Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

Cardi B ကြောင့် အရှက်ကွဲရတယ်ဆိုတဲ့ Nicki Minaj

$
0
0

စက်တင်ဘာလ ၇ ရက်နေ့ သောကြာနေ့က ပြုလုပ်ခဲ့တဲ့ New York Fashion week ရဲ့ ပါတီမှာ Cardi B ရဲ့ အော်ဟစ်ပြီး ရန်ဖြစ်ကာ လုံးထွေးသတ်ပုတ်မှုကြောင့် အရှက်တကွဲ ဖြစ်ခဲ့ရတယ်လို့ Nicki Minaj က ရေဒီယိုအင်တာဗျူးတခုမှာ ပြောဆိုခဲ့ပါတယ်။

Nicki Minaj ဟာ Cardi B ရဲ့ ကလေးအုပ်ထိန်းမှုကို ဝေဖန်ခဲ့တယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။ ရေဒီယိုက အင်တာဗျူး မှာတော့ Nicki Minaj က သူမဟာ ဘယ်မိသားစုကိုမှ ဝင်ရောက်စွက်ဖက်လေ့မရှိကြောင်း၊ ကိုယ်သားသမီးကို ကြိုက်သလိုပြုစုပျိုးထောင်ခွင့်ရှိကြောင်းနဲ့ သူမကို အဲ့လို စွပ်စွဲတဲ့အတွက် ဝမ်းနည်းရကြောင်း ပြောဆိုခဲ့ပါတယ်။

Cardi B ဟာ သူမရဲ့ ကလေးကို ဇူလိုင်လက မွေးဖွားထားသူဖြစ်ပါတယ်။ သူမဟာ အမေရိကန် Rapper တဦးဖြစ်တဲ့ Offset နဲ့ ၂၀၁၇ ခုနှစ် စက်တင်ဘာလက လျှို့ဝှက်စွာ လက်ထပ်ထားပါတယ်။

ဒီ အမျိုးသမီးအဆိုတော် ၂ ယောက်ကြားက အစိုင်အခဲဟာ ဖြစ်ပွားနေတာကြာပြီဆိုပေမယ့် သောကြာနေ့က Fashion ပွဲရောက်မှသာ ကိုယ်ထိလက်ရောက်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ Cardi B ဟာ Nicki Minaj အနားကိုသွားပြီး “လိမ်ညာနေတဲ့ Nicki” လို့ အော်ဟစ်ခဲ့တယ်လို့ Celebrities website တခုက ရေးသားခဲ့ပါတယ်။

Cardi B ဟာ Nicki Minaj ကို သူစီးလာတဲ့ ဖိနပ်နဲ့ပေါက်ခဲ့ပြီး Nicki Minaj ကလည်း ပြန်လည်ထုရိုက်ခဲ့ပါတယ်။ လုံခြုံရေးတွေ ရောက်လာလို့ ရန်ပွဲဟာ မြန်မြန်ပြီးခဲ့ပေမယ့် Nicki Minaj ကတော့ Cardi B ကြောင့် အရှက်ကွဲခဲ့ရတယ်လို့ ဆိုပါတယ်။ Cardi B ကတော့ နဖူးမှာ ဒဏ်ရာရခဲ့ပါတယ်။

သူတို့ နှစ်ဦးဟာ ၂၀၁၇ ခုနှစ်တွေမှာ အရမ်းတည့်ခဲ့ကြပြီး Twitter မှာ Comment တွေ အပြန်အလှန်ပေးကာ ရင်းနှီးမှု ရခဲ့ကြပြီးနောက် ၂ ယောက်တွဲ သီချင်းတွေ လုပ်ခဲ့ပါသေးတယ်။ အခု ပွဲမှာ ကြီးကြီးကျယ်ကျယ် ရန်ဖြစ်ခဲ့ပြီးနောက်ပိုင်း သူတို့ ၂ ယောက်ဟာ Twitter စာမျက်နှာတွေမှာလည်း အချင်းချင်း စောင်းမြောင်းရေးသားနေကြပါတယ်။

Ref;BBCentertainments

The post Cardi B ကြောင့် အရှက်ကွဲရတယ်ဆိုတဲ့ Nicki Minaj appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)