရှိတယ်ဆိုရင် နည်းနည်း ထူးဆန်းနေမလား။ နေရာတကာမှာ သူတို့သီချင်းတွေ၊ နေရာတကာမှာ သူတို့ မျက်နှာတွေချည်း မြင်တွေ့နေရလို့ သူတို့မှာ ဘာပြဿနာမှ မရှိဘူးလို့ မထင်လိုက်ပါနဲ့။

မြန်မာနိုင်ငံက အနုပညာလောကလိုပဲ သူတို့မှာလည်း ပြဿနာတွေနဲ့ သင့်ကို သူတို့က မသိစေချင်တဲ့ အကြောင်းတွေ ရှိပါတယ်။ ဒါကြောင့် ဒီတခါမှာ ကမ္ဘာကျော် အဆိုတော်တွေရဲ့ ပြဿနာတွေနဲ့ သူတို့က သင့်ကို မသိစေချင်တဲ့ အကြောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) သူတို့ဟာ ကိုယ်တိုင် သီချင်းမရေးတာ များပါတယ်

နာမည်ကျော် အဆိုတော် တော်တော်များများဟာ ကိုယ်တိုင် သီချင်း မရေးကြပါဘူး။ သင့်စိတ်ထဲမှာတော့ သူတို့ဟာ သီချင်းတွေရေးလိုက် တီးလိုက်နဲ့ ခက်ခက်ခဲခဲ ဖန်တီးနေရတယ်လို့ ထင်အောင် ပြုလုပ်လေ့ရှိပါတယ်။ ဒါပေမယ့် အများစုက အဲ့လို မဟုတ်ကြပါဘူး။ တချို့အဆိုတော်တွေဆိုရင် ဘာမှ ပင်ပင်ပန်းပန်း အားထုတ်လေ့ မရှိဘဲ အသံသွင်းခါနီးမှ စတူဒီယိုကို ရောက်လာတာမျိုးတွေတောင် ရှိတယ်လို့ CBS သတင်းမှာ ဖော်ပြထားဖူးပါတယ်။

(၂) Music Video တွေမှာ ရိုက်ပြထားတာတွေက အစစ်အမှန်တွေ မဟုတ်ပါဘူး

တချို့ Metal အဆိုတော်တွေဟာ စေတန်ကို ကိုးကွယ်ပုံတွေ၊ ကိုယ့်ကိုယ်ကို အမှောင်လောကမှာ ရှိသူတွေလို နေတတ်ကြပေမယ့် ဒါတွေဟာ သူတို့ရဲ့ အနုပညာဖန်တီးမှု သက်သက်ပါပဲ။ Music Video တွေရဲ့ အပြင်ဖက်မှာတော့ သူတို့ဟာ ဘာသာတရား ကိုင်းရှိုင်းသူတွေ ဖြစ်နေတတ်ပါတယ်။ Hip Hop အဆိုတော်တွေဟာလည်း သူတို့ အကြောင်း ကောင်းသတင်းတွေ လွှင့်တတ်ကြပေမယ့် သတင်းတော်တော်များများဟာ အစစ်အမှန် သိပ်မပါကြပါဘူး။

(၃) သူတို့ဟာ သီချင်းဆိုတာကလွဲလို့ ကျန်တာတွေက ပိုက်ဆံရကြပါတယ်

တကယ်လို့သာ သင်က ပိုက်ဆံလိုချင်လို့ သီချင်းဆိုဖို့ စိတ်ကူးနေတယ်ဆိုရင်တော့ သိပ်စိတ်ကူးတွေ သဲထဲရေသွန်ဖြစ်ဖို့က သေချာနေပါပြီ။ ဘာလို့လဲဆိုရင် ကမ္ဘာကျော် အဆိုတော်တွေတောင်မှပဲ သီချင်းဆိုပြီး ပိုက်ဆံရှာရခက်တယ်လို့ ဖွင့်ပြောထားကြလို့ပါ။

တကယ်တော့ သူတို့ဟာ ပိုက်ဆံကို ဖျော်ဖြေရေး ခရီးထွက်ခြင်းတွေက ရတာ များပါတယ်။ ဒါကလည်း လုံလုံလောက်လောက် မဟုတ်ပြန်ပါဘူး။ သူတို့ဟာ ရေမွှေး၊ အလှကုန်ပစ္စည်း၊ အဝတ်အစား စတာတွေကို ရောင်းချတာကြောင့်သာ ပိုက်ဆံများများ ဝင်ကြတာ ဖြစ်ပါတယ်။

(၄) တေးရေးဆရာတွေဟာ ပိုက်ဆံ မရကြပါဘူး

တေးရေးဆရာ တော်တော်များများဟာ ပိုက်ဆံ သေချာ မရကြပါဘူး။ အခုနောက်ပိုင်း အင်တာနက်ကို လူတိုင်း အသုံးပြုကြတဲ့ နောက်မှ တေးရေးဆရာတွေရဲ့ ဘဝက ပိုခက်ခဲလာပါတယ်။ You Tube မှာ ကြည့်ရှုသူများရင် အဆိုတော်အတွက် ပိုက်ဆံဝင်ပေမယ့် တေးရေးတွေကတော့ ရရှိခြင်း မရှိဘူးလို့ သိရပါတယ်။

ဂျက်စတင်ဘီဘာရဲ့ “As Long As You love Me” သီချင်းဟာ YouTube မှာ ကြည့်ရှုသူ ၃၄ မီလီယံ ရှိပြီး အဆိုတော် ဂျက်စတင်ဘီဘာက ပိုက်ဆံတွေ သန်းနဲ့ချီ ရခဲ့ပေမယ့် တေးရေးဆရာကတော့ အရစ်ကျနဲ့ ဝယ်ရတဲ့ ကားကိုတောင် အနိုင်နိုင် ဝယ်ခဲ့ရတယ်လို့ သိရပါတယ်။

Ref; grunge.com

The post ကမ္ဘာကျော် အဆိုတော်တွေရဲ့ သူတို့ မသိစေချင်တဲ့ အကြောင်းအရာများ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ